☺ ☺ ☺ မင်္ဂလာပါ ဘ၀နဲ့ ဆန္ဒ တစ်ထပ်တည်းကြပါစေ ☺ ☺ ☺

^☺^☺^☺^☺^☺^☺^ ဖရက်စ် သီချင်းများ ^☺^☺^☺^☺^☺^☺^

Album ---{ 1 }

စဉ်

( ၁ )

( ၂ )

( ၃ )

( ၄ )

( ၅ )

( ၆ )

( ၇ )

( ၈ )

( ၉ )

( ၁၀ )

သီချင်းခေါင်းစီး

ကြေကွဲရလိမ့်မယ်

နှလုံးသားချင်းထိခဲ့တယ်

ငါ့ရဲ့အနား

မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး

နွေဦးကဗျာ

ဖူးစာရှင်

WAKA WAKA 2010

ကျေးလက်တောတန်း

ကိုယ်ရံတော်

ရိုးသားချင်တယ်

သီဆိုသူ

L ဆိုင်းဇီ

လင်းနစ်

ဒို ရေ မီ

မာရဇ္ဇ

ကြိုးကြာ

နေနေ

Shakia

ထွဏ်းခမ်း

ရွှေရည်ဖြိုးမောင်

ဆုန်သင်းပါရ်

Album ---{ 2 }

စဉ်

( ၁၁ )

( ၁၂ )

( ၁၃ )

( ၁၄ )

( ၁၅ )

( ၁၆ )

( ၁၇ )

( ၁၈ )

( ၁၉ )

( ၂၀ )

သီချင်းခေါင်းစီး

ဗုဒ္ဓံ ဓမ္မံ သံဃံ

သူငယ်ချင်း

အချစ်မြှား

တစ်သက်လုံးအတွက်

ဘယ်တော့မှမမေ့

တွဲလက်များ

ပထမဆုံးချစ်သူ

မဟာ ( ၁ )

မျှော်လင့်ရင်းနဲ့

ငါ့ရင်ခွင်ကို

သီဆိုသူ

စိုးပိုင်

ညဏ်လင်းအောင်

ဗန်းသော့ဒ်ကျင်း

စိုင်းလိတ်

မင်းမင်း ၊ သီရိခင်ဇော်

ထူးအယ်လင်း ၊ မီးမီးခဲ

စန္ဒီ

ဇော်ဝင်းထွဋ်

ရှင်ဖုန်း ၊ N ကိုင်ရာ

ဇော်ဝင်းထွဋ်

Album ---{ 3 }

စဉ်

( ၂၁ )

( ၂၂ )

( ၂၃ )

( ၂၄ )

( ၂၅ )

( ၂၆ )

( ၂၇ )

သီချင်းခေါင်းစီး

ဝဋ်ကြွေး

အချစ်ရိပ်ညနေ

မျက်နှာ

ကာရံမဲ့အချိန်များ

တကယ်ပဲလဲ နင်မချစ်ပဲနဲ့

ချစ်သူ့အနား

ကြွေလွင့်ရတော့မယ်

သီဆိုသူ

ဇော်ဝင်းထွဋ်

ဝိုင်းစုခိုင်သိန်း

အိုင္အမ္ဘီ

ဝိုင်ဝိုင်း

ချမ်းချမ်း

ဘန်နီဖြိုး

အိမ့်ချစ်

Wednesday, December 10, 2008

ဆုံနိုင်ခွင့်...။


အဝေးပြေးကား တစ်စီးကို
စောင့်နေတဲ့ မိုးရေစက်တွေလိုပဲ
ဒီ........ နှစ်ထဲမှာ
ငါ့အတွေးတွေ မင်းနဲ့အတူ
လေလွှင့်နေခဲ့တယ်...။

မိုးရေနဲ့အတူကျဆင်းခဲ့တဲ့
ငါ့မျက်ရည်ကိုမင်း မမြင်ခဲ့တာ
ရင်နာစရာလား ကြေကွဲရမလား
ဒါပေမယ့် အပြစ် မဆိုရက်ပါဘူး
ငါ့ရဲ့ အားနည်းချက်က
သိပ်ချစ်မိနေလို့လေ...။

ဒီ တိမ်ညိုတွေအောက်မှာ
လေလွှင့်ရင်းနဲ့ မင်းပါးပြင်ကို
မိုးစက်နဲ့အပြိုင် နမ်းခဲ့ဖူးတဲ့
တဒင်္ဂ အဖြစ်အပျက်တွေဟာ
မင်းအတွက် အမှတ်ရနေအုံးမလား...။

ဇွန်လှိုင် မိုးရေထဲ
ငါ မင်းနဲ့အတူ လေလွှင့်တဲ့ရက်က
ဒီနေ့ဆို ဒီဇင်ဘာတောင်ရောက်ခဲ့ပြီ
နောက်လ.....ဆိုရင်
ကမ္ဘာက အသိမှတ်ပြုတဲ့
၂၀၀၉ ဆိုတဲ့နယူရီးယား ရောက်တော့မယ်
မင်းအနမ်းနဲ့ နှစ်သစ်မှာ
ငါတို့ရဲ့ ချစ်ခြင်းတွေ
ဝေးဆာနိုင်ခွင့် ရှိအုံးမလား.......။
မိုးရာသီ စက်ဝန်းထဲက
အနမ်းတစ်ခုကို ခုချိန်ထိတိုင်အောင်
ငါ...........
လေလွှင့်ရင်းနဲ့ ဆုံနိုင်ခွင့်လေးကို
မျှော်လင့်နေဆဲပါ ချစ်သူ.....။ ။

2 ယောက်ဒီလိုပြောသွားတယ်:

soneseeyar said...

မင်္ဂလာပါအစ်ကို..

*အဘယ်ကူလို့ လှပါလိမ့်*

နှင်းပွင့်နှင်းစက်
ငွေရည်စွက်လို့
တစ်စက်တစ်ပွင့်
ရွေ့ရွေ့လွင့်သည်
ငွေ့ငွေ့တင့်တဲ့ ဟေမာန်ချိန်။

ရွှေရည်လွှမ်းသည့်
နေခြည်ဖျန်းပက်
သဇင်ခက်လည်း
တစ်စက်ချင်းပြို
ငွေရည်ငိုလို့
စိုစိုပြေပြေ တင့်နေချိန်။

စိမ်းညို့မှိုင်းပြ
တောင်တန်းလှလည်း
လွလွလွှမ်းခြုံ
မြူရစ်ထုံလို့
အစွမ်းကုန်အောင် လှနေချိန်။

ထိုစဉ်ထိုခါ
လေပြည်လာ၍
ပွင့်လွှာပန်းရုံ
လေငွေ့လှုံသည်
ထုံထုံအီအီ ပျံ့သင်းချိန်။

သို့ပင်ရှိငြား
မောင့်အပါးမှာ
သက်ထားမရှိ
လွမ်းအားငြိတော့
မချိရင်ပူ
ဘ၀င်ဆူခဲ့
အဘယ်ကူလို့ လှပါလိမ့်။ ။

လေးစားစွာဖြင့်
ဖိုးသား တစ်ဖြစ်
ပြည့်စံအောင်

08.12.2008, MON:, 06:26:20 pm
pyaesoneaung2007@gmail.com

တောသားကြီး said...

အစ်ကိုရေ ကျွန်တော့်ဘလော့မှာရေးထားတဲ့ ပတ္တမြားမြေသို့လွမ်းချင်းဆိုတဲ့နာမည်က အစ်ကိုဘလော့လေးကပုံနာမည်လေးကို ကြည့်ပြီး သတိရ တိုက်ဆိုင်သွားလို့ပေးဖြစ်သွားတာ နာမည်ကိုယူသုံးသလိုဖြစ်သွားရင် တောင်းပန်တယ်နော် အခုတလောက အဲဒီလိုပိုင်ရှင်မသိပဲယူသုံးတဲ့ကိစ္စတွေ ဖြစ်နေလို့ တော်ကြာ ကျွန်တော်ပါ ပါသွားမှာစိုးလို့ပါ ဟီး