☺ ☺ ☺ မင်္ဂလာပါ ဘ၀နဲ့ ဆန္ဒ တစ်ထပ်တည်းကြပါစေ ☺ ☺ ☺

^☺^☺^☺^☺^☺^☺^ ဖရက်စ် သီချင်းများ ^☺^☺^☺^☺^☺^☺^

Album ---{ 1 }

စဉ်

( ၁ )

( ၂ )

( ၃ )

( ၄ )

( ၅ )

( ၆ )

( ၇ )

( ၈ )

( ၉ )

( ၁၀ )

သီချင်းခေါင်းစီး

ကြေကွဲရလိမ့်မယ်

နှလုံးသားချင်းထိခဲ့တယ်

ငါ့ရဲ့အနား

မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး

နွေဦးကဗျာ

ဖူးစာရှင်

WAKA WAKA 2010

ကျေးလက်တောတန်း

ကိုယ်ရံတော်

ရိုးသားချင်တယ်

သီဆိုသူ

L ဆိုင်းဇီ

လင်းနစ်

ဒို ရေ မီ

မာရဇ္ဇ

ကြိုးကြာ

နေနေ

Shakia

ထွဏ်းခမ်း

ရွှေရည်ဖြိုးမောင်

ဆုန်သင်းပါရ်

Album ---{ 2 }

စဉ်

( ၁၁ )

( ၁၂ )

( ၁၃ )

( ၁၄ )

( ၁၅ )

( ၁၆ )

( ၁၇ )

( ၁၈ )

( ၁၉ )

( ၂၀ )

သီချင်းခေါင်းစီး

ဗုဒ္ဓံ ဓမ္မံ သံဃံ

သူငယ်ချင်း

အချစ်မြှား

တစ်သက်လုံးအတွက်

ဘယ်တော့မှမမေ့

တွဲလက်များ

ပထမဆုံးချစ်သူ

မဟာ ( ၁ )

မျှော်လင့်ရင်းနဲ့

ငါ့ရင်ခွင်ကို

သီဆိုသူ

စိုးပိုင်

ညဏ်လင်းအောင်

ဗန်းသော့ဒ်ကျင်း

စိုင်းလိတ်

မင်းမင်း ၊ သီရိခင်ဇော်

ထူးအယ်လင်း ၊ မီးမီးခဲ

စန္ဒီ

ဇော်ဝင်းထွဋ်

ရှင်ဖုန်း ၊ N ကိုင်ရာ

ဇော်ဝင်းထွဋ်

Album ---{ 3 }

စဉ်

( ၂၁ )

( ၂၂ )

( ၂၃ )

( ၂၄ )

( ၂၅ )

( ၂၆ )

( ၂၇ )

သီချင်းခေါင်းစီး

ဝဋ်ကြွေး

အချစ်ရိပ်ညနေ

မျက်နှာ

ကာရံမဲ့အချိန်များ

တကယ်ပဲလဲ နင်မချစ်ပဲနဲ့

ချစ်သူ့အနား

ကြွေလွင့်ရတော့မယ်

သီဆိုသူ

ဇော်ဝင်းထွဋ်

ဝိုင်းစုခိုင်သိန်း

အိုင္အမ္ဘီ

ဝိုင်ဝိုင်း

ချမ်းချမ်း

ဘန်နီဖြိုး

အိမ့်ချစ်

Sunday, August 17, 2008

ကိုယ့်ဂျီမေလ်းကိုဘယ်သူတွေသိနေလဲစစ်ဖို့

သူငယ်ချင်းတို့ရဲ့ မေလ်းကို တစ်ခြားတစ်ယောက်က ဖွင့်ဖတ်ခဲ့လား ဆိုတာသိနိုင်ဖို့နဲ့
နောက်ပြီး ကိုယ်က ဆိုင်မှာသုံးတာဆိုလျှင် အလျှင်တလို sign out လုပ်ဖို့ မေ့သွားပြီး
တစ်ခြားတစ်ယောက်က ကိုယ့် ဂျီမေးလ်ကို ၀င်ခဲ့လားဆိုတာသိနိုင်ပါတယ်။
တစ်ချို့ ချစ်သူ စုံတွဲတွေက မိမိတို့ရဲ့ password ကို အပြန်အလှန်ပေးကျပြီး မိမိချစ်သူက
ဘယ်အချိန်မှာ မိမိအီးမေးလ်ကို ၀င်စစ်ခဲ့တယ်ဆိုတာကိုလဲ သိနိုင်ပါတယ်။
လုပ်ပုံလုပ်နည်းကတော့ ဒီလိုပါ .....................

(၁) အရင်ဦးဆုံး ကိုယ့်ရဲ့ ဂျီမေလ်းထဲကို ၀င်လိုက်ပါ Inbox ထဲကိုဝင်ပြီး စာမျက်နှာအောက်ဆုံးကို
ကြည့်လိုက်ပါ အောက်မှာပြထားတဲ့ပုံထဲက အနီရောင်ဝိုင်းထားတဲ့ Details ဘေးနားမှာ IP address
ကို တွေ့ရပါမယ်။ လွန်ခဲ့တဲ့နေ့ရက်က ၀င်ထားပြီး ဘယ်နေရာက ၀င်ထားတယ်ဆိုတာ သိနိုင်ပါတယ်။
တကယ်လို့ IP Adress ကိုကြည့်လိုက်လို့ကိုယ်မသိတဲ့ တစ်ခြားနေရာက IPဆိုရင်တော့
password ကိုပြောင်းလိုက်တာ အကောင်းဆုံးပါ ။

(၂)အနီရောင်ဝိုင်းထားတဲ့ Details ကိုနိပ်လိုက်ရင်တော့ ၀င်ခဲ့တဲ့ History ကိုသိနိုင်ပါတယ် အောက်ကပုံလေးအတိုင်းပါ။ (၃) IP Address ကိုကြည့်လို့ ဘယ်နေရာကလဲဆိုတာ သိချင်ရင်တော့ ဒီလင့်လေးမှာ http://whatismyipaddress.com/ ၀င်ပြီးကြည့်နိုင်ပါတယ် ။
အောက်ကပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်။

(၄) ကိုယ်သိချင်တဲ့ Ip Adress ကိုကော်ပီယူပြီး ပုံမှာပြထားတဲ့ အနီရောကွင်းစ ကွင်းပိတ်နဲ့ပြထားတဲ့ နေရာလေမှာထည့်ပြီး ကြည့်လိုက်ရင် သက်ဆိုင်ရာနိုင်ငံရဲ့နေရာဒေသကို ပြလာပါလိမ့်မယ်။

Friday, July 11, 2008

Ultra surf software ကိုသုံးပြီးပိတ်ထားတဲ့ဆိုဒ်တွေကြည့်မယ်

အရင်ဆုံး software ကိုီနေရာလေးမှာဒေါင်းပါ 212 KB ပဲရှိပါတယ်။
step : 1
mozilla firefox ထဲမှာ proxy နံပက်ကို change ရပါမယ် မchange ဖူးဆိုရင်
အလုပ်မလုပ်ပါဘူး အောက်မှာ အသေးစိတ်ရှင်းပြထားပါတယ်
ပထမဦးဆုံး mozilla firefox ကိုဖွင့်ပြီး Tools ထဲက Option ကိုဝင်လိုက်ပါ
ဒီပုံတိုင်းကြလာပါလိမ့်မယ်
step : 2
advanced ကိုဝင်လိုက်ပါ ပြီးရင် အနီရောင်လေးပြထားတဲ့ Setting ကိုနိပ်လိုက်ပါ
ဒီပုံထက်ပေါ်လာပါလိမ့်မယ်

step : 3
manual proxy configuration ကိုရွေးပြီး အနီရောင်ပြထားတဲ့ နေရာက HTTP Proxy ဘောစ့်ထဲမှာ 127.0.0.1 ကိုရိုက်ထည့်ပြီး ဘေးက Port ဘောစ့်ထဲမှာ 9666 ကိုရိုက်ထည့်လိုက်ပါ OK ကိုနိပ်လိုက်ပါ ပြီးရင် ဒေါင်းလုပ်ယူထားတဲ့ software icon ကို open လိုက်ပါ ဒီပုံပေါ်လာပါလိမ့်မယ်

step : 4

ဒီနေရာမှာ ကိုသုံးတဲ့ဂျီတော့ setting ထဲက connection ထဲမှာ Proxy Host နဲ့ Proxy Portနံပက်ကို copy ယူပြီး အပေါ်ပုံက မြှားပြထားတဲ့ နေရာကိုရွေးပြီး ဘောစ့်ထဲမှာ paste လုပ်လိုက်ပါ ပြီးရင်အိုကေနိပ်လိုက် ဒီပုံလေးကြလာပါမယ်

အနီမျှဉ်းသားထာတဲ့နေရာမှာ succesfully ဖြစ်ပြီဆိုရင် တရုတ် ၀က်ဆိုဒ်တစ်ခုကြလာပါလိမ့်မယ် ဒါဆိုပိတ်ထားတဲ့ဆိုဒ်တွေကိုကြည့်လို့ရပါပြီ google page အသစ်ခေါ်ပြီးလဲကြည့်လို့၇ပါတယ်

Wednesday, July 2, 2008

မိုးရာသီခံစားမူ့

စွတ်စွတ်ဖြူနေတဲ့ မိုးဖွဲပွင့်တွေကြားမှာ လွှင့်ခနဲ့ တွေ့လိုက်ရတဲ့ နှစ်ထောင့်ရှစ်ခုရဲ့ ဇွန်လှိုင်လဟာ အေးချမ်းမူ့တွေနဲ့ ရွှန်းစိုသက်ဝင်နေပါပြီ။ လူသားတိုင်းမှာ စိတ်ကူးယဉ်အိမ်မက် ကိုယ်စီရှိကြမှာပါ ဒီအိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကိုယ်ရပ်တည် ကျင်လည်နေတဲ့ အသိုင်းအ၀ိုင်းမှာ သင်ယူလေ့လာ စူးစမ်းနေရတာလဲ ဧကန်ပါပဲ ဒီလိုပဲ လောကကြီးရဲ့ အလှတရားကို ရှာဖွေစူးစမ်း နေကြတဲ့ လူတွေလဲ ရှိပါတယ် ကျွန်တော်ကတော့ သက္ကရာဇ်တွေထဲက ရာသီတိုင်းရဲ့ အလှတရားတွေကို မှီပြီး ခံစားချက်တွေ အမြဲရှိနေတတ်တယ် ကြည်နူးခြင်း၊ ကြေကွဲခြင်း အစုံပါပဲ ခုတော့ ဇွန်လှိုင်လမှာ ဖြစ်လာတဲ့ ခံစားချက်တွေထဲက တစ်ချို့ကို စာလုံးလေးတွေအဖြစ် ပြောင်းလဲတင်ပြ ရင်ဖွင့်လိုက်ပါတယ်ဗျာ...............
ခုလိုမိုးရာသီမှာ အလွမ်းဓာတ်ခံ ရှိပြီးသာ သူတွေအတွက် ပိုလွမ်းစရာ ကောင်းနေတတ်တယ် မိုးစက်ပွင့်တွေကို တိုးဝှေ့ခံစားရင်း ဆောင်းဦးရဲ့ ပြတင်းပေါက်ကို ဖွင့်ဖို့ကြိုးစားနေတဲ့ ဇွန်လှိုင်မှာ ချစ်ခြင်းမေတ္တာတွေကို ပီပြင်စေတဲ့ ချစ်သူများရဲ့ ရန်ခုန်သံတွေဟာလဲ နှူးညံ့နေတတ်ပါတယ် ဒါကြောင့် အေးစက်တဲ့ မိုးစက်ပွင့်နဲ့ချစ်ခြင်းရနံ့လေးတွေ ပေါင်းစပ်ပါဝင်နေတဲ့ ဒီလလေးမှာ ချစ်တတ်သူတို့ အတွက် ကြည်နူးစရာ ရင်ခုန်ခြင်းများကို ဖန်းတီးပေးမယ့် နေ့လေးတစ်နေ့ ပါဝင်လို့နေပြန်ပါတယ်။ အပြောကျယ်လှတဲ့ ဒီကမ္ဘာကြီးမှာ လူပြောသူပြောများတဲ့ ချစ်ခြင်းတရားဟာ အဆုံးမရှိသလို နက်နဲတဲ့ ချစ်ခြင်းမေတ္တာကို သိမ်မွေ့တဲ့ နှလုံးသားဖြင့်သာ ခံစားသိမြင်နိုင်မှာပါ ထို့အတူ နူးညံသောလည် ခိုင်မာလှတဲ့ ချစ်ခြင်းမေတ္တာတွေကို ထာဝရရှင်သန်နိုင်ဖို့ သစ္စာရှိစွာနဲ့ စူးရှတဲ့ချစ်ခြင်းတို့ ပေါင်းစပ်ဖို့ လိုအပ်တယ်လို့ ယုံကြည်မိပါတယ်။ သူငယ်ချင်းတို့ကျွန်တော်တို့ ရင်မှာ ချစ်ခြင်းတရားတွေရှိပြီးဖြစ်လို့ ဒီချစ်ခြင်းတွေကို ခိုင်မာတည်မြဲဖို့ သစ္စာတရားကို အခြေခံပြီး ချစ်ခြင်းမေတ္တာအားကြီးအောင် ကြိုးစားဖို့ပဲလိုပါတယ်.........
ဒါကြောင့် ခုလိုအေးချမ်းတဲ့ မိုးရာသီနဲ့အတူ မေတ္တာရနံတွေ သင်ပျံနေတဲ့ ဇွန်လှိုင်လမှာ ကျွန်တော့်ရဲ့ ဘလော့ကို လာရောက်အားပေးတဲ့ သူငယ်ချင်းတို့လဲ ချစ်ခြင်းရနံ၊ မေတ္တာရနံတွေနဲ့ ထာဝရ သင်းပျံလန်းဆန်း နှိင်ပါစေလို့ မိုးစက်ပွင့်တွေကို သက်သေပြုလို့ ဆုမွန်ခြွေလိုက်ပါတယ်ဗျာ.............

Tuesday, July 1, 2008

အနမ်းဒိုင်ယာရီ

ဖူးငုံစိုအိ သန္တာရောင်အသွေးနှင့်
နှုတ်ခမ်း တစ်စုံထက်မှာ
တစ်ရှိုက်မက်မက် အနမ်းမိုးများ
ရွာသွန်းဖြိုးလို့ အချစ်တစ်ခုကို
စတင်ဖန်တီးခဲ့တယ်၊

မထူးဆန်းစွာ ထူးဆန်းနေသော
ခံစားမူ့အာရုံ ဝေဒနာတွေများနှင့်
ချစ်ခြင်းတရားရဲ့ မော်ကွန်ယက်မှာ
နှလုံးသွေးတို့ ဆူဝေစွာနှစ်မြောခဲ့ရ
အနမ်းတစ်ခုထဲက ချစ်ခြင်းတရားတွေဟာ
စကားလုံးတွေထက် ခိုင်မြဲနေတာ
ခံစားသိလိုက်ရတယ်၊
ရီဝေရစ်မူးစွာ အနမ်းရဲ့အဆုံး
အနမ်းများရဲ့အဆုံးမှာ။

အဲ့ဒီနေ့က............
လှပသစ်လွင် ကြည်ပြာရောင်အသွေးနှင့်
မိုးကောင်းကင် တစ်ခုအောက်မှာ
တိုးတိတ်တိတ် ချစ်သင်္ကေတနဲ့
နွေးထွေးစွာ အကြင်နာတွေဖလှဲခဲ့တာ
လေပြေတွေသာ စကားပြောတတ်မယ်ဆိုရင်
သတင်းတွေပေါက်ကြားရောပေါ့ ချစ်သူ။

Friday, June 20, 2008

သွေးပျက်သောနေ့

၁၂.၆.၂၀၀၈ ဒီနေ့မိုးတွေ အပြင်မှာအရမ်းကိုအုံ့ ဆိုင်းနေပါတယ် ဒါနဲ့ ဟိုယောင်ယောင် ဒီယောင်ယောင် နေပြီးအိမ်တွင်းအောင်း နေခဲ့ရတယ် မြ၀တီကလွှင့်တဲ့ ဇတ်လမ်းပြီးလို့ ယူရိုနှစ်ထောင်ရှစ် ဘော့လုံးပွဲ ကြည့်နေတုန်း ညတစ်နာရီမှာ မိုးက သည်းသည်းမည်းမည်းကို ရွာလာပါသည် တစ်ညလုံးရွာလိုက်တဲ့ မိုးက မနက် ဆယ်နှာရီလောက်မှ ဆဲသွားခဲ့ပါတယ် အကျိုးဆက်အနေနဲ့ မြို့ထဲက နေရာတော်တော်များများမှာ တောင်ပြို(မြေပြို)ြုပီး ရေကြီးခဲ့ပါတယ် ဒီထက်ဆိုးဝါးသာက လူဆယ်နှစ်ယောက်လောက် သေဆုံးခဲ့ရပြီး ခြောက်ဆယ်ကျော်လောက်က အိုးအိမ်မဲ့ ဖြစ်သွားခဲ့ရတယ် ဒီထဲမှာ မောင်နှမလေးယောက်ကအိပ်နေတုန်း ရေနဲ့မျှောပါသေဆုံးခဲ့ရပါတယ် တောင်ပြိုမြေပိပြီး သေဆုံးခဲ့သူများကတော့ ခြောက်ယောက် ကိုယ်ဝန်သည် မိခင်အပါ ခုနှစ်ယောက်ပါ ဒီတစ်ခါရေကြီးမူဟာ ဒုတိယအကြိမ်ဖြစ်ပြီး မိုးကုတ်မြို့ရဲ့သမိုင်းမှာ အကြီးကျယ်ဆုံးဖြစ်ရပ်တစ်ခုပါ .............
မိုးကုတ်မြို့ကို တောင်နဲ့မြှောက်ဖြတ်ပြီး စီးဆင်းနေတဲ့ ရေနီချောင်းဆိုတာ ရှိပါသည် မိုးကုတ်မြို့ရဲ့ ရာဇ၀င်မှာ အရေးပါတဲ့ ချောင်းလေးတစ်ခုပေါ့ဗျာ ရှေးလူကြီးတွေ ပြောထားတဲ့ အယူအဆ တစ်ခုရှိပါတယ် ဒီရေနီချောင်းက ရေတွေတာ ကြည်လင်သွားမယ် ဆိုရင် မိုးကုတ်မြို့နေ ပြည်သူတွေဟာ ထမင်းငတ်ကုန်မယ်ပေါ့ ဘာကြောင့်လဲဆိုတော့ မိုးကုတ်မြို့ရဲအဓိကစီးပွားရေဖြစ်တဲ့ ကျောက်(ပတ္တမြား) တူးဖော်ရာမှာ မြေဆီလို့ခေါ်တဲ့(ဗြုံး) တွေကို ရေနဲ့ဆေးကြောရတာပါ ဒီလိုဆေးလိုက်လို့ စွန့်ပြစ်ပစ္စည်းဖြစ်တဲ့ ကနယ်ရေ၊ ရွှံဗွက်ရေတွေဟာ ဒီချောင်းလေးထဲကတစ်ဆင့် စီးဆင်းခဲ့လို့ပါပဲ ဒါကြောင့်ဒီချောင်းက ရေတွေဟာ နီနေရတာပါ မိုးကုတ်မြို့လေးကို အကျိုးပြုတဲ့ချောင်းလေးဆိုရင်လဲမမှားပါဘူး ခုတော့ဒီချောင်းကပဲ မြို့လေးကို ဒုက္ခပေးသွားခဲ့ပါတယ်
ဒီအောက်မှာ ကျနော လက်လှမ်းမှီသလောက် ပုံလေးတွေကို တင်ပြပေးလိုက်ပါတယ်....

ရေနီချောင်းကရေတွေဒီလို ကျိုးပေါက်ခဲ့ရပါတယ်
မြေပြိုပြီး ပိသွားခံခဲ့ရတဲ့ အိမ်လေးတွေပါ
အပေါ်ကနေ မြင်ခဲ့ရတဲ့ မြေပြိုရာနေရမိုးကုတ်မြို့ရဲ့ စီးပွားရေအချက်အခြာဖြစ်တဲ့ကျောက်ဝိုင်းထဲကပျက်စီးမူ့
အင်း ထဲကိုရေတွေဝင် ရေလျှံခဲ့ရတဲ့အဖြစ်အပျက်ပါ

Friday, June 6, 2008

သာမညနဲ့ပဓာန

ကျွန်တော်တို့ လူဘ၀ကို ကျရောက်လာပြီဆိုပါက မလွဲမသွေ ထမ်းဆောင်ရမည့် လူမူ့ကိစ္စများ များမြောင်စွာရှိပါသည် ထိုထဲမှ ဧကန်မုချ ဆောင်ရွက်ရမည့် အရေးအကြီးဆုံး တာဝန်တစ်ရပ်ကို ပြောပါဟု ဆိုလာလျှင် သူငယ်ချင်းများ မည်သို့ ဖြေကြမည်နည်း။ စားဝတ်နေရေး ဖြေရှုင်းမူ့ဟု ပြောမည်လား အိမ်ထောင်ပြု သားမွေးပြီးမိသားစုနှင့် အတူတကွ ပေါင်းစည်း၍ လူ့အဆောက်အအုံ မြင့်မားတိုးတတ်ရေးကို ရှေးရှုမူ့ဟုပြောမည်လား မှန်သင့်သလောက်မှန်ပါသည် လူအမျိုးမျိုး စိတ်ကူးအဖုံဖုံမို့ အဖြေတွေလည် ထွေလီကာလီ ထွက်လာမည်မှာ သေချာပါသည်။ ဒီလိုအဖြေမျိုးပေးလာမယ်ဆိုရင် တိရစ္ဆာန်တွေမှာပင် ၀တ်မူ့မှတစ်ပါး စားမူ့၊ နေမူ့များကို သဘာဝအတိုင်း ဖန်းတီးနေနိုင်ကြပါသည် မေထုန်မှီဝဲ၍လဲ အရေအတွက် တိုးတတ်ရေးကို ပြုတတ်ကြပါတယ် တူရာအချင်းချင်းစုဝေး၍လဲ သဘာဝအလျောက် စည်းလုံးညီညွတ်ကြပါသည်။ လူဘ၀တွင်စားဝတ်နေမူ့၊ မေထုန်မှီဝဲမူ့၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မူ့တို့သည် သာမည အကျဆုံး သဘာဝမျှသာ ဖြစ်ပါသည် ဒါကို မဓာန အကျဆုံးဟု သတ်မှတ်မည်ဆိုပါက အနိမ့်ဆုံး၊ အညံဆုံးအတန်းစားတို့ ကျရောက်၍ လူများသည် တိရစ္ဆာန်နှင့် ဘာမျှခြားနားတော့မည် မဟုတ်ပါ လူသည် တိရစ္ဆာန်ထက် အသိညဏ် ပိုရှိသည်ဟု သတ်မှတ်ချက် ရှိတာကြောင့် အနေအထိုင်၊ အပြုအမူ၊ အပြောအဆို၊ အရာအားလုံးသည် တိရစ္ဆာန်ထက်ပို၍ အဆင့်မြင့်ရမည် ထိန်းသိမ်းနိုင်ရမည် ဖြစ်ပါသည်။ လူ့လောကတွင် လူတို့၏စိတ်ကိုလိုက်၍ ဘ၀ကို သုံမျိုးခွဲခြားလိုရပါသည် ပစ္စည်းဥစ္စာကြွယ်ဝမူ့၊ ရာထူးဂုဏ်သိန်မြင့်မားမူ့ကိုအရေးထားသူတို့မှာ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမူ့ကို အလေးထားကြပါသည် ဒီလူတွေဘ၀မှာ ရုပ်ပိုင်းဆိုင်ရာပြည့်စုံမူ့သာ မဓာန ကျနေတတ်ပါတယ် လောဘလွန်ကဲလာတဲ့ အခါမှာ တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ ကိုယ့်အကျိုးကိုသာ ရှေ့ရှူ့ လုပ်ဆောင်တတ်ကြပြီး လူမူ့ကျင့်ဝတ်တွေကို ဖောက်ဖျတ်တတ်ကြပါတယ် အချို့သောလူများက အသိပညာ၊ အတတ်ပညာ ဘွဲ့ထူးဂုဏ်ထူး တွေကို အထင်တကြီး ကိုးစားလျက် ပညာပိုင်းဆိုင်ရာ ပြည်စုံမူ့ကို တန်ဖိုးထား တတ်ကြပါတယ် ပညာပိုင်းဆိုင်ရာနဲ့ ပက်သက်ပြီး ကျွန်တော့် အမြင်ကို ပြောရမယ်ဆိုရင် ပညာဆိုတာ ဘယ်လောက်ပဲ လေ့လာလေ့လာ ပြည့်စုံတယ်ဆိုတာမရှိပါဘူး ကိုယ်ဆည်းပူး လေ့လာနိုင်တဲ့ အပိုင်းမှာတာ ပြည့်စုံသလိုရှိတာပါ ဒါကို ပြည့်စုံတယ်ထင်ပြီး မာန်မာနထောင်လွားနေရင် အဲ့ဒီ အတတ်ပညာဟာလဲ အချည်းနှီးပါပဲ တစ်ခြားသော ကိုယ်မတတ်တဲ့ ပညာတွေများစွာ ကျန်နေပါသေးတယ် ဖြစ်သင့်တာကတော့ ကိုယ်လေ့လာဆည်းပူးထားပြီး ကိုယ်တတ်တဲ့ပညာနဲ့ ပက်ဝန်ကျင်ကို ဘယ်လောက် အကျိုးပြုနိုင်ပြီလဲ ပြန်လည်လက်ဆင့်ကမ်း ပေးနိုင်ပြီလား ဆိုတာ အဓိကကျပါတယ် .......................
ကျွန်တော်ယူဆမိတာကတော့ ပစ္စည်းဥစ္စာ၊ ရာထူးဂုဏ်သိမ်၊ အသိပညာ၊ အတတ်ပညာ ဘွဲ့ထူးဂုဏ်ထူး စတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြည်စုံမူ့တွေဟာ ဘူဘ၀မှာ အထိုက်အလျောက် လိုအပ်ပေမင့် ဘ၀တန်ဖိုးကို တကယ်တန်း သတ်မှတ်မပေးနိုင်ပါဘူး မမြှင့်တင်ပေးနိုင်ပါဘူး ဒီနေရာမှာ နည်းနည်းပြောချင်တာက တန်ဖိုးကိုပါ တန်ဖိုးဆိုရာမှာလဲ တန်ဖိုးနဲ့ ဈေးနှုန်း ကွဲပြားဖို့ လိုပါတယ် ဥပမာ သူဌေးသားတစ်ယောက်နဲ့ ရာထူးဂုဏ်သိမ်တွေဟာ ဈေးနှုန်းဖြစ်ပါတယ် ပက်ဝန်းကျင်ပယောဂနဲ့ ရန်သူမျိုးငါးပါးကြောင့် အချိန်မရွေးပျက်စီး သွားနိုင်ပါတယ် ဆိုလိုချင်တာက ကိုယ်ပိုင်မဟုတ်တဲ့ အရာပေါ့ဗျာ ကိုယ်ကျင့်သိက္ခာပိုင်း ဖြစ်တဲ့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ကြတော့ ကိုယ်ရဲ့ ကိုယ်ပိုင်တန်ဖိုးဖြစ်ပါတယ် ၀ယ်ယူလို့မရသလို တောင်းယူလို့ လဲမရပါဘူး ဘယ်သူမှလဲခိုးလို့မရပါဘူး ဘာကြောင့်မှလဲ မပျက်စီးနိုင်ပါဘူး ကိုယ်တိုင်ကျင့်ကြံ စောင့်ထိန်းနိုင်သမျှ တည်နေတဲ့အရာပါ သံသရာမှာလဲ ကိုယ်နဲ့အတူ လိုက်ပါကာ ကိုယ့်ကို ကောင်းအောင်ဖန်းတီးပေးမယ့် ကံတရားတွေဆိုရင် လဲမမှားပါဘူး နောက်ပြီး ဒီတရားတွေဟာ လူ့ယဉ်ကျေးမူ့တိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ် လောကကြီးကိုအေးချမ်းစေတဲ့ ဒီတရားတွေဟာ ကိုယ့်နှလုံးသားထဲမှာ ဘယ်လောက်ကိန်းနေသလဲဆိုတာနဲ့ပဲ လူတန်ဖိုးကို တိုင်းလို့ရပါတယ် ဒါကြောင့် စိတ်ပိုင်းဆိုင်ရာဖြစ်တဲ့ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းနိုင်မှာသာ လူရဲ့ဘ၀တန်ဖိုးကို မြင့်မားအောင် ဆောင်ကျင်ပေးနိုင်မှာ ဖြစ်ပါတယ် ရုပ်ပိုင်းဆိုင်ရာပြည့်စုံမူ့ ကိုဖန်တီးနိုင်သူကိုတော့ လူတော်လို့မြင်မိပါတယ် ဒါပေမယ့် လူကောင်းမဖြစ်သေးပါဘူး။ နောက်တစ်ခုတိုက်တွန်းချင်တာကတော့ သူငယ်ချင်းတို့ဟာ လူတော်ဖြစ်နေတယ်ဆိုရင် လူကောင်းဖြစ်သွားအောင် လာချင်းကောင်းခဲ့တဲ့ မိမိတို့ဘ၀ကို ကျေးဇူးဆပ်သောအားဖြင့် မိမိတို့ဘ၀ရဲ့ အချိန်တစ်စိတ်တစ်ပိုင်းကို တစ်ခြားသူတွေအတွက် အသုံးပြုလိုက်ကြပါ သူငယ်ချင်းတို့ဟာ ကြင်နာတတ်တဲ့မျက်လုံးနဲ့ ကြည့်မယ်ဆိုရင် လောကကြီးမှာ အကူအညီ လိုအပ်နေသူတွေ အများကြီးကိုတွေ့ရမှပါ ဒီလိုသာလုပ်ခဲ့နိုင်မယ်ဆိုရင် သူငယ်ချင်းတို့ဟာ လူတော်ဖြစ်သလို လူကောင်းလဲဖြစ်မှာ သေချာပါတယ် ဒါကြောင့် လူတော်ဖြစ်ရုံနဲ့တင်းတိမ်မနေပဲ လူကောင်းဖြစ်အောင်ကြိုးစားဆို့ဗျာ......................................
နာဂစ်မုန်းတိုင်းမိ ပြည်သူများအတွက် နေထိုင်စားသောက်ရေး ကူညီပေးကြရန် ကိုယ့်အမြင်ဖြင့် ခံစားတင်ပြခြင်းဖြစ်ပါတယ်ဗျာ.....

Tuesday, May 13, 2008

သတို့သမီးအလိုရှိသည်။

ကျွန်တော်မိန်းမတစ်ယောက် လောက်ယူရင်ကောင်းမလားလို့ စိတ်ကူးကြည့်မိပါတယ် ဒီစိတ်ကူးလေးကို အကောင်အထည်ဖေါ်ကြည့်တော့ ဘယ်လိုမိန်းမမျိုးက ကျွန်တော်နဲ့ လိုက်ဖက်မယ်ဆိုတာကို ပြန်ပြီးစဉ်းစားကြည့်တော့
၁။ ကျွန်တော် ယူမယ့် မိန်းမက လူတိုင်းငေးမော်ရလောက်အောင် အလှဘုရင်မလေးလို လှစရာမလိုပါဘူး ကိုယ်လုံးကိုယ်ပေါက် အပိုအလိုမရှိပဲ အနေတော်လေးနဲ့ ချစ်စရာကောင်းရင်အဆင်ပြေပါပြီ။ ကျွန်တောကျီစားရင် ကျီစားမှန်းသိရမယ်။
၂။ ကျွန်တော်ယူမယ့် မိန်းမဟာ ငွေကြေးချမ်းသာစရာမလိုပါဘူး ခေတ်ပေါ်အ၀တ်အစားတွေကို
ဝတ်နိုင်စားနိုင်ရင်လုံလောက်ပါပြီ။
၃။ မင်္ဂလာဆောင်မယ်ဆိုရင်လဲ ခုခေတ်ကုန်ကျစရိတ်ကို ချွေတာတဲ့အနေနဲ့ကျွန်တော်ယူမယ့် မိန်းကလေးက တစ်ဝက် သူ့မိဘတွေက တစ်ဝက်စီ ကုန်ကျခံရပါမယ်။
၎။ အသွင်မတူရင် အိမ်သူမဖြစ်ဘူးဆိုတာကို ကျွန်တော်နားလည်ပါတယ်၊ ဒါကြောင့် လက်ထပ်ပြီးစမှာ စိတ်တူကိုယ်တူဖြစ်အောင်လုပ်ပါမယ် ဥပမာ ကျွန်တော်တစ်နေ့တာလုပ်ငန်းတွေပြီးလို့ အနားယူတဲ့အနေနဲ့ အရက်သောက်ချင်တယ်ဆိုရင် သူက အမြည်းလုပ်ပေးမယ် အရက်စက်ပေးမယ်ပေါ့၊ နောက်ပြီး ရုပ်ရှင်ရုံမှာ နေတိုးကားသစ်တင်လို့ သူကသွားကြည်ချင်တယ် ကျွန်တော်က အဲ့ဒီမင်းသားမကြိုက်ဘူး မသွားဘူးငြင်းတယ်၊ အဲ့လိုအခြေအနေမျိုးဖြစ်လာရင် နှစ်ယောက်စလုံးမသွားတော့ဘူး မြ၀တီကလာတဲ့ကိုရီးယားကားပဲကြည့်မယ်။
၅။ သူမရဲ့ကျန်းမာရေးကိုလဲ ကျွန်တော် ဂရုစိုက်မယ် ချိုလွန်းတဲ့အစားအစာတွေ ဥပမာ ဈေးကြီးပေးရတဲ့ ချီစ်တို့ချောကလက်တို့ကို သူမကို လက်ဖျားနဲ့တောင်မထိစေ၇ပါဘူး၊ အနှစ်နာခံပြီးကျွန်တော်ပဲစားမယ်။
၆။ ကျွန်တော်ယူမယ့် မိန်းမကို ခေတ်နဲ့အညီ စတိုင်ကျကျဆင်ပေးပါမယ် ဒါပေမယ့် လောဘသားတွေ အန္တရာယ်က ကာကွယ်တဲ့အနေနဲ့ ရွှေတွေစိန်တွေကိုပေးမ၀တ်ဘူး ဈေးကြီးပေးရတဲ့အ၀တ်အစားတွေမ၀တ်စေရဘူး။ ပိုက်ဆံကိုပေးမသုံးပါဘူး။
ရ။ ထမင်းဟင်းနဲ့ပက်သက်ပြီး သူမ ဘယ်လိုချက်ချက် ကျွန်တော့်အတွက် အရေးမကြီးပါဘူး အရသာရှိရင်တော်ပါပြီ မြန်မာဟင်းကြီးပဲချက်စရာမလိုပါဘူး၊ ဒီနေ့မြန်မာစာ နောက်နေ့တရုတ်စာ နောက်တစ်နေ့ ရှမ်းစာ စသဖြင့် ပြောင်းလဲပြီးချက်ရင်လဲလက်ခံပါတယ် အဲ့ဒီဖက်မှာ သူမကို လုံးဝလွတ်လပ်ခွင့်ပေးထားပါတယ်။
ဂ။ အိမ်သန့်ရှင်းရေးအတွက် ကျွန်တော်သူမကို ဘာမှတောင်းဆိုမှာ မဟုတ်ပါဘူး အိမ်ရှင်မကောင်းတစ်ယောက်ပီသရင်သူမရဲ့အသိစိတ်နဲ့လုပ်ပါလိမ့်မယ် ကျွန်တော့်အ၀တ်အစားတွေကို မီးပူတိုက်ဖို့မပြောပါဘူး သန့်ရှင်းသပ်ရက်နေရင်တော်ပါပြီ။
၉။ လှည်းကျင်းလျှောဖွတ်ရလို့ သူမ ပင်ပန်းနေပြီဆိုရင် သူမကို အနားယူခိုင်းပါမယ် အမောပြေပြီဆိုမှ ကျန်တဲ့ ပန်ကန်ခွက်ယေက်တွေကိုဆေးခိုင်မယ်၊ ဈေးသွားမယ်ဆိုရင်လဲ ကျွန်တော်အမြဲလိုက်ပါမယ် အတူတူသွားပြီး ဈေးခြင်းတောင်းကို ကျွန်တော်ကိုင်မယ် အပြန်ကြမှသူမကို အလှည့်ပေးမယ်။
၁၀။ နောက်ဆုံးတစ်ခုကတော့ ကျွန်တော့် သဘောထားနဲ့တိုက်ဆိုင်သမျှ သူမပြောတာကို လက်ခံနားထောင်မယ်၊ နောက်ပြီး ကျွန်တော် အမိန့်ကို အမြဲတမ်းနာခံရမယ်လို့ ကျွန်တော်ဘယ်တော့မှ မပြောပါဘူး ကျွန်တော့်ဆန္ဒတွေကိုဖြည့်ဆည်းပေးရင် ကျေနပ်ပါပြီ မဖြည့်ဆည်းပေးနိုင်ဘူးဆိုရင်လား၊ နောက်တစ်ယောက်ရှာပစေပေါ့ သဘောထားကြီးစွာနဲ့ ခွင့်လွတ်လိုက်မယ် ဟုတ်ဘူးလားနော့်
ဟုတ်ကဲ့ ခုလိုကျွန်တော့်ရဲ့ဆန္ဒတွေကို စိတ်ရှည်လက်ရှည် ဖက်ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်
အထက်ဖေါ်ပြပါ အချက်များကို လက်ခံနိုင်မယ့် သတို့သမီးလေး တွေ့ရှိထားရင်ဖြင့် ကျွန်တော့်
အီးမေးလ်ကို ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်ခင်ဗျာ...