^☺^☺^☺^☺^☺^☺^ ဖရက်စ် သီချင်းများ ^☺^☺^☺^☺^☺^☺^
Album ---{ 1 }
စဉ် ( ၁ ) ( ၂ ) ( ၃ ) ( ၄ ) ( ၅ ) ( ၆ ) ( ၇ ) ( ၈ ) ( ၉ ) ( ၁၀ ) |
သီချင်းခေါင်းစီး မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး |
သီဆိုသူ L ဆိုင်းဇီ လင်းနစ် ဒို ရေ မီ မာရဇ္ဇ ကြိုးကြာ နေနေ Shakia ထွဏ်းခမ်း ရွှေရည်ဖြိုးမောင် ဆုန်သင်းပါရ် |
Album ---{ 2 }
စဉ် ( ၁၁ ) ( ၁၂ ) ( ၁၃ ) ( ၁၄ ) ( ၁၅ ) ( ၁၆ ) ( ၁၇ ) ( ၁၈ ) ( ၁၉ ) ( ၂၀ ) |
သီချင်းခေါင်းစီး |
သီဆိုသူ စိုးပိုင် ညဏ်လင်းအောင် ဗန်းသော့ဒ်ကျင်း စိုင်းလိတ် မင်းမင်း ၊ သီရိခင်ဇော် ထူးအယ်လင်း ၊ မီးမီးခဲ စန္ဒီ ဇော်ဝင်းထွဋ် ရှင်ဖုန်း ၊ N ကိုင်ရာ ဇော်ဝင်းထွဋ် |
Album ---{ 3 }
စဉ် ( ၂၁ ) ( ၂၂ ) ( ၂၃ ) ( ၂၄ ) ( ၂၅ ) ( ၂၆ ) ( ၂၇ ) |
သီချင်းခေါင်းစီး |
သီဆိုသူ ဇော်ဝင်းထွဋ် ၀ိုင်းစုခိုင်သိန်း အိုင်အမ်ဘီ ၀ိုင်ဝိုင်း ချမ်းချမ်း ဘန်နီဖြိုး အိမ့်ချစ် |
Wednesday, March 26, 2008
သိစေချင်သည်
တစ်နှစ်သာ၏ ရာသီကာလ ဆောင်းအကုန်နွေအကူး စပ်ကြားမက်ကြား ကာလ အချိန်အားဖြင့် မြူနှင်းများ ကင်းရှင်းခါစ နံနက် ခုနှစ်နာရီ ၀န်းကျင် ကျွန်တော် အိပ်ယာထလို့ရေမိုးချိုးပြီးခဏမှာပဲ ''တီတီ'' ဆိုတဲ့ ကြားနေကြ ဆိုင်ကယ်ဟွန်းသံနှင့်အတူ သူငယ်ချင်း တစ်ယောက်ရဲ့ ခေါ်သံကို ကြားလိုက်ရသည်။ ကပိုကရို့ဝတ်ကာ သူငယ်ချင်းဆိုင်ကယ်နဲ့ အတူ ထွက်လာခဲ့တယ် စားနေကြ ရှမ်းခေါက်ဆွဲဆိုင်လေး ရောက်တော့ ကိုယ်စားချင်းတာ မှာပြီးစားနေတုန်းမှာပဲ ''တို့ဟူးနွေးသုံးပွဲ ခေါက်ဆွဲမထည့်ဘူးအကြော်နဲ့ထည့်ပေးပါ'' ဟေမာန်ဆောင်းရဲ့ နံနက်ခင်းထက် အေးမြပြီး အဖြူရောင်မြူနှင်းတွေလို နူးညံသော အသံလှိုင်းတစ်ခု နားထဲကို စီးဝင်လာပါသည်။ ဒီအသံလေးကိုကြားရတော့ အသံရှင်ကို သိချင်လာတာနဲ့ မျက်လုံးကို အသာပင့်ပြီး ကြည့်လိုက်တော့ ပါးတစ်ဖက်စီမှာ မခြောက်သေးတဲ့ သနပ်ခါး အ၀ိုင်းလေးသုံးခု၊ ပြီးတော့ ပိုးသားလို နူးညံပြီး ရှည်လျားတောက်ပတဲ့ ဆံကေတာကို ပိုင်ဆိုင်ထားသူ၊ တစ်ခါမြင်ရုံနဲ့ ဘယ်တော့မှ မမေ့နိုင်အောင် ရင်ထဲစွဲဝင်သွားစေမယ့် အလှပိုင်ရှင်ပါ၊ ကောင်မလေးနဲ့ အကြည့်ချင်း ဆုံသွားတဲ့ အခိုက်မှာ အိပ်ရေ၀၀ အိပ်ထားရသဖြင့် မျက်ဝန်တွေက ကြည်လဲ့ကာနေပြီး၊ နှုတ်ခမ်းဖူးဖူးလေးရဲ့ အလှကို ပိုပီပြင်စေဖို့ အတွက် စိုအိနေအောင် ဆိုးထားတဲ့ နှုတ်ခမ်းနီတန်ဖိုးက သောင်းအောက်မှာမရှိနိုင်ပါဘူး။ ရင်တွေခုန်လွန်းလို့ စားနေသည့် ခေါက်ဆွဲအရသာ ဘယ်ရောက်သွားလဲ မသိတော့ဘူး။ သူမှာထားတဲ့ ခေါက်ဆွဲလေး မရသေးပါစေနဲ့လို့ ဆိုတဲ့ ဆုတောင်းက မပြည့်ခဲ့ပါ ဆိုင်ရှင်က ပါဆယ်ထုပ်ကို လှမ်းပေးပြီး ကျသင့်ငွေကို ယူပြီးနေပြီ၊ လှစ်ကနဲ့တစ်ချက်ကြည့်ပြီး ဂန္ဓ၀င်ဆန်စွာ လှည့်ထွက်သွားတဲ့ သူကျောပြင်ကို ငေးကြည့်နေမိပြီး ကျွန်တော့်အာရုံမှာ ပက်ဝန်ကျင် တစ်ခုလုံး မရှိတော့ဘူး၊ သူငယ်ချင်းက လက်တို့ပြီး သွားမယ်ဆိုမှပဲ အသိတွေပြန်ဝင်လာခဲ့တယ်၊ ဒါနဲ့ ကောင်မလေးနောက်ကို လိုက်လာကြပြီး လမ်းမှာ သူငယ်ချင်းက ''စတိုင်မိတယ်ကွာငါတော့နှလုံးသားမှာတစ်ခါထဲကိုနေရာပေးလိုက်ပြီ'' ခုနက ကြည်နူးနေတဲ့ ကျွန်တော်ရဲ့စိတ်တွေ ဘယ်ပျောက်ကုန်လဲ မသိတော့ဘူး အခင်မင်ရဆုံး သူငယ်ချင်းလဲဖြစ်ပြန်၊ ကိုယ်ကိုယ်တိုင်ကလဲ အချစ်ရေးကို ဦးစားမပေးနိုင်သေတာက တစ်ကြောင်းကြောင့် သူငယ်ချင်းရဲ့ ခံစားချက်ကို ဦးစားပေး လိုက်ပါသည်။ ကျွန်တော့်သူငယ်ချင်း အကြောင်းကိုလဲ သိနေတယ်လေ မိန်းကလေးတွေဆိုရင် ထည်လှဲတွဲနေရတာကို ဂုဏ်ယူနေတတ်တဲ့သူပါ သူ့ရည်းစားတွေ များလွန်းလို့ကျွန်တော်ဆို မမှတ်မိဘူး မိဘကလဲ ချမ်းသာ ရုပ်ရည်ကလဲ ယောက်ျားချင်းတောင် ငေးယူရတဲ့သူဆိုတော့ မိန်းကလေးတွေ ၀ိုင်းဝိုင်းလည်တာ မဆန်းပါဘူး။
နှစ်ယောက်စလုံးက အချစ်နဲ့ မစိမ်းသူတွေ ဆိုတော့ သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်နေကြပါပြီ၊ သူငယ်ချင်းကလဲ သူ့ရဲ့အချစ်သစ်နဲ့ အချိန်တွေကို ရင်ခုန်စွာ ဖြတ်သန်းနေပြီး၊ ကျွန်တော့်လဲ ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်ကြတော့ဘူး ကုန်ဆုံးသွားတဲ့ အချိန်တွေနဲ့အတူ တစ်နေ့သော နံနက် လေးနာရီ ကျော်ကျော်လောက်မှာ တံခါးခေါက်သံ ကြားလို့ ဖွင့်ကြည့်လိုက်တော့ ဒီကောင်ဖြစ်နေတယ် လူပုံစံက တော်တော်လေးကို နွမ်းနေပြီ '' ငါမင်းဆီမှာအိပ်မယ်ကွာ '' လို့ဆိုပြီးဝင်အိပ်ပါတယ်၊ မင်းဘယ်ကပြန်လာတာလဲလို့ မေးကြည့်တော့ ''ငါ့ကောင်မလေးဆီကနေ ပြန်လာတာပါ'' သိချင်စိတ်တွေတားမရတာနဲ့''မင်းအချိန်မတော် ဘာသွားလုပ်တာလဲကွ '' လို့ထက်မေးလိုက်တယ် ''အေကွာငါ့ကောင်မလေး မနက်ဖြန် မင်္ဂလာဆောင်တော့မယ် ဒါကြောင့်ငါသွားတွေ့လာတာ'' လို့ပြန်ပြောတယ် ကျွန်တော် ဒီကောင့်ကို လူယုတ်မာဘာညာဆိုပြီး ပက်ပက်စက်စက်ကို ဆဲတော့ သူကဘာပြန်ပြောတယ်မှတ်လဲ ''ဟေ့ကောင် မင်းဘာမှမသိပဲ မဇွတ်စွဲနဲ့ ငါ့ကောင်မလေးက သူမင်္ဂလာမဆောင်ခင် ယောက်ျားပီသပြီး ညဏ်ရည်ကောင်းတဲ့ အသွေးအသားကို ရသွား ချင်တယ်လို့ပြောတယ်ကွ'' ကျွန်တော် ဘုရားတမိလိုက်တယ် မကြာခင်မှာ ကာမပိုင် ရှိတော့မယ့် သတို့သမီးလောင်း တစ်ယောက်အနေနဲ့ လုပ်သင့်လားမလုပ်သင့်လား ဘယ်လိုရှူ့ထောင့်ကကြည့်ကြည့် မကောင်းဘူးဆိုတာကို မစဉ်းစာမိကြဘူးလားမသိပါဘူး ခေတ်ကြီးက ဘာတွေဖြစ်ကုန်ပြီလဲ သူတို့တွေ အချစ်ကို ဘယ်လိုများနားလည် လက်ခံထားကြပါလိမ့်နော်၊ အချစ်ဆိုတာ ကစားစရာတစ်ခုလို ထင်နေတာလားမသိဘူး။ စိတ်ထဲမှာ မကျေမနပ်ဖြစ်နေပြီး ကောင်မလေးအကြောင်းကို သိချင်လာတာနဲ့ စုံစမ်းကြည့်တော့ ဒီကောင်မလေးကလဲ ခေသူမဟုတ်ဘူး မိဘက ချမ်းသာတော့ လိုလေသေးမရှိအောင် ဖူးဖူးမှုတ်ထားတဲ့ကြားက ကောင်လေးတစ်ယောက်နဲ့ ခိုးရာလိုက်ပြေးသွားပြီးမှ အသက်မပြည့်သေးလို့ ခွဲထားရတယ်ဆိုပဲ၊ ခွဲထားလိုက်လို့ ငြိမ်ပြီလားဆိုတော့ အဲ့ဒီဖက်မှာ ၀ါသနာ ပါတယ်ပဲ ဆိုရမလားမသိဘူး ကောင်လေးတွေနဲ့ တွဲလိုက်တာ တစ်ယောက်ပြီးတစ်ယောက် ရှေ့က ဆိုင်ကယ်မောင်းတဲ့ သူသာပြောင်းသွာမယ် နေက်မှာသူက ပင်တိုင်ပ၊ဲ မိန်ကလေး တို့ရဲ့ သိက္ခာဟာ အပျိုစင် ဆိုတဲ့ ဂုဏ်ပေါ်မှာ တည်တယ် ဆိုတာကို ဒီကောင်မလေး မသိတာလား မသိချင် ယောင်ဆောင်တာလားဆိုတာကို သူတာအသိဆုံး ဖြစ်လိမ့်မယ်၊ စိတ်အလိုကိုလိုက်ပြီး စိတ်ခံစားမူ့ကို ဦးစားပေးလိုက်လို့ ခံစား၇တဲ့ သာယာမူ့ထက် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြသာနာက ပိုကြီးမှာပြီး ဖြေရှင်း၇ခက်တယ် ဆိုတာကို ပြောပြလိုက်ချင်ပေမယ့် လူဆိုတာက ကိုယ့်ကံကြမ္မာကိုယ်ဖန်းတီးပြီး ကိုယ့်ဘ၀ကိုယ် ကိုယ်ပဲ လျှောက်လှမ်းကြရတာမို့လား ဒီလိုပြောလိုက်လို့ ကျွန်တော့ကို ကိုယ်ချင်းမစားဘူး ပြောပြော အတ္တကြီးတယ်ဆိုချင်ဆို ပြန်လဲပြင်ဆင်လို့မရတော့ တဲ့အမှားကို ပြောနေလို့လဲ ကိုယ့်ကိုယ်မုန်းယုံကလွဲလို့ ဘာများဖြစ်လာနိုင်မှာလဲ ဒီတော့ လျှစ်လျှူရူ့လိုက်တာ အကောင်းဆုံးပဲလို့ထင်လိုပါ၊ တစ်နေ့မှာ ကျွှန်တော့်သူငယ်ချင်း မိသားစုက သူတို့သားရဲ့ medical check လုပ်ထားတဲ့ result ကို ပြတယ် အိစ်အိုင်ဗွီ positive တဲ့ ကဲမခက်လားဗျာ နှစ်ယောက်လုံးက အရှုပ်ထုတ်တွေ ဆိုတော့ ဘယ်နားကနေဘယ်လို ကူးစက်လားလဲ မသိတော့ဘူးလေ ကျွန်တော့်သူငယ်ချင်းလဲ အဲ့ဒီနေ့စလို့ စိတ်ဓာတ်ကြသွားပြီး အမြဲတမ်း ပျော်ရွှင်အောင် နေတတ်တဲ့သူက ငေါင်တောင်တောင်နဲ့ တွေဝေနေတော့တာပါပဲ စကားလဲ သိပ်မပြောတော့ဘူး၊ ဒီလိုနဲ့တစ်နေ့မှာ သူ့အိမ်ကဖုန်းဆက်လာတယ် မင်းသူငယ်ချင်း ဘာဖြစ်တာလဲ မသိဘူး အမြန်လာခဲ့ဆိုလို သွားလိုက်တယ် အိမ်ထဲကိုအ၀င်မှာပဲ သူငယ်ချင်းက ကြမ်းပြင်မှာလူးလိမ့်နေပြီ၊ ဆေးရုံကို အချိန်မှီပို့လိုက်နိုင်ပေမယ့် သူ့အသက်ကို မကယ်နိုင်ခဲ့ပါဘူး ဆေးရုံကို ရောက်ပြီးခဏမှာပဲ အားလုံးကို ခွဲခွာသွားခဲ့ပါတယ်၊ သူရဲ့အိပ်ခန်းကို ရှာကြည့်လိုက်တော့ သောက်လက်စကော်ဖီခွက်နဲ့ ခွက်ဘေးမှာ ခုခေတ်စားနေတဲ့(ယာမ)လို့ ခေါ်တဲ့ စိတ်ကြွရူးသွတ်ဆေးပြား ကိုတွေ့ရတယ် ဒီဆေးက ရူရတာပါ သောက်လို့မရပါဘူး သောက်လိုက်မိရင် ကလီစာတွေပျက်ပြီး သေတတ်ပါတယ်၊ အပြင်းစားအက်ဆစ် တစ်မျိုးနဲ့ ထုတ်လုပ်ထားတဲ့ ဆေးပြားပါ။ တစ်ဆက်ထဲမှာပဲ ဟိုကောင်မလေးကို သတိရလိုက်ရင်းနဲ့ ကောင်မလေးရေ မင်းဒီလိုကံဆိုးမူ့တွေ မကြုံတွေ့ ပါစေနဲ့လို့ဆိုပြီး ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်ပေးလိုက်မိပါတယ်။
ပြောချင်တာကတော့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ လိုအပ်တာက ကိုယ်ကျင့်တရားပါ ရိုးသား၇မယ် သစ္စာရှိရမယ် ဒါတွေဟာ ၀ယ်ယူလို့မရသလို တောင်းယူလို့လဲမရပါဘူး ကိုယ်ကိုယ်တိုင် စောင့်ထိန်းပြီးမှ ကျင့်ယူ၇မယ့်အရာပါ။ နောက်ပြီး အချစ်ကို အလေးမထားတတ်တဲ့ ယောက်ျားနဲ့ အချစ်ရဲ့တန်ဖိုးကို နားမလည်တဲ့ မိန်းကလေးတို့ ဆုံးဆည်းမိကြရင် မဖြစ်သင့်တာတွေဖြစ်ပြီး ကိုယ်ကိုယ်တိုင်လဲဒုက္ခရောက် ကိုယ့်အသိုင်းအ၀ိုင်းလဲ မျက်နှာမလှနိုင်ပါဘူး ဒါကြောင့် အချစ်နဲ့ပက်သက်ပြီး တဒင်္ဂစိတ်ခံစားမူ့ကို ဦးစားမပေးမိကြစေပဲ ရှင်သန်ရာ လောကကြီးမှာ (ပြန်လည်ပြင်ဆင်လို့ မရတဲ့အမှားမျိုး) ဘ၀နဲ့ရင်းပြီးမှားတဲ့ အမှားမျိုး ဘယ်တော့မှ မမှားကြပါစေဖို့ စေတနာအရင်းခံကာ အသိပေးလိုက်ပါရစေ။ နောက်ဆုံး မြင့်မြတ်တဲ့ ချစ်ခြင်းတရားကို မဖန်တီးနိုင်သေးရင်တောင် ညစ်ညမ်းအောင် မလုပ်မိကြစေဖို့ အပြုသဘောနဲ့ ရေးသားအကြံပြုရင်း ခဏတာ နားပါရစေ။
Subscribe to:
Post Comments (Atom)
0 ယောက်ဒီလိုပြောသွားတယ်:
Post a Comment