☺ ☺ ☺ မင်္ဂလာပါ ဘ၀နဲ့ ဆန္ဒ တစ်ထပ်တည်းကြပါစေ ☺ ☺ ☺

^☺^☺^☺^☺^☺^☺^ ဖရက်စ် သီချင်းများ ^☺^☺^☺^☺^☺^☺^

Album ---{ 1 }

စဉ်

( ၁ )

( ၂ )

( ၃ )

( ၄ )

( ၅ )

( ၆ )

( ၇ )

( ၈ )

( ၉ )

( ၁၀ )

သီချင်းခေါင်းစီး

ကြေကွဲရလိမ့်မယ်

နှလုံးသားချင်းထိခဲ့တယ်

ငါ့ရဲ့အနား

မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး

နွေဦးကဗျာ

ဖူးစာရှင်

WAKA WAKA 2010

ကျေးလက်တောတန်း

ကိုယ်ရံတော်

ရိုးသားချင်တယ်

သီဆိုသူ

L ဆိုင်းဇီ

လင်းနစ်

ဒို ရေ မီ

မာရဇ္ဇ

ကြိုးကြာ

နေနေ

Shakia

ထွဏ်းခမ်း

ရွှေရည်ဖြိုးမောင်

ဆုန်သင်းပါရ်

Album ---{ 2 }

စဉ်

( ၁၁ )

( ၁၂ )

( ၁၃ )

( ၁၄ )

( ၁၅ )

( ၁၆ )

( ၁၇ )

( ၁၈ )

( ၁၉ )

( ၂၀ )

သီချင်းခေါင်းစီး

ဗုဒ္ဓံ ဓမ္မံ သံဃံ

သူငယ်ချင်း

အချစ်မြှား

တစ်သက်လုံးအတွက်

ဘယ်တော့မှမမေ့

တွဲလက်များ

ပထမဆုံးချစ်သူ

မဟာ ( ၁ )

မျှော်လင့်ရင်းနဲ့

ငါ့ရင်ခွင်ကို

သီဆိုသူ

စိုးပိုင်

ညဏ်လင်းအောင်

ဗန်းသော့ဒ်ကျင်း

စိုင်းလိတ်

မင်းမင်း ၊ သီရိခင်ဇော်

ထူးအယ်လင်း ၊ မီးမီးခဲ

စန္ဒီ

ဇော်ဝင်းထွဋ်

ရှင်ဖုန်း ၊ N ကိုင်ရာ

ဇော်ဝင်းထွဋ်

Album ---{ 3 }

စဉ်

( ၂၁ )

( ၂၂ )

( ၂၃ )

( ၂၄ )

( ၂၅ )

( ၂၆ )

( ၂၇ )

သီချင်းခေါင်းစီး

ဝဋ်ကြွေး

အချစ်ရိပ်ညနေ

မျက်နှာ

ကာရံမဲ့အချိန်များ

တကယ်ပဲလဲ နင်မချစ်ပဲနဲ့

ချစ်သူ့အနား

ကြွေလွင့်ရတော့မယ်

သီဆိုသူ

ဇော်ဝင်းထွဋ်

ဝိုင်းစုခိုင်သိန်း

အိုင္အမ္ဘီ

ဝိုင်ဝိုင်း

ချမ်းချမ်း

ဘန်နီဖြိုး

အိမ့်ချစ်

Friday, February 15, 2008

အမှောင်ထဲက အလင်းတစ်ပွင့်

ကျွှန်တော်ရရှိ ပိုင်ဆိုင်ခဲ့တဲ့ ဘ၀တစ်ခုမှာ တွေ့ကြုံခဲ့ဖူးတဲ့ အတွေ့ အကြုံများနဲ့ ဖတ်ထားခဲ့ဖူးတဲ့ စာပေ ၊ မှတ်သားထာခဲ့တဲ့ အသိတွေကို ဖွင့်အန်ပြချင်တဲ့ ဆန္ဒလေး ဖြစ်ပေါ်လာလို့ ဒီစာပိုဒ်လေးကို ရေသားရင်ဖွင့် လိုက်ပါတယ်ဗျာ.....။ ကိုယ့်ကိုယ်ကိုယ်.. အားငယ် နေချိန်တွေမှာ ၊ ကျွှန်တော့်ရဲ့ စိတ်ကို အားအင်တွေ ဖြစ်စေခဲ့တဲ့ ၊ ကျွှန်တော့် စိတ်ဓာတ်တွေ လေလွှင့်ပျက်စီး မသွားအောင် ဖေးမှပေးခဲ့တဲ့ အသိတရား တစ်ချို့ပါ ။ ခုကျွှန်တော်ပြောတာတွေဟာ သူငယ်ချင်းတို့ရဲ့ အယူအဆနဲ့ လွဲကောင်းလွဲ နိုင်ပါတယ် ၊ လွဲနေတယ်ဆိုရင်လဲ ဒါတွေဟာ ကျွှန်တော့် ခံယူချက် သက်သက်တွေပါလို့ နာလည်းထား ပေးပါဗျာ ။ ပထမဦးဆုံး ရင်ဖွင့်ခြင်တာကတော့ ကျွှန်တော်တို့ လူတွေ တော်တော်များများဟာ အလွယ်တကုစိတ်ရဲ့ ဦးဆောင်မူ့တွေကိုပဲ လုပ်နေတတ်ပါတယ် ၊ဒီလို လုပ်နေရင်းနဲ့ ကြာတော့ လူညံ့အဖြစ် ၊ ဖြစ်မှန်းမသိဖြစ်လာ တတ်ပါတယ် မတ်တပ်ရပ်နေမှာလား ၊ ထိုင်နေမှာလားဆိုရင် ထိုင်နေတာကို ပိုပြီးနှစ်သက် ကြပါတယ် ။ ထိုင်နေမှာလား လှဲနေမလားဆိုရင် ၊ လှဲနေတာကို ပိုပြီးနှစ်သက်ပါတယ် ၊ အလုပ်လုပ်မှာလား နားမလားဆိုရင် နားနေတာကိုပိုပြီး နှစ်သက်ကြပါလိမ့်မယ် ။ ဒါတွေဟာ အလွယ်တကူစိတ်၇ဲ့ စေ့ဆော်မူ့တွေပါ ၊ အလွယ်တစ်ကူစိတ်ရဲ့ စေ့ဆော်မူ့တွေကိုပဲ လိုက်ပြီးလုပ်နေမယ်ဆိုရင် အချိန်ကြာလာတာနဲ့ အမျှ '' လူပျင်း '' ၊ '' လူညံ့ '''' လူပျော့ '' ၊ ဖြစ်လာပါလိမ့်မယ် ၊ ဒီလိုမဖြစ်အောင် ကိုယ်မလုပ်ချင်တဲ့ အလုပ်ကို ကိုယ့်ကိုယ်ကိုယ် အမိန့်ပေးပြီးစေခိုင် ရပါတယ် ၊ ဒါဟာ စိတ်လေ့ကျင့်ခန်း တစ်မျိုးပဲ ဥပမာ ပျင်းစရာကောင်းတဲ့ စာအုပ်ကို မဖတ်ချင်ဘူးပေါ့ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်ဆုံးမပြီး အဲ့ဒီပျင်းစရာကောင်းတဲ့ စာအုပ်ကို မပြီးပြီးအောင် ဖတ်မယ် ဆိုပြီး ဖတ်ပါ ၊အလုပ်လုပ် ဖို့ငြီးငွေ့တဲ့အခါ အနားယူချင်တာ သဘာဝပါပဲ ဒါပေမယ့် အနားမယူဘူးဆိုပြီး ပျင်းတဲ့စိတ်ကို အနိုင်အထက် လုပ်ယူပြီး နှိပ်ကွပ်ပါနော် ၊ ဒါဟာစိတ်ရဲ့ လေ့ကျင့်ခန်းပါပဲ ၊ လုပ်ခါစမှာတော့ အခက်အခဲ ရှိနိုင်တာပေါ့ဗျာ..ဒီလို လုပ်ရင်းလုပ်ရင်းနဲ့ နောက်ဆိုရင် ကိုယ်က စိတ်ကို သတိထားစရာတောင် မလိုပဲ သူ့ဘာသာသူ လုပ်သွားပါတယ် ၊ ပြောရင်းနဲ့ သတိရလာတဲ့ အဆိုအမိန့် လေးတစ်ခုကို ပြန်ဖောက်သည် ချလိုက်ပါအုံးမယ်........ဗျာ။
သင့်အတွေးတွေကို သတိထားပါ.......၊ သူတို့ကစကားလုံးတွေဖြစ်လာတယ်.....။
သင့်စကားလုံးတွေကို သတိထားပါ....၊ သူတို့ကလှုပ်ရှားမူ့တွေဖြစ်လာတယ်....။
သင့်လှုပ်ရှားမူ့တွေကို သတိထားပါ...၊ သူတို့က အလေ့အထတွေဖြစ်လာတယ်.။
သင့်အလေ့အထတွေကို သတိထားပါ.၊ သူတို့က စရိုက်တွေဖြစ်လာတယ်.........။
သင့်စရိုက်တွေကို သတိထားပါ.........၊ သူတို့ ကသင့် ကံကြမ္မာဖြစ်လာတယ်....။
သူငယ်ချင်းတွေထဲက ဒါကို သိပြီးတား ဖြစ်ချင်ဖြစ်နေမှာပါ သိပြီးတားဆိုလဲ ပြန်လည်အမှတ်ရအောင် သတိပေးတယ်လို့ သဘောထားပြီး မသိသေးဘူးဆိုရင်လဲ သိသွားအောင်ပေါ့ဗျာ.. နောက်ပြီး ကိုယ်နဲ့ဆက်ဆံရတဲ့ လူမူ့အသိုင်းအ၀ိုင်းမှာ ကိုယ့်ဘ၀ အဆင့်အတန်းကို တကယ်မြင့်မားအောင် လုပ်ချင်တယ်ဆိုရင် သတိနဲ့နေတတ်တဲ့ အလေ့အကျင့်ကို လုပ်နေမှ ၊ ကိုယ့်စိတ်ကိုယ်သိနေမှ ၊ ထိန်းချုပ်နှိင်မှ ၊ အမှားအမှန်ကို ခွဲးခြားနိုင်မှာ ဖြစ်တယ်ဘယ်လိုအလုပ်မျိုးမဆို အမှားအမှန်ကို ခွဲခြားပြီးလုပ်နိုင်မှသာလျှင် လူတွေ လေးစားလောက်တဲ့ အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်နိုင်မှာပေါ့ဗျာ..... နောက်ပြောခြင်တာ တစ်ခုကတော့ ပြသာနာတစ်ခုနဲ့ ကြုံတိုင်းကြုံ့တိုင်း ရှောင်ဖယ်မပြေးပဲ နည်းမှန်လမ်းမှန်နဲ့ ရင်ဆိုင် ဖြေရှင်းသွားမယ်ဆိုရင် ဖြစ်ပေါ်နေတဲ့ ပြသာနာပင်လျှင် ကိုယ့်ဘ၀အတွက် ကြီးပွားရာကြီးပွားကြောင်းနဲ့၊ အသိညဏ်ရော စိတ်ဓာတ်ကိုပါ တိုးတက်ရာ တိုးတက်ကြောင်း အထောက်အကူဖြစ် လာတတ်ပါတယ်။ သတိထားရမှာက ပြသာနာတိုင်းမှာ ရန်လည်မလိုဘူး ၊ ထွက်လည်းမပြေးဘူး ၊ အနိုင်လည်းမယူ အရှူံးလည်း ပေးစရာမလိုပဲ အခြားတစ်နည်းနည်းနဲ့ ပြေလည်အောင်လုပ်လို့ ရတယ်ဆိုတာကို မမေ့ဖို့ပါပဲ။ ဒါပေမယ့် ကိုယ့်ဘ၀မှာ အခက်အခဲ တစ်ခုခု <သို့>ဒုက္ခတစ်ခုခုကို ထပ်ခါထပ်ခါ ကြုံနေရင် ကိုယ်တခုခုမှားနေပြီးလို့ သိလိုက်ပါနော်...စိတ်နေစိတ်ထား ဖြစ်ချင်ဖြစ်မယ် ၊ ပြောပုံဆိုပုံ ဖြစ်ချင်ဖြစ်မယ် ၊ လုပ်ပုံကိုင်ပုံ မှားနေတာလဲဖြစ်နိုင်တယ် မလုပ်သင့်တာကို လုပ်နေလိုဖြစ်မယ် မတွေးသင့်တာကို တွေးနေလို့ဖြစ်တတ်တယ်...ဒီလိုဖြစ်နေပြီဆိုရင် ကိုယ်ကြုံတွေ့နေရတဲ့ ဒုက္ခတွေက အမှားပြင်ပါလို့ ကိုယ့်ကိုယ် ပြောပြနေတယ်ဆိုတာ ကိုမမေ့ပါနဲ့..နောက်ဆုံး ရှင်းရှင်းပြောရမယ်ဆိုရင် ၊ အခြေအနေကို ကိုယ်က မပြောင်းနိုင်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ်ပဲ ပြုပြင်ပြောင်းလဲမှ ဖြစ်တော့မယ် ၊ ကိုယ့်စိတ်ထားနဲ့ လုပ်ပုံကိုင်ပုံတွေကို မပြောင်းနိုင်သေးဘူးဆိုရင် ကိုယ်ကြုံတွေ့နေကြ အခက်အခဲ တွေကိုပဲ တွေ့ကြုံနေရ အုံးမှာပါပဲ....အရေးကြီးတာ ကတော့ ဖြစ်ချင်တာတွေမဖြစ် ၊ မဖြစ်ချင်တာတွေဖြစ်တတ်တဲ့ လောကကြီကို ခံနိုင်ရေရှိအောင် ကြိုးစာထားဖို့ ပါပဲဗျာ........ဒီခုလို နှလုံးသွင်းထား နိုင်မယ်ဆိုရင် လောကကြီးမှာ လျှောက်လှမ်းရတာ စိတ်ချမ်းသာလာပြီး ၊ လူတိုင်းနဲ့လဲ အပေးအယူ မျှအောင်နေထိုင်တတ် လာပါလိမ့်မယ်....။ ဒီလို အခြေအနေမျိုးကို ပိုင်ဆိုင်နိုင်ပြီ ဆိုရင်တော့ လောကကြီးမှာ မင်္ဂလာအပေါင်းခညှောင်းလို့ ကျေနပ်စရာအတိနဲ့ပေါ့.......။
ဒီပိုစ်ကို သူငယ်ချင်းတို့ ဖတ်ပြီးရင်ထဲမှာ အတွေးလေးပေါ်လာပြီး အသိလေးတစ်ခု လင်းလက်သွားတယ်ဆိုရင် ကျွှန်တော်ဝမ်းသာ ကျေနပ်နေမယ်လို့ အသိပေးရင်း......ဦးနှောက်ကနေ ဖိတ်စင်လာတဲ့ နောက်စိတ်ကူးတွေကို စာသားတွေ အဖြစ်ပြောင်းလဲဖို့ အားယူလိုက်ပါအုံးမယ်........ခင်ဗျာ။