တစ်ချို့သူတွေ ဂျီမေလ်းကို သုံးလေးခုလောက် ရှိတတ်ပါတယ် မေလ်းကို စစ်မယ်ဆိုရင် တစ်ခုခြင်းစီ
ဝင်စစ်နေရမှာ အဆင်မပြေနိုင်ပါဘူး ဒါကြောင့် ကိုယ့်သုံးနေကျ မေလ်းတစ်ခုထဲကနေပဲ တစ်ခြားမေလ်း
မှာ ၀င်သမျှတွေကို စစ်လို့ရပါတယ် လုပ်ပုံလုပ်နည်းကတော့ ဒီတိုင်းပါပဲ
အရင်ဆုံး ကိုယ့်ဂျီမေလ်းထဲကို ၀င်လိုက်ပါ။
step - 1 ဂျီမေးလ်မှ setting ကိုကလစ်ပါ။
step - 2 Forwarding and POP/IMAP ဆိုတာကိုကလစ်ပါ။
step - 3 Forward a copy of incoming mail to ဆိုတာကိုရွေးပါ။
step - 4 email address ဆိုတဲ့နေရာမှာ မိမိသုံးမဲ့မေးလ်ကိုထည့်ပါ။
step - 5 save change ကိုကလစ်ပါ။
နောက်တစ်ခုကတော့ ကိုယ့်မေးလ်ကနေတခြားဂျီမေးလ်အမည်များနဲ့ပို့လို့ရတဲ့နည်းပါ
step - 1 setting ကိုကလစ်ပါ။
step - 2 accounts ဆိုတာကိုကလစ်ပါ။
step - 3 Add another email address ဆိုတာကိုကလစ်ပါ။
step - 4 Add another email address box မှာ name & email address မှာ ဖြည့်ပါ။
ပြီးရင် next step ကို ကလစ် ပါ။
step - 5 send verification ဆိုတာကိုကလစ်ပါ။ ကိုယ့်မေးလ်ဆီကို Confirmation code ပို့ပေးပါလိမ့်မယ်။
spep - 6 ရရှိလာသော Confirmation code ကိုEnter and verify the confirmation code ဆိုတဲ့နေရာမှာ ပေ့လုပ်ပြီး verify ကလစ် လုပ်ပါ။
composeကိုကလစ်ပြီး fromဆိုတဲ့နေရာမှာကြည့်လိုက်ပါ ကိုယ့်မေးလ်နှင့်တခြားမေးလ်ပါတွေ့ရပါမယ်။
^☺^☺^☺^☺^☺^☺^ ဖရက်စ် သီချင်းများ ^☺^☺^☺^☺^☺^☺^
|
စဉ် ( ၁ ) ( ၂ ) ( ၃ ) ( ၄ ) ( ၅ ) ( ၆ ) ( ၇ ) ( ၈ ) ( ၉ ) ( ၁၀ ) |
သီချင်းခေါင်းစီး မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး |
သီဆိုသူ L ဆိုင်းဇီ လင်းနစ် ဒို ရေ မီ မာရဇ္ဇ ကြိုးကြာ နေနေ Shakia ထွဏ်းခမ်း ရွှေရည်ဖြိုးမောင် ဆုန်သင်းပါရ် |
|
စဉ် ( ၁၁ ) ( ၁၂ ) ( ၁၃ ) ( ၁၄ ) ( ၁၅ ) ( ၁၆ ) ( ၁၇ ) ( ၁၈ ) ( ၁၉ ) ( ၂၀ ) |
သီချင်းခေါင်းစီး |
သီဆိုသူ စိုးပိုင် ညဏ်လင်းအောင် ဗန်းသော့ဒ်ကျင်း စိုင်းလိတ် မင်းမင်း ၊ သီရိခင်ဇော် ထူးအယ်လင်း ၊ မီးမီးခဲ စန္ဒီ ဇော်ဝင်းထွဋ် ရှင်ဖုန်း ၊ N ကိုင်ရာ ဇော်ဝင်းထွဋ် |
|
စဉ် ( ၂၁ ) ( ၂၂ ) ( ၂၃ ) ( ၂၄ ) ( ၂၅ ) ( ၂၆ ) ( ၂၇ ) |
သီချင်းခေါင်းစီး |
သီဆိုသူ ဇော်ဝင်းထွဋ် ၀ိုင်းစုခိုင်သိန်း အိုင်အမ်ဘီ ၀ိုင်ဝိုင်း ချမ်းချမ်း ဘန်နီဖြိုး အိမ့်ချစ် |
Tuesday, August 26, 2008
ဂျီမေလ်းများ သူတွေအတွက်
စာရေးသားသူ>>>>> လေလွှင့်သူ at 2:10 AM 0 ယောက်ဒီလိုပြောသွားတယ်
ဒါလေးကတော့>>>> နည်းပညာ...။
Sunday, August 17, 2008
ကိုယ့်ဂျီမေလ်းကိုဘယ်သူတွေသိနေလဲစစ်ဖို့
နောက်ပြီး ကိုယ်က ဆိုင်မှာသုံးတာဆိုလျှင် အလျှင်တလို sign out လုပ်ဖို့ မေ့သွားပြီး
တစ်ခြားတစ်ယောက်က ကိုယ့် ဂျီမေးလ်ကို ၀င်ခဲ့လားဆိုတာသိနိုင်ပါတယ်။
တစ်ချို့ ချစ်သူ စုံတွဲတွေက မိမိတို့ရဲ့ password ကို အပြန်အလှန်ပေးကျပြီး မိမိချစ်သူက
ဘယ်အချိန်မှာ မိမိအီးမေးလ်ကို ၀င်စစ်ခဲ့တယ်ဆိုတာကိုလဲ သိနိုင်ပါတယ်။
လုပ်ပုံလုပ်နည်းကတော့ ဒီလိုပါ .....................
(၁) အရင်ဦးဆုံး ကိုယ့်ရဲ့ ဂျီမေလ်းထဲကို ၀င်လိုက်ပါ Inbox ထဲကိုဝင်ပြီး စာမျက်နှာအောက်ဆုံးကို
ကြည့်လိုက်ပါ အောက်မှာပြထားတဲ့ပုံထဲက အနီရောင်ဝိုင်းထားတဲ့ Details ဘေးနားမှာ IP address
တကယ်လို့ IP Adress ကိုကြည့်လိုက်လို့ကိုယ်မသိတဲ့ တစ်ခြားနေရာက IPဆိုရင်တော့
(၂)အနီရောင်ဝိုင်းထားတဲ့ Details ကိုနိပ်လိုက်ရင်တော့ ၀င်ခဲ့တဲ့ History ကိုသိနိုင်ပါတယ် အောက်ကပုံလေးအတိုင်းပါ။
(၃) IP Address ကိုကြည့်လို့ ဘယ်နေရာကလဲဆိုတာ သိချင်ရင်တော့ ဒီလင့်လေးမှာ http://whatismyipaddress.com/ ၀င်ပြီးကြည့်နိုင်ပါတယ် ။
အောက်ကပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်။(၄) ကိုယ်သိချင်တဲ့ Ip Adress ကိုကော်ပီယူပြီး ပုံမှာပြထားတဲ့ အနီရောကွင်းစ ကွင်းပိတ်နဲ့ပြထားတဲ့ နေရာလေမှာထည့်ပြီး ကြည့်လိုက်ရင် သက်ဆိုင်ရာနိုင်ငံရဲ့နေရာဒေသကို ပြလာပါလိမ့်မယ်။
စာရေးသားသူ>>>>> လေလွှင့်သူ at 7:40 PM 0 ယောက်ဒီလိုပြောသွားတယ်
ဒါလေးကတော့>>>> နည်းပညာ...။
Friday, July 11, 2008
Ultra surf software ကိုသုံးပြီးပိတ်ထားတဲ့ဆိုဒ်တွေကြည့်မယ်
အရင်ဆုံး software ကို ဒီနေရာလေးမှာဒေါင်းပါ 212 KB ပဲရှိပါတယ်။
step : 1
mozilla firefox ထဲမှာ proxy နံပက်ကို change ရပါမယ် မchange ဖူးဆိုရင်
အလုပ်မလုပ်ပါဘူး အောက်မှာ အသေးစိတ်ရှင်းပြထားပါတယ်
ပထမဦးဆုံး mozilla firefox ကိုဖွင့်ပြီး Tools ထဲက Option ကိုဝင်လိုက်ပါ
ဒီပုံတိုင်းကြလာပါလိမ့်မယ်
step : 2
advanced ကိုဝင်လိုက်ပါ ပြီးရင် အနီရောင်လေးပြထားတဲ့ Setting ကိုနိပ်လိုက်ပါ
ဒီပုံထက်ပေါ်လာပါလိမ့်မယ်
step : 3
manual proxy configuration ကိုရွေးပြီး အနီရောင်ပြထားတဲ့ နေရာက HTTP Proxy ဘောစ့်ထဲမှာ 127.0.0.1 ကိုရိုက်ထည့်ပြီး ဘေးက Port ဘောစ့်ထဲမှာ 9666 ကိုရိုက်ထည့်လိုက်ပါ OK ကိုနိပ်လိုက်ပါ ပြီးရင် ဒေါင်းလုပ်ယူထားတဲ့ software icon ကို open လိုက်ပါ ဒီပုံပေါ်လာပါလိမ့်မယ်
step : 4
ဒီနေရာမှာ ကိုသုံးတဲ့ဂျီတော့ setting ထဲက connection ထဲမှာ Proxy Host နဲ့ Proxy Portနံပက်ကို copy ယူပြီး အပေါ်ပုံက မြှားပြထားတဲ့ နေရာကိုရွေးပြီး ဘောစ့်ထဲမှာ paste လုပ်လိုက်ပါ ပြီးရင်အိုကေနိပ်လိုက် ဒီပုံလေးကြလာပါမယ်
အနီမျှဉ်းသားထာတဲ့နေရာမှာ succesfully ဖြစ်ပြီဆိုရင် တရုတ် ၀က်ဆိုဒ်တစ်ခုကြလာပါလိမ့်မယ် ဒါဆိုပိတ်ထားတဲ့ဆိုဒ်တွေကိုကြည့်လို့ရပါပြီ google page အသစ်ခေါ်ပြီးလဲကြည့်လို့၇ပါတယ်
စာရေးသားသူ>>>>> လေလွှင့်သူ at 12:59 AM 0 ယောက်ဒီလိုပြောသွားတယ်
ဒါလေးကတော့>>>> နည်းပညာ...။
Wednesday, July 2, 2008
မိုးရာသီခံစားမူ့
ခုလိုမိုးရာသီမှာ အလွမ်းဓာတ်ခံ ရှိပြီးသာ သူတွေအတွက် ပိုလွမ်းစရာ ကောင်းနေတတ်တယ် မိုးစက်ပွင့်တွေကို တိုးဝှေ့ခံစားရင်း ဆောင်းဦးရဲ့ ပြတင်းပေါက်ကို ဖွင့်ဖို့ကြိုးစားနေတဲ့ ဇွန်လှိုင်မှာ ချစ်ခြင်းမေတ္တာတွေကို ပီပြင်စေတဲ့ ချစ်သူများရဲ့ ရန်ခုန်သံတွေဟာလဲ နှူးညံ့နေတတ်ပါတယ် ဒါကြောင့် အေးစက်တဲ့ မိုးစက်ပွင့်နဲ့ချစ်ခြင်းရနံ့လေးတွေ ပေါင်းစပ်ပါဝင်နေတဲ့ ဒီလလေးမှာ ချစ်တတ်သူတို့ အတွက် ကြည်နူးစရာ ရင်ခုန်ခြင်းများကို ဖန်းတီးပေးမယ့် နေ့လေးတစ်နေ့ ပါဝင်လို့နေပြန်ပါတယ်။ အပြောကျယ်လှတဲ့ ဒီကမ္ဘာကြီးမှာ လူပြောသူပြောများတဲ့ ချစ်ခြင်းတရားဟာ အဆုံးမရှိသလို နက်နဲတဲ့ ချစ်ခြင်းမေတ္တာကို သိမ်မွေ့တဲ့ နှလုံးသားဖြင့်သာ ခံစားသိမြင်နိုင်မှာပါ ထို့အတူ နူးညံသောလည် ခိုင်မာလှတဲ့ ချစ်ခြင်းမေတ္တာတွေကို ထာဝရရှင်သန်နိုင်ဖို့ သစ္စာရှိစွာနဲ့ စူးရှတဲ့ချစ်ခြင်းတို့ ပေါင်းစပ်ဖို့ လိုအပ်တယ်လို့ ယုံကြည်မိပါတယ်။ သူငယ်ချင်းတို့ကျွန်တော်တို့ ရင်မှာ ချစ်ခြင်းတရားတွေရှိပြီးဖြစ်လို့ ဒီချစ်ခြင်းတွေကို ခိုင်မာတည်မြဲဖို့ သစ္စာတရားကို အခြေခံပြီး ချစ်ခြင်းမေတ္တာအားကြီးအောင် ကြိုးစားဖို့ပဲလိုပါတယ်.........
ဒါကြောင့် ခုလိုအေးချမ်းတဲ့ မိုးရာသီနဲ့အတူ မေတ္တာရနံတွေ သင်ပျံနေတဲ့ ဇွန်လှိုင်လမှာ ကျွန်တော့်ရဲ့ ဘလော့ကို လာရောက်အားပေးတဲ့ သူငယ်ချင်းတို့လဲ ချစ်ခြင်းရနံ၊ မေတ္တာရနံတွေနဲ့ ထာဝရ သင်းပျံလန်းဆန်း နှိင်ပါစေလို့ မိုးစက်ပွင့်တွေကို သက်သေပြုလို့ ဆုမွန်ခြွေလိုက်ပါတယ်ဗျာ.............
စာရေးသားသူ>>>>> လေလွှင့်သူ at 2:37 AM 0 ယောက်ဒီလိုပြောသွားတယ်
ဒါလေးကတော့>>>> ရင်ဖွင့်ခြင်း
Tuesday, July 1, 2008
အနမ်းဒိုင်ယာရီ
စာရေးသားသူ>>>>> လေလွှင့်သူ at 6:01 AM 0 ယောက်ဒီလိုပြောသွားတယ်
ဒါလေးကတော့>>>> ကဗျာ
Friday, June 20, 2008
သွေးပျက်သောနေ့
စာရေးသားသူ>>>>> လေလွှင့်သူ at 3:16 AM 0 ယောက်ဒီလိုပြောသွားတယ်
ဒါလေးကတော့>>>> ရင်ဖွင့်ခြင်း
Friday, June 6, 2008
သာမညနဲ့ပဓာန
ကျွန်တော်ယူဆမိတာကတော့ ပစ္စည်းဥစ္စာ၊ ရာထူးဂုဏ်သိမ်၊ အသိပညာ၊ အတတ်ပညာ ဘွဲ့ထူးဂုဏ်ထူး စတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြည်စုံမူ့တွေဟာ ဘူဘ၀မှာ အထိုက်အလျောက် လိုအပ်ပေမင့် ဘ၀တန်ဖိုးကို တကယ်တန်း သတ်မှတ်မပေးနိုင်ပါဘူး မမြှင့်တင်ပေးနိုင်ပါဘူး ဒီနေရာမှာ နည်းနည်းပြောချင်တာက တန်ဖိုးကိုပါ တန်ဖိုးဆိုရာမှာလဲ တန်ဖိုးနဲ့ ဈေးနှုန်း ကွဲပြားဖို့ လိုပါတယ် ဥပမာ သူဌေးသားတစ်ယောက်နဲ့ ရာထူးဂုဏ်သိမ်တွေဟာ ဈေးနှုန်းဖြစ်ပါတယ် ပက်ဝန်းကျင်ပယောဂနဲ့ ရန်သူမျိုးငါးပါးကြောင့် အချိန်မရွေးပျက်စီး သွားနိုင်ပါတယ် ဆိုလိုချင်တာက ကိုယ်ပိုင်မဟုတ်တဲ့ အရာပေါ့ဗျာ ကိုယ်ကျင့်သိက္ခာပိုင်း ဖြစ်တဲ့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ကြတော့ ကိုယ်ရဲ့ ကိုယ်ပိုင်တန်ဖိုးဖြစ်ပါတယ် ၀ယ်ယူလို့မရသလို တောင်းယူလို့ လဲမရပါဘူး ဘယ်သူမှလဲခိုးလို့မရပါဘူး ဘာကြောင့်မှလဲ မပျက်စီးနိုင်ပါဘူး ကိုယ်တိုင်ကျင့်ကြံ စောင့်ထိန်းနိုင်သမျှ တည်နေတဲ့အရာပါ သံသရာမှာလဲ ကိုယ်နဲ့အတူ လိုက်ပါကာ ကိုယ့်ကို ကောင်းအောင်ဖန်းတီးပေးမယ့် ကံတရားတွေဆိုရင် လဲမမှားပါဘူး နောက်ပြီး ဒီတရားတွေဟာ လူ့ယဉ်ကျေးမူ့တိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ် လောကကြီးကိုအေးချမ်းစေတဲ့ ဒီတရားတွေဟာ ကိုယ့်နှလုံးသားထဲမှာ ဘယ်လောက်ကိန်းနေသလဲဆိုတာနဲ့ပဲ လူတန်ဖိုးကို တိုင်းလို့ရပါတယ် ဒါကြောင့် စိတ်ပိုင်းဆိုင်ရာဖြစ်တဲ့ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းနိုင်မှာသာ လူရဲ့ဘ၀တန်ဖိုးကို မြင့်မားအောင် ဆောင်ကျင်ပေးနိုင်မှာ ဖြစ်ပါတယ် ရုပ်ပိုင်းဆိုင်ရာပြည့်စုံမူ့ ကိုဖန်တီးနိုင်သူကိုတော့ လူတော်လို့မြင်မိပါတယ် ဒါပေမယ့် လူကောင်းမဖြစ်သေးပါဘူး။ နောက်တစ်ခုတိုက်တွန်းချင်တာကတော့ သူငယ်ချင်းတို့ဟာ လူတော်ဖြစ်နေတယ်ဆိုရင် လူကောင်းဖြစ်သွားအောင် လာချင်းကောင်းခဲ့တဲ့ မိမိတို့ဘ၀ကို ကျေးဇူးဆပ်သောအားဖြင့် မိမိတို့ဘ၀ရဲ့ အချိန်တစ်စိတ်တစ်ပိုင်းကို တစ်ခြားသူတွေအတွက် အသုံးပြုလိုက်ကြပါ သူငယ်ချင်းတို့ဟာ ကြင်နာတတ်တဲ့မျက်လုံးနဲ့ ကြည့်မယ်ဆိုရင် လောကကြီးမှာ အကူအညီ လိုအပ်နေသူတွေ အများကြီးကိုတွေ့ရမှပါ ဒီလိုသာလုပ်ခဲ့နိုင်မယ်ဆိုရင် သူငယ်ချင်းတို့ဟာ လူတော်ဖြစ်သလို လူကောင်းလဲဖြစ်မှာ သေချာပါတယ် ဒါကြောင့် လူတော်ဖြစ်ရုံနဲ့တင်းတိမ်မနေပဲ လူကောင်းဖြစ်အောင်ကြိုးစားဆို့ဗျာ......................................
စာရေးသားသူ>>>>> လေလွှင့်သူ at 7:24 PM 0 ယောက်ဒီလိုပြောသွားတယ်
ဒါလေးကတော့>>>> ဆောင်းပါး


