☺ ☺ ☺ မင်္ဂလာပါ ဘ၀နဲ့ ဆန္ဒ တစ်ထပ်တည်းကြပါစေ ☺ ☺ ☺

^☺^☺^☺^☺^☺^☺^ ဖရက်စ် သီချင်းများ ^☺^☺^☺^☺^☺^☺^

Album ---{ 1 }

စဉ်

( ၁ )

( ၂ )

( ၃ )

( ၄ )

( ၅ )

( ၆ )

( ၇ )

( ၈ )

( ၉ )

( ၁၀ )

သီချင်းခေါင်းစီး

ကြေကွဲရလိမ့်မယ်

နှလုံးသားချင်းထိခဲ့တယ်

ငါ့ရဲ့အနား

မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး

နွေဦးကဗျာ

ဖူးစာရှင်

WAKA WAKA 2010

ကျေးလက်တောတန်း

ကိုယ်ရံတော်

ရိုးသားချင်တယ်

သီဆိုသူ

L ဆိုင်းဇီ

လင်းနစ်

ဒို ရေ မီ

မာရဇ္ဇ

ကြိုးကြာ

နေနေ

Shakia

ထွဏ်းခမ်း

ရွှေရည်ဖြိုးမောင်

ဆုန်သင်းပါရ်

Album ---{ 2 }

စဉ်

( ၁၁ )

( ၁၂ )

( ၁၃ )

( ၁၄ )

( ၁၅ )

( ၁၆ )

( ၁၇ )

( ၁၈ )

( ၁၉ )

( ၂၀ )

သီချင်းခေါင်းစီး

ဗုဒ္ဓံ ဓမ္မံ သံဃံ

သူငယ်ချင်း

အချစ်မြှား

တစ်သက်လုံးအတွက်

ဘယ်တော့မှမမေ့

တွဲလက်များ

ပထမဆုံးချစ်သူ

မဟာ ( ၁ )

မျှော်လင့်ရင်းနဲ့

ငါ့ရင်ခွင်ကို

သီဆိုသူ

စိုးပိုင်

ညဏ်လင်းအောင်

ဗန်းသော့ဒ်ကျင်း

စိုင်းလိတ်

မင်းမင်း ၊ သီရိခင်ဇော်

ထူးအယ်လင်း ၊ မီးမီးခဲ

စန္ဒီ

ဇော်ဝင်းထွဋ်

ရှင်ဖုန်း ၊ N ကိုင်ရာ

ဇော်ဝင်းထွဋ်

Album ---{ 3 }

စဉ်

( ၂၁ )

( ၂၂ )

( ၂၃ )

( ၂၄ )

( ၂၅ )

( ၂၆ )

( ၂၇ )

သီချင်းခေါင်းစီး

ဝဋ်ကြွေး

အချစ်ရိပ်ညနေ

မျက်နှာ

ကာရံမဲ့အချိန်များ

တကယ်ပဲလဲ နင်မချစ်ပဲနဲ့

ချစ်သူ့အနား

ကြွေလွင့်ရတော့မယ်

သီဆိုသူ

ဇော်ဝင်းထွဋ်

ဝိုင်းစုခိုင်သိန်း

အိုင္အမ္ဘီ

ဝိုင်ဝိုင်း

ချမ်းချမ်း

ဘန်နီဖြိုး

အိမ့်ချစ်

Tuesday, February 12, 2008

အချစ်ဆိုသည်

အချစ်နဲ့ ပက်သက်လို့ ကျွှန်တော့် အမြင်လေး တစ်ချို့ကို ပြောပြခြင်ပါတယ် ခင်ဗျာ...ဟဲဟဲ ကျွှန်တော့်ကို ဘာသိလဲလို့ မေးရင် ဘာမှမသိရိုး အမှန်ပါ ၊ အချစ်ရဲ့ ဥပဒေကိုတော့ နားမလည်ပါဘူး ရှိမှမရှိတာနော့် ၊ ဒါကြောင့် အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးဆိုတဲ့ လူရူးတစ်ချို့တွေရဲ့ အရူပ်ထုတ်တွေကြောင့် ချစ်တဲ့သူတို့ရဲ့ အချစ်လောက တစ်ခုလုံး ညစ်ညမ်းသွားမှာကို ဆိုးလို့ပါ... နောက်ပြီး အချစ်အကြာင်းကို ဘာမှန်းတောင် မသိသေးတဲ့ လူငယ်လေးတွေလဲ ရှိမှာဘဲလို့ ထင်မြင်မိပါတယ် ၊ နှလုံးသားမှာ လစ်လပ်နေပြီး တကယ်လိုအပ်လို့ အချစ်ဆိုတဲ့ ရတနာလေး ဆင်မြန်းမယ်ဆိုရင် မှန်ကန်တဲ့ အချစ်စစ်နဲ့ ဆုံဆည်း စေချင်တဲ့ဆန္ဒနဲ့ သိထားသလောက်လေး ပြန်ဖောက်သည်ချတာပါ အချစ်ဆိုတာကို မသိသေးရင်တောင် အမုန်းဆိုတာကို သိထားရင် အချစ်ရဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို နားလည်မယ်ထင်တယ် ၊ အမုန်းဆိုတာ ပူလောင်တယ်လို့ ကျွန်တော်တို့တွေ သိထားကြတယ်လေ။ ဒါကြောင့် အမုန်းမရှိတဲ့ အချစ်ကို တည်ထောင်မယ် ဆိုရင် ဘာတွေ လိုအပ်တယ်ဆိုတာကို ကျွှန်တော်တို့တွေ နားလည်ထားရင် အချစ်ရေးမှာ အဆင်ပြေနိုင်တာပေါ့ဗျာ... အမုန်းဆိုတာ ပူလောင်တယ်လို့ ကျွှန်တော့်တို့ သိထားတယ်လေ ၊ အမုန်းဆိုတာ ပူလောင်တယ်ဆိုရင် အချစ်ဆိုတာကရော အေးမြလို့လား ။ ကျွန်တော့် အမြင်ကတော့ အမုန်းဆိုတာကတော့ မေ့ထားနိုင်မယ်ဆိုရင် သူရဲ့ခံစာမှုက သိပ်မပြင်းထန်ဘူးပေါ့နော် ။ အချစ်မှာကြတော့ ကြောင့်ကြမှုတွေ၊ တောင့်တမှုတွေ၊ ပိုများတယ်။ ချစ်တယ်ဆိုရာမှာလဲ သူများကိုချစ်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် ချစ်လို့ ၊ ကိုယ့်ရဲ့စိတ်ဆန္ဒကို ဖြည့်ဆည်းဖို့ သူတပါးကို ချစ်တာ ပိုဖြစ်နိုင်ပါတယ် ။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြတဲ့အခါမှာ ချစ်စိတ်ကုန်သွားရင် အကောင်းကို အဆိုးမြင်လာတယ်။ ချစ်စိတ်မကုန်သေးသမျှ မှာလဲ အဆိုးကို အကောင်းလို့ မြင်တတ်တယ်နော်။ ဒါကြောင့် ချစ်နေတုန်း ချစ်နေဆဲ အချိန်မှာ ကမ္ဘာလောကသာမက စင်္ကြာဝဠာ ကိုပင် စိန်ခေါ်အန်တုနိုင်သော ကာလပါဘဲ။ ဒီအချိန်မှာ သူ့ကိုထိန်းချုပ်ဖို့ မြင်တတ်တဲ့မျက်လုံးနဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ဦးနှောက်တွေဟာ ကွယ်ပျောက် နေတတ်ပါတယ်။ ဒါကြောင့် အချစ်ဆိုတဲ့အရာရဲ့ လှည့်စားမှု့ကို လွန်ဆန်နိုင်အောင် အသိလေးနဲ့ ထိန်းသိမ်းနေကြမယ်ဆိုရင် အဆင်ပြေမယ်လို့ ထင်ပါတယ် ။ အချစ်မှာ အရေးကြီးတာကတော့ သစ္စာပါပဲ ။ ဒီသစ္စာကို ခိုင်မြဲအောင် ပံ့ပိုးပေးနိုင်တာ ကတော့ စာနာနားလည် ထောက်ထားမှု မြတ်နိုးကြင်နာယုယမူ့ ပေါ့နော် ၊ ဒါကလဲ နှစ်ဦးနှစ်ဖက် အပေးအယူမျှနေမှ ဒီရဲ့သစ္စာဟာ ခိုင်မြဲမှာပါ။ တစ်ချိန်က အောင်သွယ်နှင့် မိဘကို အပြစ်ပြောလို့ ရတဲ့အခြေအနေမှ ကိုယ်ဖြစ် ကိုယ်ခံ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးသည့် အခြေအနေတို့ ဆိုက်ရောက်လာခဲ့တဲ့ ခုလိုအချိန်မျိုးမှာ ၊ အချစ်ကို ကံစမ်းမဲ ဖောက်သည့် အခြေအနေသို့ မရောက်အောင် မိမိ ပေါ်မှာတာ မူတည်တာမို့ ခံစားမူ့ကို ဦးစားမပေးပဲ ဖြစ်သင့်ဖြစ်ထိုက် တာကို ဆင်ခြင်တတ်တဲ့ အသိလေးနဲ့ ဆုံးဖြတ်ပြီးမှ ရွေးချယ် ကြရအောင်နော်...၊ အချစ်ရူးမူ့ကြောင့် တစ်မူထူးခြားမလားဆိုပြီး လုပ်ပြီးကာမှ နောင်တမျက်ရည်တွေ အလျှံပယ်မဖြစ်ရအောင် ရည်ရွယ်ချက်နဲ့ သိထားတာတွေထဲက တစ်ချို့ ကိုတင်ပြတာပါ အမှားများပါရင်လဲ ဂရုဏာရှေ့ထားပြီး ခွင့်လွတ်ကြပါနော် ၊ နှလုံးသားမီးဟာ ဦးနှောက်ကိုမှိုင်းဝေစေတယ်တဲ့၊ ဒီတော့ အချစ်နဲ့ မကင်းနိုင်ကြသေးတဲ့ ခင်မင်ရသော မိတ်ဆွေတွေ အားလုံးလဲ ချစ်ဒုက္ခမှကင်းဝေးပြီး အချစ်စစ်နဲ့ ဆုံဆည်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရင်း ..ဆက်လက်လေ့လာ လိုက်အုံးမယ်လို့ အသိပေးရင်း ခဏနားလိုက်အုံးမယ် ဗျာ.......

Sunday, February 10, 2008

တောင်ပေါ်မြေမှ ခံစားရသမျှ

ကျွန်တော်တို့ရဲ့ချစ်စရာကောင်းတဲ့ တောင်ပေါ်မြို့ လေးအကြောင်းကို ပြောပြရင်း မိတ်ဆက်ပေးချင်တယ်။ ဘာသာတရား ဂိုဏ်းရှိုင်းပြီး အကြင်နာမေတ္တာတရားတွေ ဖိတ်လျှံနေတဲ့ မြို့ကလေးပါ။ ကမ္ဘာပေါ်မှာ ကျောက်မျက်ရတနာနဲ့ ပက်သက်ပြီး မြန်မာပြည်ကို ကိုယ်စားပြုတဲ့ မြို့ကလေးပေါဗျာ....၊ နောက်ပြီး တောင်ပေါ်ဓလေ့စရိုက်နဲ့တောင်ပေါ်လူနေမူ့ပုံစံတွေကို ခုချိန်ထိတိုင်အောင် ပီပြင်ထင်ရှားစွာ ဖော်ပြနိုင်တဲ့ မြို့လေးပါ ၊ အဲ့ဒီမြို့လေးရဲ့ မည်တွင်သညှာ ခေါ်စရာကတော့ မိုးကုတ်မြို့တဲ့ တစ်ချို့သော သူတွေကလဲ ဂုဏ်ပြုတဲ့အနေနဲ့ ချစ်စနိုးစွာ ပတ္တမြားမြေလို့လဲ ခေါ်ကြပါသေးတယ်။ ကျွှန်တော့်တို့မြို့ရဲ့ ဆောင်းတွင်း ကာလာမှာဆိုရင် အဖြူရောင်မြူနှင်းတွေကြာမှာ ချယ်ရီတွေ လှိုင်လှိုင်လေး ပွင့်နေတဲ့ ရှူ့ခင်းကတော့ တကယ့်ကိုရှူ့ မငြီးတဲ့ ပန်ချီကား တစ်ချက်လိုပါပဲ ညနေဆည်းဆာချိန်ေ၇ာက်လို ငှက်ကလေးတွေ အိပ်တန်းတက် ချိန်ဆို၇င်လဲ တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်ပြီး ဆီးနှင်းတွေရဲ့ တစ်ဖြောက်ဖြောက်ကြနေတဲ့ အသံက သံစဉ်တစ်ပုဒ်အဖြစ် ဆောင်တွင်းညဉ့်ရဲ့ သဘာဝကိုပိုပီပြင်စေပါတယ်....ရောင်နီကိုတောင်းတ နေတဲ့ ကျေးငှက်ကလေး တွေရဲ့ တေးဆိုသံနဲ့ အတူ နံနက်ခင်း မိုးသောက်ချိန်မှာဆိုလဲ ပြတင်းပေါက်ကို ဖွင့်လိုက်တာနဲ့ အဖြူရောင်မြူနှင်း တွေဟာ ၊တစ်ကိုယ်လုံးကို ထွေးပိုက်ထားကာ အေးစက်စက် အနမ်းတွေနဲ့ ကျီစယ်နေတတ်ပြီး ဆောင်းကာလရဲ့စရိုက်ကို ဖော်ကျူးနေတတ်ပါသေးတယ် ၊ နေမင်းရဲရောင်နီတွေ ဖြာဆင်းလာပြီး လောကတစ်ခွင်ကို အလင်းတွေဖြန့်ကျန့်လိုက်ပြီဆိုရင်ပဲ မြူနှင်းတွေဟာ ခွဲခွာခြင်း အထိမ်းအမှတ် အဖြစ်နဲ့ ချယ်ရီပန်းတွေပေါ်မှာနှုတ်ဆက် မျက်ရည်လေးတွေထားခဲပြီး လွင့်ပါးပျောက်ကွယ်သွားပါတယ် ဒီလို အချိန်မျိုးမှာ အလွမ်းဓာတ်ခံရှိသူတွေ အတွက်တော့ ဆောင်းရာသီရဲ့ အအေးဓာတ်နဲ့ အတူပိုတိုးလို့ လာတာပေါ့...ဗျာ၊ ဆောင်ရာသီရဲ့ တစ်နှစ်တာကာလ တာဝန် တွေကို ကျေပွန် စွာထမ်းဆောင်ပြီးလို့ ရာသီလွဲပြောင်းချိန်မှာ ဆိုလဲနွေရာသီးရဲ့ ရှေ့ပြေး နိမိတ်ဖြစ်တဲ့ ခြေက်သွေ့သွေ့ လေညှင်းတွေက ဆောင်းရာသီကိုနှုတ်ဆက် နေကြသလိုပါပဲ။ ဒီလိုအချိန်မှာဆိုပေါ့ ရင်ထဲမှာ ဘာကိုလွမ်းလို့ ဘာကိုဆွေးနေမှန်းကို မယ်မယ်ရရမသိပဲ ဟာတာတာနဲ့ ပက်ဝန်းကျင် တစ်ခုလုံးကို ခြေက်သွေ့မူ့တွေပဲ ကြီးစိုးနေတယ် ၊ခုလိုငြီးငွေ့စရာအတိကာလဟာ ရဟန်းသာလို ၊ သူတော်စဉ် သူတော်မြတ်တွေတောင် ဈာန်လျှော့နိုင်တယ် ဆိုတော့ ကျွှန်တော်တို့လို ပုထုဇဉ်တွေ အတွက်တော့ ဆိုဖွယ်ရာ မရှိတော့ပါဘူး...တစ်ဖြည်းဖြည်းနဲ့အရှိန်ရလာတဲ့ အပူဒဏ်တွေကြားမှာ လူသားတွေရဲ့ တာဝန်ဝတ္တရားတွေကို မမောနှိင်၊မပန်းနှိင် ထမ်းဆောင်ရင် လောကဓံနဲ့သဟဇာတဖြစ်အောင် ကြိုးစားရတာပေါ့။ နွေကုန်လို့ မိုးရောက်ပြီဆိုရင်တော့ နည်းနည်းဒုက္ခရောက်တယ်ဗျ မိုးကလဲအညိုးနဲ့ သဲသဲမည်းမည်းကို ရွာလိုက်တာ နေကိုတောင်မြင်ရဖို့ ကိုအတော်ခက်တယ် တောင်ပေါ်ဒေသဆိုတော့ မြေမျက်နှာသွင်ပြင် အနေအထားအရ မြေနိမ့်ပိုင်းတွေမှာဆိုရင် ရေလွမ်းမိုးမူ့ ဒဏ်ကိုခံရတယ် တစ်ချို့သော အဆင်ပြေတဲ့မိသားစုဆိုရင် လှေဝယ်စီးမှာလား၊ ကားဝယ်စီးမှာလားဆိုပြီး စကားများရတာ ခဏခဏပါပဲ။ ဟဲဟဲ မိုးရွာရင် တစ်ခုကောင်းတာကတော့ ရင်ထဲကနေ လျှံတတ်လာတဲ့ အသည်း ကွဲခြင်း ခံစားမူ့တွေ အတွက် ကြေကွဲမျက်ရည်တွေကို လူတွေမသိအောင် တိတ်တခိုးနဲ့ မိုးရာသီရဲ့ မိုးရေ ထဲမှာ ငိုကြွေးလို့ ရတာပေါ့ ၊ ကျွှန်တော်ကတော့ ဆောင်းရာသီမှာ အလွမ်းတွေ နဲ့ ဝေနေသလို မိုးရာသီမှာလဲ အဆွေးတွေနဲ့ ကြွေနေဆဲပါပဲ ၊ သဲသဲ မည်းမည်းရွာနေတဲ့မိုးရေတွေကို ကောက်ကြောင်းဆွဲးပြီး နှလုံးအိမ်ထဲက မြတ်နိုးသူ တစ်ယောက်ရဲ့ မျက်နှာကို ပုံဖော်ရတာလဲ အကြိမ်ကြိမ် ၊ အဲ့ဒီလိုအချိန်မျိုးမှာဆိုရင် မိုးရေတွေကို ပျောက်ကွယ်သွားမှာကို နှမြောနေမိတယ် ခုလို မိုးကာလမှာလဲ နေတတ်သူတွေ အတွက်တော့ ကျေနပ်စရာ ကောင်းနေတတ် ပါသေးတယ် ဒီလိုနဲ့ ၀သန်ရာသီကုန်လို့ ဟေမာန် ၊ ဟေမာန်ရာသီကုန်လို့ ဂိမ္မာန် ၊ ဂိမ္မာန်ရာသီကုန်လို့ ၀သန် ၊ စတဲ့ စတဲ့ ရာသီသံသရာ ထဲမှာ နှလုံးသွေးတွေ လည်ပတ် နေသမျှ ရှင်သန်ချိန် နာရီတွေကို ခံစားမူ့မျိုးစုံနဲ့ ရင်ဆိုင်ဖြတ်သန်းရအုံးမှာ ဧကန်ပါပဲ ၊ မိတ်ဆွေတို့ကိုလဲ ခင်မင်စရာကောင်းတဲ့ ကျွန်တော်တို့ မြို့ကလေးကို အလည်လာဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်..ပြောမယုံကြုံဘူးမှသိ ဆိုသလိုပဲ ခံစားမှု့ အသစ်တွေကိုရရှိ နိုင်ဖို့ ပတ္တမြားမြေကို အရောက်သာလှမ်းလာ ပါလို့ ..........တိုက်တွန်းလိုက်ပါရစေ.......။

Wednesday, January 30, 2008

ဖြည့်ဆည်းခွင့်

မင်းဟာ လတစ်စင်းဆိုရင်
ငါက မင်းဘေးကကြယ်လေးပါ
မင်းဟာ ကဗျာတစ်ပုဒ်ဆိုရင်
ငါက မင်းရဲ့ စာသားလေးပါ
မင်းဟာ ထိပ်ထားဧကရီဆိုရင်
ငါက မင်းရဲ့ သရဖူလေးပါ
မင်းရဲ့တင့်တယ်ချင်းမှာ
ငါက ဖြည့်ဆည်းခွင့် ရချင်သူပေါ့ ။
မင်းကိုချစ်ပိုင်ခွင့်မရှိတော့ရင်တောင်
သေချာတာတစ်ခုကတော့
မင်းကို ဘယ်တော့မှမမုန်း ဘူးဆိုတာဘဲ........

Friday, January 25, 2008

မေမေ့ဂုဏ်ရည်

ဘ၀ဟာ ဥာဉ့်တစ်ခုဆိုရင်......
မေမေက လတစ်စဉ်းပေါ့
အာလုံးကလက်မခံ တော့တဲ့အချိန်မှာတောင်.....
မေမေက ငြိုငြင်ခြင်းမရှိ သားဘ၀ကို
အလင်းအတိပေးခဲ့သူပါ.....။
စကားချိုချို ပြောတတ်ရုံနှင့်
အယုံလွယ်တတ်တဲ့...အမေ့ရဲ့သားလေး
အသည်းဆိုတာလဲ...ကွဲခဲ့ဘူးပြီး ၊
မာယာများတဲ့...လောကကြီးထဲမှာ
ခင်မင်မူ့... လက်သီးပုန်း ၊
ချစ်ချင်းတရား...လက်သီးပုန်း
ကံကြမ္မာ...လက်သီးပုန်းတွေကို
ရှောင်ချိန်မရ...ပုန်းချိန်မရှိ
အံအားသင့်နေစဲမှာပဲ....
ဖြူစင်တဲ့...နှလုံးသားလေး
အရောင်စွန်းထင်ခဲ့ရပြီ......။
နောက်ဆုံးတော့...သားသာလျှင် ပြိုလဲခဲ့တယ်
အဆင်မပြေမူ့နဲ့ကြုံတိုင်း
သက်ပြင်းတွေအခါခါချ ....
ဒါမှ " ဘ၀ " ဆိုပြီးအံကြိတ်ရင်ဆိုင်တိုင်းမှာ
မေမေပေးတဲ့ အသိတရားတွေဟာ
သားရဲ့...ကယ်တင်ရှင်ပါပဲ။
ကျေးဇူးအနန္တပါမေမေ.....။

မေမေ သို့ ပန်ကြားခြင်း

အနှိုင်းမဲ့မေတ္တာ အတိုင်းမသိဂရုဏာ
ပေးဆပ်ခြင်းသက်သက်နဲ့
အမြဲခိုင်မာစွာ၇ပ်တည်ခဲ့
မေမေရုပ်ရည် အစချီတဲ့
မေမေ့ မေတ္တာဘွဲ့တွေ
ကမ္ဘာနဲ့အ၀န်းမှာအမြဲထွန်းလင်းနေတယ်
သားကိုချစ်တဲ့စိတ်ကြောင့်
လက်ဖျားနဲ့တောင်မထိ
ဆုံးမခြင်းဆိုတာ မရှိဘဲ
ဲသားအကြိုက် သားသဘောဆိုပြီး
အဆိပ်ပင်ေ၇လောင်းခဲ့တာကို
အသိနောက်ကျလို့ နောင်တတွေရပြီး
သောကမျက်ရည်တွေ ဝေနေတဲ့ကြားက
အပြုံးမပျက် ငြိုငြင်ခြင်းနတ္ထိနဲ့
သားပျော်ရင် ကျေနပ်နေတဲ့မေမေ
ခုတော့သားဘ၀မှာ..........
ပြန်လည်ရှင်သန်လာတဲ့ အသိတရားတွေနဲ့
မေမေ့ရဲ့နွေးထွေးတဲ့အကြင်နာရိပ်အောက်မှာ
နုငယ်စင်ကြယ်တဲ့ မျက်နာလေးအိနြေ္ဒရခဲ့ပါပြီ
မေမေ.......ရယ်......

Saturday, January 19, 2008

သစ္စာ

ခင်ရာဆွေမျိုး မင်ရာမိတ်ဆွေ
သူငယ်ချင်းတို့ အကြင်နာမေတ္တာ
ယူဇနာတွေဝေးကွာလဲ ရင်မှာကိန်း၏
ဘ၀တစ်ကွေ့ ခဏဆုံဆည်းချိန်
ကြုံလေသမျှ လောကဓံကို
အမုန်းမသွယ် ရန်ငြိုမထား
ခင်မှင်ရင်းနှီး ချစ်ခင်စွာနှင့်
ဆန့်ကျင့်မသွား
တွဲလက်ညီညီ ၇င်ဆိုင်ကြပါစို့။
နောက်ဆုံးတစ်နေ့ ခွဲခွာချိန်
အရှိဧကန် သစ္စာတရားကို
အချစ်မပျယ် သစ္စာမယွင်း
အခင်မလျော့ နွေးထွေးစွာနှင့်
ဝိရောဓိမလား
အပြုံးမပျက် ရင်ဆိုင်ကြပါစို့။ သူငယ်ချင်းတိုရေ............

Thursday, January 17, 2008

ဆူး

အချစ်ရဲ့ဆူး
အသဲမှာဆူးတော့
ရုန်းထွက်မရ
ဖျောက်မရနဲ့
နှလုံးသားလေးလဲ
ပင်ပန်းလှပြီ......
အချစ်ရဲ့အဆိပ်
တစ်စိမ့်စိမ့်နဲ့
အခဲမကြေ
အသဲမှာမွေသရွေ့
ဝေဒနာတွေနဲ့
ရူးသွပ်ခဲ့ဘူးပြီ