☺ ☺ ☺ မင်္ဂလာပါ ဘ၀နဲ့ ဆန္ဒ တစ်ထပ်တည်းကြပါစေ ☺ ☺ ☺

^☺^☺^☺^☺^☺^☺^ ဖရက်စ် သီချင်းများ ^☺^☺^☺^☺^☺^☺^

Album ---{ 1 }

စဉ်

( ၁ )

( ၂ )

( ၃ )

( ၄ )

( ၅ )

( ၆ )

( ၇ )

( ၈ )

( ၉ )

( ၁၀ )

သီချင်းခေါင်းစီး

ကြေကွဲရလိမ့်မယ်

နှလုံးသားချင်းထိခဲ့တယ်

ငါ့ရဲ့အနား

မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး

နွေဦးကဗျာ

ဖူးစာရှင်

WAKA WAKA 2010

ကျေးလက်တောတန်း

ကိုယ်ရံတော်

ရိုးသားချင်တယ်

သီဆိုသူ

L ဆိုင်းဇီ

လင်းနစ်

ဒို ရေ မီ

မာရဇ္ဇ

ကြိုးကြာ

နေနေ

Shakia

ထွဏ်းခမ်း

ရွှေရည်ဖြိုးမောင်

ဆုန်သင်းပါရ်

Album ---{ 2 }

စဉ်

( ၁၁ )

( ၁၂ )

( ၁၃ )

( ၁၄ )

( ၁၅ )

( ၁၆ )

( ၁၇ )

( ၁၈ )

( ၁၉ )

( ၂၀ )

သီချင်းခေါင်းစီး

ဗုဒ္ဓံ ဓမ္မံ သံဃံ

သူငယ်ချင်း

အချစ်မြှား

တစ်သက်လုံးအတွက်

ဘယ်တော့မှမမေ့

တွဲလက်များ

ပထမဆုံးချစ်သူ

မဟာ ( ၁ )

မျှော်လင့်ရင်းနဲ့

ငါ့ရင်ခွင်ကို

သီဆိုသူ

စိုးပိုင်

ညဏ်လင်းအောင်

ဗန်းသော့ဒ်ကျင်း

စိုင်းလိတ်

မင်းမင်း ၊ သီရိခင်ဇော်

ထူးအယ်လင်း ၊ မီးမီးခဲ

စန္ဒီ

ဇော်ဝင်းထွဋ်

ရှင်ဖုန်း ၊ N ကိုင်ရာ

ဇော်ဝင်းထွဋ်

Album ---{ 3 }

စဉ်

( ၂၁ )

( ၂၂ )

( ၂၃ )

( ၂၄ )

( ၂၅ )

( ၂၆ )

( ၂၇ )

သီချင်းခေါင်းစီး

ဝဋ်ကြွေး

အချစ်ရိပ်ညနေ

မျက်နှာ

ကာရံမဲ့အချိန်များ

တကယ်ပဲလဲ နင်မချစ်ပဲနဲ့

ချစ်သူ့အနား

ကြွေလွင့်ရတော့မယ်

သီဆိုသူ

ဇော်ဝင်းထွဋ်

ဝိုင်းစုခိုင်သိန်း

အိုင္အမ္ဘီ

ဝိုင်ဝိုင်း

ချမ်းချမ်း

ဘန်နီဖြိုး

အိမ့်ချစ်

Wednesday, October 26, 2011

စကားကို ဘယ်လိုပြောမှာလည်း....။

ကျွှန်တော်တို့အားလုံး ဘ၀လမ်းခရီးကို လျှောက်လမ်းကြရာမှာ မဖြစ်မနေ အမြဲအသုံးပြုရတဲ့ အရာဟာ စကားပြောခြင်းပါပဲ စကားပြောခြင်းကို နေ့တိုင်း အသုံးပြုပြီး မသုံးတတ်ကြဘူးဖြစ်နေတတ်ပါတယ်။
ဒါကြောင့် စကားကို ဘယ်လိုပြောကြမလည်းဆိုတာကို ကျွန်တော်လေ့လာမှတ်သားဖူးသမျှ ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။

မိမိပြောမယ့် သတင်းတစ်ခု ဖြစ်ဖြစ် စကားတစ်ခွန်းပြောမယ်ဆိုရင်ပဲ ဖြစ်ဖြစ် အရင်ဆုံး အောက်က ( ၃ ) ချက်နဲ့ တိုက်စစ်ပြီးမှပြောပါ။

၁။ " ပြောမယ့် သတင်း ၊ စကား က အမှန်လား ။ "
" မှန် မမှန် ကိုယ်တိုင်လည်း မသိဘူး သူတစ်ပါးပြောတာ ကြားလိုက်လို့ "

ကောင်းပြီ ဒီလိုဆိုရင် ဒုတိယ အချက်နဲ့ ထပ်စစ်ကြည့်ရအောင်

၂။ " ပြောမယ့် သတင်း ၊ စကားက အကောင်းလား ။ "
" မဟုတ်ဘူး ။ "

ဒါဆိုရင် တတိယ အချက်နဲ့ ပြန်စစ်ကြည့်မယ်

၃။ " ပြောမယ့် သတင်း ၊ စကားက အရေးကြီးလား ။ "
" မကြီးပါဘူး ။ "

ဒါကြောင့်မို့ ကိုယ်ပြောမယ့်စကားဟာ
“ အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့် သတင်းလဲ မဟုတ်ပြန်ဘူး... သတင်းမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာလဲ မသိဘူး "
ကဲဒီလိုဆိုရင် ကိုယ်ပြောမယ့် သတင်း ၊ စကား ဟာ ပြောနေစရာ အကြောင်းကို မရှိပါဘူး ဘာဖြစ်လို့ ပြောနေရမှာလည်း....။
ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ် တာပဲ အဖတ်တင်မယ်။ မဟုတ်မမှန်ပြောတတ်တဲ့ လူတွေရဲ့ စကားကို မယုံနဲ့ ဖြားယောင်းသွေးဆောင် သူတွေရဲ့ စကားတွေ နားထဲ မ၀င်စေနဲ့။ သူတို့ဟာ စေတနာပါလို့ ပြောတာထက် သူတစ်ပါးကို ချောက်တွန်းဖို့က များတယ်။ အဲဒီလို လူမျိုးနဲ့ပေါင်းရင် တစ်နေ့ကိုယ်လည်း ချောက်တွန်းခံရတတ်တယ်။
ဒါကြောင့် မိမိကိုယ်တိုက်ကလည်း ကိုယ်ပြောမယ့် စကားကို ဖော်ပြခဲ့တဲ့ အချက်သုံးခုနဲ့ အရင်စစ်ဆေးပြီးမှ ပြောပါ ။
အတင်းဆိုတာ ထက်မြက်တဲ့ ဓားသွားထက် ကြောက်ဖို့ကောင်းတယ်။ လူတစ်ယောက် ကို ဒဏ်ရာဒဏ်ချက် မမြင်စေဘဲ ထိခိုက်နိုင်တယ်။ တစ်ခြားလူ ထိခိုက်မှ ရလာမယ့် ပျော်ရွှင်မှုမျိုးကို တစ်ချို့က နှစ်သက် တတ်ကြ တယ်။ စကားကို လူတိုင်းပြောတတ်ကြပြီး စကားကောင်းတွေကိုတော့ လူတိုင်း မပြောတတ်ဘူး။

၁။ အရေးကြီးသောကိစ္စ စကားကို ဖြည်းဖြည်းပြောပါ။
၂။ ပြဿနာကြီးမားပါက စကားအား သေချာပြောပါ။
၃။ ပြဿနာသေးလျှင် စကားကို ဟာသနှော၍ပြောပါ။
၎။ မယုံကြည်ရသောကိစ္စ စကားကို ဆင်ခြင်ပြောပါ။
၅။ မဖြစ်ပွားသေးသောကိစ္စ အဓိပ္ပါယ်မဲ့ မပြောပါနှင့်။
၆။ မလုပ်နိုင်သောကိစ္စ လျောက်မပြောပါနှင့်။
၇။ လူတစ်ဖက်သား ထိခိုက်စေသောစကား မပြောပါနှင့်။
၈။ မပျော်ရွှင်သောကိစ္စ စိတ်တူသောလူနှင့်ပြောပါ။
၉။ ပျော်ရွှင်စရာကိစ္စ အခြေအနေကြည့်ပြီးပြောပါ။
၁၀။ စိတ်ထိခိုက်စရာကိစ္စ လူတွေ့တိုင်းမပြောပါနှင့်။
၁၁။ သူတစ်ပါးကိစ္စ သတိထားပြီးပြောပါ။
၁၂။ ကိုယ့်ကိစ္စ တစ်ပါးသူ ဘယ်လိုပြောလဲ နားထောင်ပါ။
၁၃။ သက်ကြီးသူကိစ္စ များများနားထောင်ပြီး နည်းနည်းသာပြောပါ။
၁၄။ လင်မယားကိစ္စ တိုင်ပင်ပြီးပြောပါ။
၁၅။ သားသမီးကိစ္စ လမ်းညွှန်ပြီးပြောပါ။

Tuesday, June 9, 2009

သက်သတ်လွတ်အရေးကြီးလား....။

သက်သတ်လွတ် စားခြင်းအကြောင်းသည် လျော်၏ မလျော်၏ သင့်၏ မသင့်၏ကို အမြင်ရှင်းလင်းစေရန် ကျနော စုဆောင်းဖတ်မိထားသော သက်သတ်လွတ်စားခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးများကို အနည်းငယ်မျှ တင်ပြလိုက်ပါတယ်.....။

(၁) သက်သတ်လွတ်စားခြင်းသည် စင်ကြယ်သော ကျင်စဉ် ဟုတ်မဟုတ်။ သက်သတ်လွတ်စားခြင်းသည် ဗုဒ္ဓ၏ တရားဓမ္မနယ်ပယ်တွင် ကျင့်စဉ်တစ်ရပ်အနေနှင့် ရှိခဲ့သလား။ သက်သတ်လွတ်စားခြင်းသည် မဂ်၊ ဖိုလ် ၊ နိဗ္ဗာန်ရောက်ကြောင်းဟုတ်ပါသလား...။
သက်သတ်လွတ်စားခြင်းသည် မဂ်၊ ဖိုလ် ၊ နိဗ္ဗာန်ရောက်ကြောင်းဟုတ် အကျင့်ဟုတ်ခဲ့လျှင် သက်သတ်လွတ် စားခြင်းသည် စင်ကြယ်သော ကျင့်စဉ်တစ်ရပ်ဖြစ်ခဲ့ပါမူ ကျင့်စဉ်တစ်ရပ်အနေနှင့် ရှိသင့်လျင် ဘုရားဟော ပရိယတ်ပါဠိတော်များနှင့် အဠကထာ ဋီကာများတွင် ဟောကြားထားမည်ဖြစ်ပါသည် ယုခု မဟောကြားခဲ့ပါ မဖွင့်ဆိုခဲ့ပါ။
(၂) သက်သတ်လွတ်စားခြင်းသည် တစ်စုံတစ်ရာ အပြစ်ကျူးလွန်မူ့ရောက် မရောက်။
သက်သတ်လွတ်စားရုံသက်သက်နှင့် အပြစ်ကျူးလွန်ရာမေ၇ာက်ပါ။ သို့သော် သက်သတ်လွတ်စားခြင်းကို အကျင့်ကောင်း အကျင့်မှန်လို့ ယူဆပြီး ကုသိုလ်တရားဖြစ်စေတယ်လို့ ယူဆရင် မိစ္ဆာဒိဋ္ဌိ ဖြစ်သွားပါသည်။
(၃) သက်သတ်လွတ်စားခြင်းသည် ဗုဒ္ဓ၏ မေတ္တာစက်၊ မေတ္တာအာနိသင်ကို ဆန့်ကျင်သော သဘော ရှိမရှိ၊ အထောက်အကူပြုမပြု။
သက်သတ်လွတ်စားခြင်းသည် မေတ္တာစိတ်၊ မေတ္တာအာနိသင်ကို ဆန့်ကျင့်သော သဘောမရှိပါ။ သက်သက်လွတ်စားရုံသက်သက်နှင့်လဲ မေတ္တာစိတ်ကို အထောက်အကူမပြုပါ။
(၄) သက်သတ်လွတ်စားခြင်းသည် ရတနာသုံးပါးနှင့် ဗုဒ္ဓ၏တရားဓမ္မလမ်းစဉ်တွင် ခလုတ်ကန်းသင်း ဖြစ် မဖြစ်၊ ဓမ္မန္တရာယ်နှင့် ငြိမငြိ။
သက်သတ်လွတ်စားရုံသက်သက်နှင့် ရတနာသုံးပါး ဗုဒ္ဓ၏ ဓမ္မလမ်းစဉ်တွင် ခလုတ်ကန်းသင်းမဖြစ်ပါ။ ဓမ္မန္တရာယ်နှင့် မငြိပါ။ သို့သော် သက်သက်လွတ်စားမှ တရားရမယ်၊ မေတ္တာစိတ်ဖြစ်မယ် သက်သတ်လွတ်မစားပဲ မေတ္တာပွားများရင် အလကားပဲ စသော သက်သတ်လွတ်သမားများ၏ စကားများသည် ခလုတ်ကန်းသင်း ဖြစ်ပါတယ် ဓမ္မန္တရာယ် ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မှာ မစားသင့်တဲ့ အသားကို ပညတ်ထားကတော့ ဒိဠသဒ္ဒါ၊ သုတသဒ္ဒါ၊ ပရိသင်္ကတသဒ္ဒါ၊ ဒိဠသဒ္ဒါဆို တာ မျက်စိနဲ့မြင်တဲ့ မြင်သား၊ သုတသဒ္ဒါဆိုတာ နားနဲ့ကြားတဲ့ ကြားသား၊ ပရိသင်္ကတသဒ္ဒါ ဆိုတာ ရည်ရွယ်ပြီးသက်တဲ့သားလို့ယုံမှားသံသယရှိတဲ့သား၊ ဒီအသားတွေသာ မစားအပ်တာပါ။ ဒီသဒ္ဒါ သုံးမျိုးကလွတ်ရင် ဘုရား၊ ပစ္စေကဗုဒ္ဓ၊ ရဟန္တာများ ဘုန်းပေးပါတယ်။ နောက်ပြီး သားကြီးဖြစ်တဲ့ (၁)လူသား(၂)ဆင်သား၊(၃)မြင်းသား၊(၄)ခြင်္သေ့သား၊ (၅)ကျားသား၊(၆) ကျားသစ်သား၊(၇) ၀က်ဝံသား၊(၈) ၀ံပုလွေသား ၊ (၉) ခွေးသား၊ (၁၀)မြွေသား၊ ဆိုတဲ့ ဆယ်မျိုးလဲမစားအပ်ပါဘူးလို့ ဘုရားဟောပညတ်ရှိပါတယ်။
ဒီပညတ်ချက်တွေကို ထောက်ကြည့်ရင် မြတ်စွာဘုရားသည် သက်သတ်လွတ်မစားပါဟု သိနိုင်ပါသည်။ ဒေသာနာတော်အရ သက်သတ်လွတ်စားပါသည်ဆိုလျင် ကျန်းမာရေးအတွက် စားခြင်းသာဖြစ်ပါသည် စားနိုင်ပါသည် အပြစ်မရှိပါ သို့သော် သက်သတ်လွတ်စားခြင်းအား အကျင့်ကောင်း အကျင့်မြတ် ကုသိုလ်ဖြစ်သည်ဟု ခံယူ၍သာ မစားသင့်ပါ။ ဘာကြောင့်လဲဆိုတော့ အစားအစာသည် ရုပ်တရားမျှသာဖြစ်ပြီး လူတစ်ယောက်ကို အထက်ဘုံနှင့်တကွ နိဗ္ဗာန်လည်း မပို့နိုင်သလို အပါယ်လဲ မကျနိုင်ပါ။ ဗုဒ္ဓမြတ်စွာဘုရား၏ မေတ္တာသုတ်တွင် မေတ္တာရှင်သည် ရသမျှနှင့် ရောင့်ရဲရမည် ကိစ္စနည်းရမည် ပေါ့ပါးသော အသက်မွေးမြူမူ့ ရှိရမည်ဟု ဟောခဲ့ပါတယ်။ သက်သတ်လွတ်စားခြင်းအား မေတ္တာပွားများရန် စားသည်ဟုလည်း ခံယူပြီးမစားသင့်ပါ ဘာကြောင့်လဲဆိုတော့ မေတ္တာဟူသည် သက်ရှိသတ္တ၀ါတွေ အပေါ်မှာသာ ပွားများ ပို့ရမည်သာဖြစ်သည် သက်မဲ့ဖြစ်သော ထမင်း၊ ဟင်းများပေါ် မေတ္တာပွားများရမည်ဟု မြတ်စွာဘုရားရှင် မဟေားကြားခဲ့ပါ။ သေကြေပျက်စီး၍ ဟင်းအဖြစ်သို့ရောက်နေသော ဟင်းကို မြင်မှ သေလေပြီးသော သတ္တ၀ါအား သနားခြင်းကို ရှေ့ရှူ့၍ မစားပါဟု ရှောင်ကြဉ်ခြင်းမျိုးသည် တိတ္တိတက္ကဒွန်းတို့၏ ရှောင်ကြဉ်မူ့မျိုးသာဖြစ်သောကြောင့် အယူမှားသော မိစ္ဆာဒိဋ္ဌိသာ ဖြစ်ပါတယ်။ ယခု ကျနောတို့ မြင်တွေ့နေရသည်မှာ သက်မဲ့အပေါ်တွင် မေတ္တာပွားများပြီး သက်ရှိသတ္တ၀ါများအပေါ်တွင် ညှင်းပန်း နိုပ်စက် မတရားပြုနေသည်ကိုသာဖြစ်သည်။
သက်သတ်လွတ်စားသုံးသူများသည် အကြောင်းအမျိုးမျိုးရှိပါသည် အကျင့်ကောင်း အကျင့်မြတ်ထင်၍စားခြင်း၊ အလိုနည်းခြင်၍စားခြင်း၊ ရွ့ရှာစက်ဆုပ်ဖွယ်ဟု ယူဆ၍စားခြင်း၊ ရောဂါနှင့်မတည့်၍ မိမိကျန်းမာရေးကြောင့်စားခြင်း၊ မျိုးရိုးအလိုက်စားခြင်း သတ္တ၀ါများအား သနား၍စားခြင်း၊ နတ်ချစ်စေလိုသောကြောင့် နတ်မကြိုက်သောကြောင့်သော်လည်ကောင်း၊ အထက်နတ်များ အကူအညီလိုသောကြောင့်သောလည်ကောင်း စသဖြင့် အကြောင်းများကြောင့် စားပါသည်။ ပြသာနာမရှိပါ လူအမျိုးမျိုးစိတ်အဖုံဖုံ ဖြစ်ပါသည် ပြသာနာရှိနေသည်မှာ သက်သတ်လွတ်စားသမားများသည် မိမိတို့စားခြင်းအပေါ် ဂုဏ်ယူဝါကြွား၍ မစားသူများအာ ပြစ်တင်ရှုံ့ချခြင်း၊ မိမိတို့ စားနေသည်မှာ မြတ်သော အကျင့် ဖြစ်သည် ကုသိုလ်တရားဖြစ်သည်ဟု ခံယူထားခြင်းသာ ဖြစ်သည်။ ယင်းမှာ မှားသော အယူမျှသာ ဖြစ်ပါသည်။

Tuesday, June 2, 2009

သမထ နှင့် ၀ိပဿနာ...။

လောက၌ ဆင်းရဲချမ်းသာ ခံစားမူ့ကို အလယ်အလတ်ထားသော နည်းအား လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀) ကျော်က ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တ၀ါအားလုံးအား မဟာဂရုဏာတော်နှင့် ဆုံးမလမ်းညွန်ပြခဲ့ပါသည်။ တကယ်လုပ်ပါက အမှန်ချမ်းသာမည်ဖြစ်ကြောင်းလဲ ကိုယ်တော်တိုင် အာမခံတော်မူခဲ့ပါတယ် အဲ့ဒီနည်းလမ်းကတော့ ၀ိပဿနာကမ္မဋ္ဌာန်းပဲ ဖြစ်ပါတယ်။ ၀ိပဿနာ အားထုတ်သူများသည် မိမိတို့ကိုယ်တိုင်ရဲ့ ကံ၊ ညဏ်၊ ၀ိရိယ စွမ်းအားနဲ့ အချိုးညီစွာ အကျိုးကို ခံစားရမှာဖြစ်ပြီး မျက်မှောက်မှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ စတဲ့ အပူမီးတွေကို ငြိမ်အေးစေကာ နောင်သံသရာမှာလဲပဲ ကောင်းကျိုးကိုသာ ဖြစ်ပေါ်စေမည့် နည်းလမ်းဖြစ်သလို သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်စေနိုင်သော တစ်ခုတည်းသော နည်းလမ်းလဲ ဖြစ်ပါတယ် သံသရာ ပြတ်မပြတ် ဘ၀ချုပ်မချုပ်ကိုတော့ အားထုတ်သူကိုယ်တိုင်နှင့်သာ သက်ဆိုင်ပါသည်။
ဝိပဿနာသည် ရုပ်နမ်ဓမ္မ၌ အမြဲမပျက် ပြောင်းလဲ ဖောက်ပြန် ဖြစ်ပေါ် ချုပ်ပျောက်နေသော သင်္ခါရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ လက္ခဏာ အားဖြင့် ညဏ်တွင်ထင်ရှာလာအောင် ရှူ့ပွားဆင်ခြင် ခြင်းပင်ဖြစ်ပါတယ်။ အကျဉ်းအားဖြင့် ဆိုရသော ရုပ်နာမ်တို့၏ သဘာဝလက္ခဏာကို ပရမတ်ဆိုက်အောင် ရှူ့ပွားပြီး ဒီရုပ်နာတွေရဲ့ ဖြစ်၊ တည်၊ ပျက်၊ ခြင်းသဘောဖြစ်သော သင်္ခတလက္ခဏာကို ရှူု့ပွား ဆင်ခြင်ရခြင်းပါပဲ။ ဒီလိုရုပ်နာမ်သင်္ခါရတို့ရဲ့ အနိစ္စတွေကို အကြိမ်ကြိမ်အဖန်ဖန် ရှူ့ပွားဆင်ခြင်ပါက ရုပ်နာမ်ဓမ္မတို့သည် မိမိတို့အလိုကို မလိုက် အစိုးမရမူ့ဖြစ်သော အနတ္တလက္ခဏာ ပေါ်ပေါက်လာပါသည်။ သတိထားသင့်သည်မှာ မိမိတို့အလိုကို မလိုက်သည့်အပြင် မိမိကသာ ယင်းတို့၏ ကျေးကျွှန်ဖြစ်ကာ ယင်းတို့၏ အလိုကို လိုက်ပါ ဆောင်ရွက်နေရပါသည်။ ဖော်ပြပါ ရုပ်နမ်ဓမ္မတို့၏ အနိစ္စအား ရှူ့ပွားဆင်ခြင်ခြင်းအားဖြင့် အနိစ္စညဏ်ရင့်သန်လာသောအခါ အနတ္တလက္ခဏာ ပေါ်ပေါက်လာကာ ဘာဝနာညဏ်သက်ဝင်လာခြင်းကို သာမည လက္ခဏာ ဖြစ်ပါသည် ဤကဲ့သို့ ပရမတ္ထကျကျ သဘာဝပေါ်လွင်လာပြီး မကြာခင်မှာပင် သင်္ခတလက္ခဏာထင်မြင်ပြီး သာမညညဏ်သက်ဝင်ပါက ၀ိပဿနာဖြစ်ပါတော့သည်။ ၀ိပဿနာကမ္မဋ္ဌာန်းကို ကျင့်ကြံပြီး နိဗ္ဗာန်ကို လျှောက်လှမ်းနေသော ဘာဝနာခရီးတွင် သတိ၊ သမာဓိ ဦးစီးသော သတိပဋ္ဌာန်နယ်နှင့် သတိ၊ ပညာ(သမ္ပဇဉ်) ဦးစီးသည့် ၀ိပဿနာနယ် ရှိပါသည် ခြောက်ပါးသော အာရုံနှင့် ဒွါရ တိုက်ဆုံသော အခါ မြင်မှန်းသိ၊ ကြားမှန်းသိ၊ နံမှန်းသိ၊ ရသာမှန်းသိ၊ တွေ့ထိမှန်းသိ၊ ကြံတွေးမှန်းသိ စသည်တို့သည် သိရုံမျှသိသည့် သတိပဋ္ဌာန်နယ် ဖြစ်ပါတယ် ၀ိပဿနာနယ်ကို မရောက်သေးပါဘူး။ ၀ိပဿနာနယ်တွင် မြတ်စွာဘုရားဟေားကြားထားသော နည်းနာနိဿရ အတိုင်း တိတိကျကျ ကျင့်ကြံပြီး ရူ့ပွားသည့် အနုပဿနာနှင့် အရှူ့ခံတရားတို့ ကိုက်ညီရမည် အရှူ့ခံတရားသည် ပရမတ်ဖြစ်ရပြီး အဖြစ်နှင့်အပျက်ကို ဘာဝနာညဏ်ဖြင့် မြင်ရပါမည်။ အဖြစ်နှင့်အပျက် သင်္ခါရတရားများကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ အချက်များ ညဏ်သက်ဝင်လာရပါမည်။ ဤကဲ့သို့ ပြည့်စုံ ညီညွတ်ပါမှ ၀ိပဿနာနယ်ကို ရောက်ရှိပါမည်။ တနည်းဆိုရသော သတိ၊ပညာ(သမ္ပဇဉ်) ညဏ်သက်ဝင်ရပါမည်။ အရှူ့ခံတရားလဲမှန် ရှူ့နည်းလဲ မှန်ကန်ပြီး ကံ၊ ညဏ်၊ ၀ိရိယလည်း ပြည်စုံမည်ဆိုပါက ၀ိပဿနာ ညဏ်စဉ်များ တစ်ဆင့်တစ်ဆင့်တက်ကာ မဂ်ဖိုလ် သို့ ဆိုက်ရောက်မည် ဖြစ်ပါသည်။ ရုပ်နာမ် ပရမတ်တို့၏ အဖြစ်အပျက်ကို ဘာဝနာမယညဏ်ဖြင့် မမြင်နိုင်သေးသမျှ ၀ိပဿနာသို့ မရောက်သေးပါ ၀ိပဿနာနယ်သို့ မရောက်သေးပါက လောကုတ္တရာမဂ်နှင့်ဝေးနေအုံးမည် ဖြစ်ပါသည်။
အလျှင်သင့်တုန်း ၀ိပဿနာနှင့် သမထ ကွဲပြားပုံကို မှတ်သားထားသမျှ အနည်းငယ်တင်ပြပါအုံးမည်။ တရားကို အလေးအနက်ထား အားထုတ်နေကြသူများသည် သမထနှင့် ၀ိပဿနာကို ကွဲပြားစွာ နားလည်းထားဖို့လိုပါသည်။ သမထနှင့် ၀ိပဿနာ မကွဲပြားပါက ၀ိပဿနာ အားထုတ်နေသောလည်း သမထ လမ်းကြောင်းပေါ် ရောက်နေတတ်ပြီး မဂ်ဖိုလ်နှင့် သီသီကလေး လွဲနေတတ်ပါသည် နှစ်နာလွန်းလှပါသည်။ ၀ိပဿနာလမ်း မဖြောင့်ဖြူးသော အားထုတ်မူ့သည် ကုသိုလ်ရသော်လည်း မဂ်ဖိုလ်နိဗ္ဗာန်နှင့်က ဝေကွားပါသည်။ ထို့ကြောင့် နိဗ္ဗာန်မဂ်ဖိုလ်ကို ရည်းမှန်းအားထုတ်သူများသည် သထမနှင့် ၀ိပဿနာ ကွဲပြားမူ့ကို ကောင်းစွာ နားလည်ထးသင့်ပါသည်။

၁။ သမထသည် နိဝါရဏ (၅)ပါးနှင့် ပရိယဌာန ကိလေသာအား ၀ိက္ခမ္ဘနပဟာန်အားဖြင့် ခပ်ကြာကြာပယ်ခွာနိုင်ပြီး စိတ်တည်ကြည် ငြိမ်သက်မူ့ဟူသော သမာဓိလုပ်ငန်းဖြစ်ပါသည်။ ၀ိပဿနာသည် နိဝါရဏ(၅)ပါးနှင့် အနုသယကိလေသာ တိုင်အောင် သမုဒ္ဆေဒပဟာန်အားဖြင့် အမြစ်ပြတ်ပယ်သက်ပါသည်။

၂။ သမထတွင် ကမ္မဋ္ဌာန်းနည်းလေးဆယ် ရှိပြီး ၀ိပဿနာတွင် သတိပဋ္ဌာန်လေးမျိုး ရှိပါသည်။

၃။ သမထသည် ကမ္မဋ္ဌာန်း၏ ဆိုင်ရာ ပညတ်အာရုံကို ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်၊ အဆင့်ဆင့် ရှူ့ပွားရသည်။ သမထသည် ပညတ်ကို အာရုံပြုသောကြောင့် အာရုံလိုက်စား မိုက်မားမိပါက ရူးကြောင်ကြောင်ဖြစ်တတ်ပါသည်။ ၀ိပသာနာသည် အရှူ့ခံ ရုပ်နာမ်တို့တို့၏ သဘာဝလက္ခဏာ၊ သင်္ခတ လက္ခဏာ၊ သာမညလက္ခဏာ ဖြစ်သော ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့၏ ဖြစ်၊ တည်၊ ပျက် ခြင်းသဘော၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အခြင်းအရာများအား ဘာဝနာမယညဏ် သက်ဝင်ကာ ရုပ်နာမ်ပရမတ်ကို အာရုံပြုသောကြောင့် အာရုံလိုက်စားစရာ မရှိကာ မရူးနိုင်ပေ။ ရူးသွပ်သူများပင် ၀ိပဿနာအား နည်းမှန်လမ်းမှန် အားထုတ်ပါက ရောဂါ ဝေဒနာ သက်သာလာပါသည်။

၎။ သမထ၏ လိုရင်းမှာ ဈာဉ်ဖြစ်သည်။ ပဋိဘာဂနိမိတ် ပေါ်ပြီးနောက် ဥပစာရဈာဉ်၊ ပထမဈာဉ်၊ ဒုတိယဈာဉ်၊ တိတယဈာဉ်၊ စတုတ္ထဈာဉ် တိုင်အောင် အပ္ပနာဈာဉ်ကို ရူ့ပွား၏။ အပ္ပနာဈာဉ်နှင့် အာရုပ္ပဈာဉ်ဟူ၍ ရှိရာ ယင်းအောက်ဈာဉ်လေးပါးနှင့် အထက်ဈာဉ်လေးပါးသည် သမပတ် ရှစ်ပါးပင် ဖြစ်ပါသည်။ ၀ိပဿနာ၏ လိုရင်းမှာ မဂ်ဖိုလ် နိဗ္ဗာန် ဖြစ်ပါသည် ။ မဂ်လေးဆင့် ဖိုလ်လေးဆင့်ရှိရာ ယင်းကိုလောကုတ္တရာစိတ် ရှစ်ပါးဟု ဆိုသည်။ မဂ်အကြောင်းကြောင့် အကျိုးတရာဖြစ်သော ဖိုလ်သည် ဖလသမာပက် ဖြစ်ပါသည်။ ၀ိပသာနာသည် သာမညလက္ခဏာဖြင့် ညဏ်သက်ဝင်ပြီး ညဏ်စဉ်ဆယ်းပါး အဆင့်ဆင့် ရှူ့ပွား၏။

၅။ သမထ ရှူ့ပွားရာ၍ အပ္ပနာဈာဉ်ရပါက ရူပကုသိုလ်၊ အရုပ္ပဈာဉ်ရပါက အရူပကုသိုလ် ဖြစ်ပြီျးဆိုင်ရာ ဗြဟ္မာဘုံသို့ လောရောက်သည် သမထ၏ အမြင့်ဆုံးပန်းတိုင်သည် ဗြဟ္မာဘုံဖြစ်သည်။ ၀ိပဿနာသည် သောတပတ္တိရလျှင် အပယ်တံခါးပိတ်ကာ အများဆုံး (၇) ဘ၀သာ သံသရာ ကျန်ပါတော့သည်။ ထိုမှ တစ်ဆင့် အထက်မဂ်များ ဖြစ်သော သကာဒါမိမဂ်၊ အနာဂါမိမဂ် များအဆင့်ဆင့်ရရှိကာ (၃)ဘ၀(၁)ဘ၀သာ သံသရာကျန်ရှိကာ အရဟတ္တမဂ်ရလျှင် ကံပြတ်၍ ဘ၀ချုပ်ငြိမ်ကာ သံသရာပြတ်ပါတော့သည်။ ၀ိပဿနာ၏ အမြင့်ဆုံးပန်းတိုင်းသည် နိဗ္ဗာန်ဖြစ်သည်။

ပရမတ်နဲ့ ပညတ်

ပရမတ္ထ အကြောင်းကို ပြောမယ်ဆိုရင် ပညတ်ကိုသိထားမှ အဆင်ပြေနိုင်ပါတယ်။ လောကုတ္တရာအကြောင်းကို သိခြင်ရင် လောကီအကြောင်းကို နားလည်ရပါမယ် လောကုတ္တရာဆိုတာ လောကလွန်မြောက်တဲ့တရားပါ လောကကို လွန်မြောက်ချင်ရင် လောကီကို ဖြတ်သန်းသွားရပါတယ်။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီးကလဲ ပညတ်ကိုလဲမပယ်နဲ့ ပရမတ်ကိုလဲမကွယ်စေနဲ့ ပညတ်ကိုသိပါစေ ပရမတ်နဲ့ရောတော့မရောစေနဲ့ လို့ ဆုံးမထားပါတယ်။ ပညတ်ကို ရှင်းလင်းအောင် သိထားပြီး တရားနှလုံးသွင်းရင် ပရမတ်ကို သွင်းရပါတယ်။ ဒါကြောင့် ပညတ်ဆိုတာ ဘာလဲ ပရမတ်ဆိုတာဘာလဲ သိဖို့ မှတ်သားဖူးသမျှထဲက အနည်းငယ်ကို တင်ပြပါတယ်….။
ပညတ် အဟုတ်မရှိသော်လည်း အဟုတ်တကယ် ရှိသလို၊ လောကသင်္ကေတအမှတ်ဖြင့် ခေါ်ဝေါ်နေကြတဲ့ သဘောဟာ ပညတ်ဖြစ်ပါတယ်။ လူမျိုးအလိုက်၊ ဒေသအလိုက် ခေါ်ဝေါ်ပြောဆိုနေကြတဲ့ အမည်နာမများဟာ လိမ်လည်လှည့်ပတ်ခြင်း မဟုတ်လို့ မုသာဝါးဒ မဖြစ် အကုသိုလ်ကျူးလွန်ရာည်း မရောက်ပါဘူး လောကီအလိုက်မှန်ကန်နေခြင်းကြောင့် သမုတိသစ္စာ သတ်မှတ်ထားသောအမှန်တရားဖြစ်ပါတယ်။ ပညတ်ဆိုတဲ့ သမုတိသစ္စာနယ်မှာ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ လူ၊ နတ်၊ ဗြဟ္မာ၊ အတ္တ၊ ဇီဝ ခွေး၊ကြောင်၊ ကြက်၊ ငှက် စသဖြင့် ခေါ်ဆို သုံးစွဲကြပါတယ်။ လူမှာဆိုရင်လဲ ခေါင်း၊ ခြေ၊ လက် ဆိုပြီ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အနေနဲ့လည်း ခေါ်ကြပါတယ်။ အသုံးအဆောင် ပစ္စည်းမှာဆိုရင်လဲ ကား၊ အိမ်၊ စသဖြင့် ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ပညတ်ဆိုတဲ့ အမည်နာမ အခေါ်အဝေါ်တွေဟာ လူမျိုးအလိုက်၊ ဒေသအလိုက်၊ ဘယ်လောက်ပဲ အမည်တွေသတ်မှတ်ပေမယ့်၊ အဟုတ်အမှန်ရှိတဲ့ သဘောမျိုးမဟုတ်ပါဘူး။ ဥပမာ လူကိုဆိုရင်တောင်မှ လူမျိုးအလိုက် အခေါ်အဝေါ်မတူညီကြပါဘူး ဆိုင်ရာလူမျိုးနားလည်အောင် သတ်မှတ်ထားတဲ့ ဝေါဟာရနဲ့သာလျှင် ခေါ်ဆိုကြပါတယ်။ တစ်ခြားပစ္စည်းများ ဤကဲ့သိုသာလျှင် ဖြစ်ပါတယ်။ ဗုဒ္ဓအဘိဓမ္မအရ အမှန်စင်စစ် အရှိတရားက ခန္ဓာငါးပါးဖြစ်တဲ့ ရုပ်နာမ်အစုသာလျှင် ဖြစ်ပါတယ်။ ရုပ်နာမ်တရားစုဟာ ခဏမစဲ တသဲသဲ အဟောင်းအသစ် ပြောင်းလဲ ချုပ်ပျောက်ပြိး အစားထိုးနေကြပါတယ်။ ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘယ်သတ္တ၀ါဖြစ်ဖြစ်၊ ဘယ်တိရိစ္ဆာန်ဖြစ်ဖြစ်၊ ၃၁ ဘုံမှာ ကျင်လည်နေကြတဲ့ အားလုံးဟာ ရုပ်နာမ်အစုက မလွတ်ပါဘူး အားလုံးဟာ ခန္ဓာငါးပါးထဲမှာပဲ အကျုံးဝင်နေပါတယ်။ ဒါကြောင့် ပရမတ်ဆိုတာကတော့ '' ၀ိဇ္ဇာမာနေန ပရမောအတ္တော ပရမတ္တော'' လို့ ဆရာကြီးများရဲ့ ၀ိဂြိုလ်အရ အဟုတ်ရှိ၊ တကယ်ရှိ အမှန်ရှိခြင်းကြောင့် မြတ်သည်ဟုဆိုရတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။ တစ်နည်းဆိုရသော '' ပရမော ဥတ္တမော အ၀ိပရိတောအတ္တော ပရမတ္တော'' လို့ ဋီကာကျော်ဆရာများ၏ အလိုအရ ဖောက်ပြန်ပြောင်းလဲခြင်းမရှိ၊ မဖောက်မပြန်မြတ်သော သဘောရှိခြင်းကြောင့် ပရမတ်လို့ ခေါ်ပါတယ် ဒီလို မဖောက်မပြန် မှန်တဲ့ သဘောရှိလို့ ပရမတ္ထသစ္စာ မပြောင်းလဲသော အမှန်တရားလို့ ခေါ်ပါတယ်။

ပရမတ် (၄) မျိုးရှိပါတယ်
၁။ စိတ် ဆိုတဲ့ အာရုံကို ကြံတတ်၊ သိတတ်သောသဘော။
၂။ စေသသိက် ဆိုတဲ့ စိတ်နှင့်အတူတကွ ယှဉ်ဖော်ယှဉ်ဖက်၊ ဖြစ်လျှင်အတူတူ ပျက်လျှင် အတူတူပျက်တဲ့သဘော။
၃။ ရုပ်ဆိုတဲ့ အပူ၊ အအေးကြောင့် အခြေအနေဖောက်ပြန် ပြောင်းလဲမူ့ရှိတတ်သော သဘောမျိုး၊ အာရုံကိုကြံတတ် သိတတ်တဲ့ သဘောမျိုးမရှိပါ။
၎။ နိဗ္ဗာန် ဆိုတဲ့ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းချင်းသဘော၊ နိဗ္ဗာန်မှာ ဘုံနန်းပြသာဒ်မရှိ၊ စိတ်၊ စေသသိတ်၊ ရုပ်တွေမရှိ တစ်နည်း ဆိုရရင် ခန္ဓာငါးပါးမရှိ၊ ခန္ဓာငါးပါးမရှိခြင်းကြောင့် ''ဝေဒယိတသုခ'' ဆိုတဲ့ ခံစားမူ့မရှိ '' သန္တိသုခ'' ဆိုတဲ့ ငြိမ်းချမ်းမူ့သာ ရှိပါတယ်။

ခန္ဓာငါးပါးမှာလဲ သင်္ခတ၊ အသင်္ခတ ပရမတ် (၂)မျိုး ရှိပါတယ်

၁။ သင်္ခတပရမတ်
သင်္ခတပရမတ်ဆိုတာ ကံ၊ စိတ်၊ ဥတု၊ အဟာရ ဆိုတဲ့ အကြောင်းလေးပါးတို့ရဲ့ ပြုပြင်စီမံမူ့မှ မလွတ်ကင်းသေးသော ရုပ်တရား၊ နာမ်တရားတို့ကို ဆိုလိုပါတယ် တစ်နည်းဆိုရသော် ခန္ဓာငါးပါးဖြစ်ပါတယ် သင်္ခတနယ်အတွင်းမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တသာ ရှိပါတယ် ဖြစ်မူ့နဲ့ ပျက်မူ့ပဲ ရှိတယ်။ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ယောက်ျား၊ မိန်းမ မရှိပါ ဒါကြောင့် မြတ်စွာဘုရားရှင်က ရုပ်နာမ်ဆိုတဲ့ လောကကို သုညတ (သို့) သုည လို့ ပဋိသမ္ဘိဒါမဂ် ပါဋ္ဌိတော်မှာ အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါတယ်
ရှင်အာနန္ဒာ အမေး ။ ။ ''သုညလောကော သညောလောကာတိ ဘန္တေ ၀ုစ္စတိ ကိတ္တတော နခေါဘန္တေ သုညော လောကောတိ ၀ုစ္စတိ'' ရုပ်နာမ် ၂ ပါးဆိုတဲ့ လောကကြီးကို သုညတ(၀ါ)သုညလို့ ဟောတော်မူပါတယ်။ ဘယ်လို အကြောင်းကြေူာင့် သုညတ(၀ါ) သုညလို့ အရှင်ဘုရားဟောတော်မူပါသလဲ။
ဗုဒ္ဓအဖြေ ။ ။ ''ယသ္မာစခေါ အာနန္ဒာ သုညမိဒံအတ္တေန ၀ါ အတ္တနိယေန ၀ါ တသ္မာ သညော လောကောတိ ၀ုစ္စတိ'' ချစ်သား အာနန္ဒာ ရုပ်ဆိုတဲ့ လောကကြီးမှာ အတ္တ ဆိုတဲ့ ပုဂ္ဂိုလ် သတ္တ၀ါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ အသက်၊ လိပ်ပြာ၊ မရှိပါဘူး။ အတ္တမရှိတဲ့ အတွက် အတ္တနိယ ဆိုတဲ့ ငါပိုင်သော ပစ္စည်း မဟုတ် ဒါကြောင့် ရုပ်နာမ်ဆိုတဲ့ လောကကြီးကို သုညတ (၀ါ) သုညလို့ ငါဘုရား ဟောတော်မူတယ်။ `
ဒါကြောင့် ပညတ်ဆိုတဲ့ အမည်နာမ အခေါ်အဝေါ်တွေဟာ အဟုတ်အမှန်တကယ် ရှိတဲ့ဘဘောမျိုးမဟုတ်ဘူး တကယ်အမှန်ရှိတာ ခန္ဓာငါးပါးဆိုတဲ့ ရုပ်နာမ် နှစ်မျိုးသာ ဖြစ်တယ် ဒါကို ထပ်ချုံ့လိုက်ရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာရေး သုံးပါးပဲ ရပါတယ် ဒီလက္ခဏာရေး သုံးပါးကိုပဲ ထပ်ချုံ့မယ်ဆိုရင် ဖြစ်မူ့နဲ့ ပျက်မူ့ နှစ်ပါးပဲရပါတယ်။ ဒီဖြစ်ပျက်ကို ထပ်ချုံ့မယ်ဆိုရင် သုညတ ဆိုတဲ့ သုည တစ်လုံးပဲ ရပါတယ်။

၂။အသင်္ခတပရမတ်
အသင်္ခတပရမတ်ဆိုတာ ကံ၊ စိတ်၊ ဥတု၊ အဟာရ၊ အကြောင်းတရား ၄ ပါးတို့ရဲ့ ပြုပြင်စီရင်မူ့ ကင်းလွတ်ပြီး ရုပ်တရား၊ နာမ်တရား ခန္ဓာငါးပါး၊ အကြွင်းမဲ့ ချူပ်ငြိမ်းမူ့ ရုတ်သိမ်းသွားတဲ့ သဘောဖြစ်ပါတယ်။ ဒီခန္ဓာငါးပါး ချုပ်ငြိမ်း ရုတ်သိမ်းသွားတဲ့အတွက် ဖြစ်မူ့ ပျက်မူ့မရှိ ခံစားမူ့ ဝေဒယိတသုခမျိုးလည်းမရှိ အေးချမ်းမူ့ သန္တိသုခ သာ ရှိပါတယ်။ ထိုအေးချမ်းမူ့ သန္တိသခု အမြဲရှိခြင်းကြောင့် နိဗ္ဗာန်လို့ ဆိုရပါတယ် ထိုငြိမ်းချမ်းမူ့ သန္တိသုခ ရှိသော်လည်းပဲ ခံစားတဲ့ ပရိနိဗ္ဗူ ပုဂ္ဂိုလ်ဟူ၍မရှိ အနတ္တ သာဖြစ်ပါတယ် ဒါကြောင့် နိဗ္ဗာန်ကို သုညတ လို့ ဆိုပါတယ် တစ်နည်းအားဖြင့် အသင်္ခတနယ်မှာ သုည တစ်လုံးသာဖြစ်ပေါ်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဤကဲ့သို့ သင်္ခတပရမတ်နယ်မှာ သုညတစ်လုံး၊ အသင်္ခတနယ်မှာ သုညတစ်လုံး ပေါင်းသုည နှစ်လုံးပေါ်လာအောင် ညဏ်ရောက်ရင် ၀ိပဿနာ ကိစ္စ ပေါက်မြောက်ပြီလို့ ဆိုနိုင်ပါတယ်.....။

Wednesday, January 7, 2009

အရိယာ ၀ိဇ္ဇာ နှင့် လောကီဝိဇ္ဇာ....။

အရိယာဝိဇ္ဇာနဲ့၊ အခြားသော ၀ိဇ္ဇာလှိုင်းများကို ရောထွေးမသွားစေရန် မှတ်သားထားသော တစ်ချို့တစ်စိတ်တစ်ပိုင်းကို တင်ပြလိုက်ပါတယ်။
ဝိဇ္ဇာပရိယာယ်ကို လယ်တီဆရာတော် ဘုရားကြီးက အသိ၊ အလိမ္မာ၊ ညဏ်၊ ပညာ၊ ၀ိဇ္ဇာ၊ အမောဟ ဆိုပြီးခြောက်မျိုးပြထားပါတယ်။ ဒါက တရား အနေနဲ့ ပြောထားတာပါ။ အဲ့ဒီ အသိတရား၊ အလိမ္မာတရား၊ ညဏ်ပညာတရားရှိသူကို ၀ိဇ္ဇာပုဂ္ဂိုလ်၊ ၀ိဇ္ဇာမိုရ်လို့ ခေါ်ပါတယ်။ လယ်တီဆရာတော် ဘုရားကြီးက ဗေဒ ၀ိဇ္ဇာ၊ ဗေဒင်ဝိဇ္ဇာ၊ မန္တ၀ိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာ၊ ဂန္ဓာရီဝိဇ္ဇာ၊ လောကီယ ၀ိဇ္ဇာ၊ အရိယ ၀ိဇ္ဇာဆိုပြီး ငါးမျိုးပြထားပါတယ်။
၁။ သာမဗေဒင် အစရှိတဲ့ ဗေဒင်လေးမျိုးကို တတ်ကျွမ်းသူကို ဝေဒ၀ိဇ္ဇာ၊ ဗေဒင် ၀ိဇ္ဇာလို့ ခေါ်ပါတယ်။
၂။ ဝေဒကျမ်း(ဗေဒင်ကျမ်း) မှတစ်ပါးသော ဂါထာမန္တရားကျမ်း၊ ဆေးကျမ်း၊ နှုတ်မူ့ပညာ၊ လက်မူ့ပညာ စသော ပညာရပ်များကို တတ်ကျွမ်းသူကို မန္တာန်ဝိဇ္ဇာမိုရ် လို့ခေါ်ပါတယ်။
၃။ ဆေးဝိဇ္ဇာ အင်းဝိဇ္ဇာ၊ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ ဟူ၍ ၀ိဇ္ဇာဓရကျမ်းများမှ လာသော ဓနသိဒ္ဓိ၊ ပထ၀ီသိဒ္ဓိ၊ ဥဒကသိဒ္ဓိ၊ အကာသသိဒ္ဓိ၊ အာယုသိဒ္ဓိ၊ စိန္တာမယသိဒ္ဓိမျိုးသို့ ပေါက်ရောက်သဖြင့် နတ်၊ သကြား၊တို့ရဲ့ အဘိညာဉ်တန်ုခိးတို့နှင့် အလားတူ တတ်စွမ်းနိုင်သော ၀ိဇ္ဇာမျိုးဟူသမျှကို ဂန္ဓာရီဝိဇ္ဇာမိုရ်လို့ ခေါ်ပါတယ်။ ဒီဂန္ဓာရီ ၀ိဇ္ဇာလိုင်းကို လိုက်သောသူများသည် ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးကို မိမိကိုယ်၌ အမြဲထုံစေ၍ တန်ခိုးကြီးသော သစ်ပင်စောင့်နတ်၊ မြေစောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ တို့ကိုလည်းကောင်း၊ မန္တရား၊ အင်းအိုင် မျိုးတို့ကို အုပ်စိုးသော ၀ိဇ္ဇာဒေ၀နတ်တို့ကို လည်ကောင်း ၊ သိုက်သမိုင်းဝင် ဆေးပင်မျိုး၊ ကျောက်ဓာတ်မျိုးတို့ကို အုပ်စိုးသော သြသဓိဒေ၀ နတ်တို့ကိုလည်ကောင်း ရင်ဝယ်သားကဲ့သို့ ချစ်ခင် ကျွမ်းဝင် လေးမြတ်အောင် မိတ်ဆွေဖွဲ့နိုင်ပါမှ ထမြောက်အောင်မြင်ပါတယ်။ အဲ့ဒီ ဂန္ဓာရီလိုင်း အောင်မြင်သွားရင်လဲ နတ်တို့၏ ကမ္မ၀ိပါကဇိဒ္ဓိ တန်ခိုးကိုပင် လွမ်းမိုးနိုင်သော ၀ိဇ္ဇာမယိဒ္ဓိတန်ခိုးမျိုးဖြစ်ခဲ့၍ နတ်တို့မနာလို ရှိတတ်ပါတယ် မနာလိုရှိတတ်တဲ့အတွက် အသက်အန္တရာယ်၊ ဆေးဝါး၏ အန္တရယ် ဖြစ်တတ်ပါတယ်။ ခုသာသာနာတော်မှာ ထင်းရှာတဲ့ ပိလိန္ဒ၀စ္ဆထေရ်ဟာ စူဋ္ဌာဂန္ဓရီ ၀ိဇ္ဇာမိုရ်ဖြစ်ပါတယ် အဲ့ဒီ ၀ိဇ္ဇာမျိုးဟာ မဟာဂန္ဓရီဝိဇ္ဇာခေါ်တဲ့ ဘုရား၊ ရဟန္တများနှင့် ဆုံတဲ့အခါ် သူတို့ရဲ့ တန်ခိုးများပြယ်သွားပါတယ် အဲ့ဒါကြောင့် ဘုရားရှင်ထံ ချဉ်းကပ် ရဟန်းပြုတဲ့အခါမှာ ရဟန္တာအရှင် ပိလိန္ဒ၀စ္ဆလို့ ကျော်ကြားပါတယ် ။ လောက၌ ဂန္တာရီဝိဇ္ဇာမိုရ်ဆိုတာ ရှိပါတယ် တန်ခိုးကြီးပါတယ်၊ လူသားပင်ဖြစ်ပါတယ်၊ လူပြည်မှာပဲ နေပါတယ် ဘုံသီးခြားမရှိပါဘူး၊ ထွက်ရပ်မပေါက်ပါဘူး။ ၀ူဋ္ဌာဂန္ဓာရီ ၀ိဇ္ဇာတို့ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ မြတ်စွာဘုရားနှင့် ဘုရားတပည့်သာဝက မဟာဂန္ဓာရီဝိဇ္ဇာများလောက် တန်ခိုးအစွမ်းမထက်ပါဘူး။
နောက်ပြီး ၀ိဇ္ဇာညစ်များလဲ ရှိပါသေးတယ်။ ဇဋိလသူဌေးကြီးရဲ့ အဖေဟာ စူဋ္ဌဂန္ဓာရီဝိဇ္ဇာဖြစ်ပါတယ် သူဌေးသမီးနဲ့ပေါင်းဖော်ပြီး ပစ်ထားရမှ မွေးဖွားကာ မွေးဖွားကာ အတိတ်ကံအားလျောစွာ ဇဋိလ သူဌေးလို့ ဖြစ်လာပါတယ် ၀ိဇ္ဇာမလို့ ဖြစ်တာမဟုတ်ပါ။ တာနောယက္ခဆိုတဲ့ ဘီလူးကြီးလဲ လူသားဇနီးကို ရွှေကြုတ်ထဲ ထည့်ပြီး ၀မ်းထဲမျိုထားတာကို ၀ိဇ္ဇာမိုရ် ကြာခိုပါတယ် နောက်ထက်ဝိဇ္ဇာမိုရ် တစ်ဦးဆိုရင် ဗာရာဏသီမင်းရဲ့ မိဖုရားကို ပြစ်မှားခဲ့ဖူးပါတယ်။ ယခုခေတ် လူပြောများကြတဲ့ ၀ိဇ္ဇာလိုင်းဆိုတာကတော့ ၀ူဋ္ဌာဂန္ဓာရီ ၀ိဇ္ဇာလှိုင်းဖြစ်ပါတယ် အမှန်အကန်ထက် အတုတွေများပါတယ်၊ လမ်းစဉ်အတိအကျမသိပါ၊ ရမ်းနေကြတာများပါတယ်။
၎။ ဒီစူဋ္ဌာဂန္ဓာရီ ၀ိဇ္ဇာလှိုင်းထက် သာတာက လောကီယ၀ိဇ္ဇာဖြစ်ပါတယ် ဒီဝိဇ္ဇာတွေဟာ သာသနာပ အခါမှာလည်း သရဘင်္ဂအစရှိတဲ့ ရသေ့ဆရာကြီးတွေဟာ ကသိုဏ်းဈာန်တို့ကို ရပြီး နိုင်နှင်းပြီးနောက် အားထုတ်လို့ရအပ်တဲ့ တန်ခိုးအမျိုးမျိုးဖန်ဆင်းနိုင်တဲ့ ကုဒ္ဓိ၀ိဓ အဘိညာ၊ နတ်မျက်စိနဲ့တူတဲ့ ဒိဗ္ဗစက္ခု အဘိညာ၊ နတ်နားနဲ့တူတဲ့ ဒိဗ္ဗသောတ အဘိညာ၊ သူတစ်ပါး စိတ်ကို သိတဲ့ စေတောပရိယ အဘိညာ၊ နေခဲ့ပြီတဲ့ ခန္ဓာကို ပြန်သိနိုင်တဲ့ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာ စသဖြင့် အဘိညာတို့ကို လောကိယ၀ိဇ္ဇာလို့ ခေါ်ပါတယ် ယခုခေတ်လူပြောနေသော ၀ိဇ္ဇာလှိုင်းဆိုသည်မှာ ဒီလှိုင်းမျိုးမဟုတ်ပါ။ ဒီလောကိယ၀ိဇ္ဇာလိုင်းကတော့ လိုင်းကောင်းဖြစ်ပါတယ်။ ဘုရား ၊ ပစ္စေကဗုဒ္ဓ၊ အရိယာသာဝကတို့နှင့်လည်း ဆက်ဆံပါတယ် ဘုရား ၊ ပစ္စေကဗုဒ္ဓ၊ အရိယာသာဝကတို့ ရအပ်၊ ရောက်အပ်သော ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါးတို့မှာ အကြုံဝင်ပါတယ်။ သာသနာပ အခါ၌ အလောင်းတော်များသည် ဒီလောကီယ ၀ိဇ္ဇာလိုင်းကို လိုက်ကြပြိး သာသနာပ သာသနာတွင်း နှစ်ဌာန၌ လိုက်နိုင်တဲ့ လိုင်းဖြစ်ပါတယ်။
၅။ သာသနာတွင်း အခါမှာမူ ဒီလောကီယ၀ိဇ္ဇာလိုင်းကို မလိုက်ကြတော့ပဲ အရိယ၀ိဇ္ဇာလိုင်းကိုသာ လိုက်ကြပါတယ်။ အရိယ၀ိဇ္ဇာလိုင်းဆိုတာ အနိစ္စ၀ိဇ္ဇာ၊ ဒုက္ခ၀ိဇ္ဇာ၊ အနတ္တ၀ိဇ္ဇာ၊ မဂ္ဂ၀ိဇ္ဇာ၊ ဖလ၀ိဇ္ဇာ တို့ဖြစ်ပါတယ်၊ စတုသစ္စာညဏ်လေးပါးကို ဆိုလိုခြင်းဖြစ်ပါသည်။ လိုက်စားသင့်သောလိုင်းဖြစ်ပြီး ဒီအရိယာဝိဇ္ဇာလိုင်းဟာ ဗုဒ္ဓသာသနာတော် အတွင်း၌သာ ထမြောက်ပေါက်ရောက်နိုင်အောင် ကြံဆောင်နိုင်ပါတယ်။ ဗုဒ္ဓသာသနာပ၌တွင်မူ ပစ္စေက ဗုဒ္ဓအရှင်မြတ်တို့ကို ချန်ထားပြီး လူ၊ နတ်၊ ဗြဟ္မာတို့ ထမြောက်အောင် ကြံဆောင်အားထုတ်နိုင်သော အခွင့်အလမ်းမရှိပါဘူး။ ယခုကြုံတွေ့နေရသော သာသနာတော် ငါးထောင်ဆိုတဲ့ ခေတ်သမယသည် အရိယ၀ိဇ္ဇာတို့၏ ခေတ်သမယချည်း ဖြစ်ပါတယ်။ ဒီအရိယ၀ိဇ္ဇာလိုင်းကို ထမြောက်အောင်အားထုတ်နိုင်သူသာလျှင် ဘုရာကို ဖူးမြော်ရသော ဗုဒ္ဓသာသနာတော်ကို တွေ့ကြုံရသောသူ လို့ဆိုထိုက်ပါတယ်။
အချုပ်ကိုပြောရမယ်ဆိုရင် ၀ိဇ္ဇာငါးမျိုး ရှိပါတယ်။ ဒီငါးမျိုးလုံးဟာ လူ့ဘုံမှာရှိပါတယ်၊ လူသာများပင် ဖြစ်ပါတယ်။ ဒီဝိဇ္ဇာလိုင်း ငါးမျိုးအနက် ဝေဒ၀ိဇ္ဇာလိုင်းကို အသက်မွေးဝမ်းကြောင်း အဖြစ် လိုက်ကြပါတယ်။ မန္တယ၀ိဇ္ဇာ (သို့) မန္တာန်ဝိဇ္ဇာလိုင်းနှင့် ဂန္ဓာရီဝိဇ္ဇာလိုင်း (သို့) စူဋ္ဌာဂန္ဓာရီဝိဇ္ဇာလိုင်းကို အချို့က နိဗ္ဗာန်အမြန်ရောက်တဲ့ လိုင်းဟု ထင်ပြီး လိုက်ကြပါတယ်။ မဟုတ်ပါ။ မှားပါသည် မလိုက်သင့်ပါ။ လောကီယ၀ိဇ္ဇာလိုင်းသည် ဘုရား၊ ပစ္စေကဗုဒ္ဓ၊ အရိယာသာဝက တို့နှင့်ဆက်ဆံသောလိုင်းဖြစ်ပါတယ် လိုက်သင့်သောလိုင်းဖြစ်ပါတယ် သို့သော် ဗုဒ္ဓသာသနာတော်တွင်း၌ သူထက်အရေးကြီးသော သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်သော အရိယ၀ိဇ္ဇာလိုင်းကိုသာ လိုက်စားသင့်ဆုံးဖြစ်ပါတယ်။

Sunday, January 4, 2009

မေတ္တာဘာဝနာ ပွားခြင်းအတွက် ရှိရမည့်စိတ်ထား။

ဗြဟ္မာစိုရ်း တရားဖြစ်သော မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ (၄)ပါးသည် လူတိုင်းလူတိုင်း၏ နှလုံးသားတွင် ရှိသင့်သော စိတ်နေ စိတ်ထားဖြစ်ပါသည်။ တစ်ဖန်ကိုယ်ကိုယ်တိုင် ငြိမ်းအေးမူ့နှင့် လောကကြီး ငြိမ်းချမ်းစေရေးအတွက် အခြေခံအကြဆုံးနှင့် အလိုအပ်ဆုံးသော တရား(၄)ပါးပင် ဖြစ်ပါသည်။
ကိုယ်ရဲ့ သန္တာန်မှာ ငြိမ်းချမ်းမူ့တွေမရှိရင် မေတ္တာဘာဝနာ ပွားများဖို့ မေတ္တာဖြစ်ဖို့ တော်တော်ခက်ခဲပါတယ် ဒါကြောင့် လူတစ်ဦးအနေနဲ့ သတ္တ၀ါးများအပေါ် မေတ္တာဘာဝနာ ပွားများမယ်ဆိုရင် အရင်ဆုံး မိမိသန္တာန်မှာ ရှိရမယ့် အရာများကို တင်ပြပေးလိုက်ပါတယ်။
မေတ္တာသည် ၀ိသေသ ဖြစ်ပြီး ပေမ သည် သာမညဖြစ်ပါသည်။
ပေမအား သုံးမျိုးခွဲခြားထားပါသည်
၁။ တဏှာပေမ။
၂။ ဂေဟသိတပေမ။
၃။ မေတ္တာပေမ။ ဟူ၍ ဖြစ်ပါသည်။

မေတ္တာပွားလိုသူများသည် အောက်ပါ အကြောင်းများနှင့် ပြည့်စုံသူ ဖြစ်ပါက မေတ္တာဘာဝနာ အစွမ်း ပိုထက်မြတ်ပါသည်။
(၁) သက္ကော။ ။ စွမ်းနိုင်သူဖြစ်ရမယ်။ ယုံကြည်သဒ္ဓါရှိသူ၊ ကျန်းမာသူ၊ ရိုးသားဖြောင့်မတ်သူ၊ မစဉ်းလဲ မလှည့်ဖြားတတ်သူ၊ အားထုတ်မူ့ လုံးလ၀ီရိယရှိသူ၊ ညဏ်ပညာရှိသူ ဖြစ်ရမယ်ဆိုတဲ့ ငါးချက်နဲ့ ပြည့်စုံသူကို ခေါ်ပါတယ်။ အချုပ်ဆိုရသော သဒ္ဓါ၊ ၀ီရိယ၊ သမာဓိ၊ ပညာ ငါးဖြာသော စွမ်းအားပင်ဖြစ်သည်။
(၂)ဥဇူ။ ။ ဖြောင့်မတ်သူ။ ကိုယ်မူရာ၊ နှုတ်မူရာ၊ စိတ်မူရာ ဖြောင့်မတ်ရမည်။
(၃) သုဟုဇူ။ ။ အလွန်ဖြောင့်မတ်သူ။ ကိုယ်၊နှုတ်၊စိတ် သုံးပါးလုံး အလွန်ဖြောင့်မတ်ရမည်။ ကောက်ကျစ်စဉ်းလဲသူ လှည့်ဖြားတတ်သူများဟာ သတ္တ၀ါတွေအပေါ် မေတ္တာမထားနိုင်ပါ။
(၄) သုဝစ။ ။ ဆိုဆုံးမလွယ်သူ။ ပညာရှိတို့၏ အဆုံးအမနှင့် အဆုံးအမပေးသူကို ခံယူတတ်ရမည်။ ပညာရှိတို့အဆုံးအမကို မလိုက်နာ၊ တင်းမာနေသော စိတ်ရှိသူဟာ မေတ္တာဖြစ်ဖို့ မလွယ်ပါဘူး။
(၅) မုဒု။ ။ နူးညံပျော့ပျောင်းသူ ဖြစ်ရပါမယ်။ ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံး နူးညံပျော့ပြောင်းရမည်. တင်းမာခြင်းရဲ့ ဆန့်ကျင့်ဖက် နူးညံပျော့ပျောင်းခြင်းမျိုးကို ဆိုလိုပါတယ်။ ကိုယ်၊ နှုတ်၊ စိတ် တင်းမာခတ်ထန်သူဟာ မေတ္တာမဖြစ်နိုင်ပါဘူး။
(၆) အနတိ မာနီ။ ။ မာန ကင်းစင်ရမည်၊ မာန်ထောင်လွာခြင်း မရှိသူ ဖြစ်ရပါမယ်။ အမျိုးအနွယ် စသော မာန်ဖြစ်ကြောင်း ၀တ္ထုတို့နှင့် တစ်ပါးသူများအပေါ် မထီမဲ့မြင် မပြုသူကို ခေါ်ပါတယ်။ မာန်နထောင်လွားသူဟာ သူတစ်ပါးကို မိမိနှင့် မတူမတန် သဘောထားကာ အဖက်မလုပ် အရေးမစိုက်တတ်ပါ ဒီသဘောဟာ မေတ္တာကင်းမဲ့ခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ အဲ့ဒီလူမှာ မေတ္တာတည်ရာ မေတ္တာကိန်းရာ မဖြစ်နိုင်ပါ။
(ရ) သန္တုဿက။ ။ ရတတ်သမျှ၊ ရှိတတ်သမျှ၊ ဖြစ်သမျှနှင့် တင်းတိမ်ကျေနပ်သူ ဖြစ်ရမယ်။ ရောင့်ရဲတတ်သူဖြစ်ရမည်။
(၈) သုဘရ။ မွေးမြူရလွယ်ကူသူ ဖြစ်ရမယ်။ ကျွေးသမျှ၊ ပေးသမျှ၊ ကြုံသမျှ၊ ရသမျှနှင့် မကျေနပ်နိုင်သူကို ဒုဗ္ဘရ- မွေးမြူခက်သူလို့ ဆိုပါတယ်။ ဆန့်ကျင်ဖက်ကိုတော့ သလ္လဟုက ၀ုတ္ထိ-မွေးမြူလွယ်သူ လို့ဆိုပါတယ်။ မွေးမြူလွယ်သူမှသာ မေတ္တာစိတ်ဖြစ်နိုင်ပါတယ်။
(၉) အပ္ပကိစ္စ။ ။ကိစ္စနည်းသူဖြစ်ရပါမယ်။ မိမိအတွက်လဲကိစ္စနည်းရမယ် သူတစ်ပါးအတွက်လဲကိစ္စနည်းသူ ဖြစ်ရပါမယ်။ မေတ္တာရှေ့သွားအကျင့်များတွင် ကိစ္စနည်းပါးသူသည် တစ်ပါး ပါနေတာကို သတိထားရပါမယ်။
(၁၀) သလ္လဟုက ၀ုတ္တိ။ ။ ။ သိုမှီခြင်းနည်းပါး၍ ပေါ့ပါးသော အသက်မွေးမူ့ရှိရမယ်။
(၁၁) သန္တိန္ဒြီယ။ ။ တည်ကြည်ငြိမ်သက်သော ကုနြေ္ဒရှိသူ ဖြစ်ရမယ်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့နဲ့ပက်သက်ပြီး ကိုယ်ကြိုက်တဲ့အာရုံတွေ့ကြုံတဲ့အခါ ရာဂမဖြစ်အောင်၊ ကိုယ်မကြိုက်တဲ့ အာရုံနဲ့တွေ့ကြုံတဲ့အခါ ဒေါသ မဖြစ်ရအောင် စောင့်စည်းရခြင်းဖြစ်တယ်။ ဒီအရုံတွေနဲ့ တွေ့တိုင်း ရာဂ၊ ဒေါသ ဖြစ်နေသူက မငြိမ်သက်သူ လှုပ်ရှား ပျံလွင့်လျက်ရှိသော က္ကုနြေ္ဒမရှိသူဖြစ်တယ်။ ဒီလိုပုဂ္ဂိုလ်က မေတ္တာပွာသော်လည်း မေတ္တာရောက်ရန် မလွယ်ကူပါ။
(၁၂) နိပက။ ။ ရင့်ကျက်သောညဏ်အမျော်အမြင်နှင့်ပြည့်စုံပြီး ပညာရှိသူ ဖြစ်ရမယ်။ အလုပ်တစ်ခုကို နားလည်ကျွမ်းကျင်မူ့ရှိပြီး လုပ်သင့် မလုပ်သင့်သော အချိန်၊ ကာလ၊ ဒေသ၊ စသည့်တို့ကို နှိုင်ယှဉ်တတ်သူ၊ အကျိုးကိုမြော်မြင်တတ်သူ ဖြစ်ရပါမယ်။
(၁၃) အပ္ပဂဗ္ဘ။ ။ ကိုယ်၊နှုတ်၊စိတ် တို့ ကြမ်းတမ်း ရိုင်းပြချင်း မရှိသူဖြစ်ရပါမယ်။ ကာယကံ၊ ၀စီကံ၊ မနောကံ ကိုယ်နှုတ်စိတ် သုံးပါးလုံး ကြမ်းသူကို ခေါ်ပါတယ်။ မေတ္တာပွားလိုသူဟာ ကိုယ်နူတ်စိတ် သုံးပါး နူးညံမူ့ရှိရပါမယ်။
(၁၄) ကုလေသု အန နုဂိဒ္ဓ။ ။ မိမိနှင့်ပက်သက်သူများပေါ်တွင် တဏှာပေမ ဖြင့် တွယ်တာကပ်ငြိခြင်းကင်းသူ ဖြစ်ရမည်။ အိမ်သား၊ အိမ်သူ လူတို့၌ တွယ်တာ မက်မောခြင်း ကင်းသူဖြစ်ရပါမယ်။ တွယ်တာမက်မောခြင်းများသူဟာ ကြောင့်ကြစိုက်နိုင်မည်မဟုတ်၍ မေတ္တာဖြစ်ရန်မလွယ်ကူပါ။
(၁၅) မေတ္တာပွားလိုသူဟာ ပညာရှိအများ သူတစ်ပါးတို့ ကဲ့ရဲ့ပြစ်တင်မည့် ဒုစရိုက်၊ ယုတ်ညံသော အမူ့မျိုးကို အသေးအဖွဲ အနည်းငယ်လေးမျှ ဖြစ်စေ မပြုလုပ် မကျင့်ပါလေနှင့်လို့ အချုပ်ပြောပါတယ်။ သူတော်ကောင်းတို့ ကဲ့ရဲ့မည့် အလုပ်အမူ့မျိုးကို ရှောင်ကြဉ်ရမည်။
မေတ္တာပွားနည်း ။ ။ ၁။ မိမိကိုယ်ကို၊ ၂။ ချစ်ခင်သူ၊ ၃။ မချစ်မမုန်းသူ၊ ၄။ မုန်းသူရန်သူ တို့အား ရန်ကင်းခြင်း ၊ စိတ်ဆင်းရဲကင်းခြင်း၊ ကိုယ်ဆင်ရဲခြင်းကင်းခြင်း၊ မိမိကိုယ်ကို ချမ်းသာစွာဆောင်ရွက်နိုင်ကြပါစေ။
ဘေးရန်ခပ်သိမ်း၊ သောကခပ်သိမ်း၊ ဆင်းရဲခပ်သိမ်း၊ နှလုံးစိတ်ဝမ်း အေးငြိမ်း ကြပါစေ။
မေတ္တာဘာဝနာပွားရာတွင် (က) မေတ္တာပို့ ။ (ခ) ပွားမေတ္တာ ရှိပါသည်။
(က) မေတ္တာပို့ဆိုသည်မှာ ဘုရားရှိခိုးသောအခါ အမျှမဝေမှီ မည်သူမည်ဝါ ကျမ်းမာချမ်းသာကြပါစေ စသဖြင့်ရွတ်ဆိုခြင်းဖြစ်သည်။
(ခ) ပွားမေတ္တာ တွင် ၁။ သာမန်ပွားနည်းနှင့် ၂။ အဆင့်မြင့်ပွားနည်း ဟူ၍ နှစ်မျိုးရှိပါသည်။ သာမန်ပွာနည်းသည် မေတ္တာပွားလိုသူ၏ အသွင့်သဏ္ဍန်ကို အာရုံထဲတွင် ပေါ်လာသည့်တိုင်အောင် နှလုံးသွင်းပြီး မေတ္တာဘာဝနာ ပွားများခြင်းဖြစ်သည်။ အဆင့်မြင်မေတ္တာပွားနည်းတွင် သမာဓိ အထူးခိုင်ခံကောင်းမွန်စွာ ထူထောင်ပြီး ခက်ခက်ခဲခဲ အချိန်ယူလေ့ကျင့်ရသော မနောအကြည်လိုအပ်ပါသည်။ မနောအကြည်အားကောင်းသူသည် မေတ္တာဘာဝနာ ပွားရာတွင် လွန်စွာခရီးရောက်ပါသည်။ မေတ္တာစိတ်ကို အာရုံပေါ်သို့ တင်ပေးခြင်း ၀ိတတ်၊ မေတ္တာအာရုံကို ထပ်ခါထပ်ခါ ဆင်ခြင်ခြင်းသဘော ၀ိစာရ၊ မေတ္တာအာရုံကို နှစ်သက်ခြင်းသဘော ပီတိ၊ မေတ္တာအာရုံတွင် ချမ်းသာစွာ ခံစားခြင်းသဘော သုခ၊ မေတ္တာအာရုံတစ်ခုတည်းပေါ်တွင် စိတ်တည်ခြင်းသဘော ဧဂ္ဂကတာ။ စသည့် ဈာန်အင်္ဂါ ငါးပါးနှင့် ပြည့်စုံက ပထမဈာန်ရပါသည်။ ၀ိတတ်၊ ၀ိစာရ သည် ရုန့်ရင်းသောကြောင့် ဖယ်လိုက်ပြီး ကျန်သုံးပါးနှင့် ပြည့်စုံလျှင် ဒုတိယဈာန်ရသည်။ ပီတိကို ဖယ်ပြီး ကျန်ဈာန်အင်္ဂါ နှစ်ပါးနှင့်ဆို တတိယဈာန်ဖြစ်ပါသည်။ ဒီဈာန်ကို မေတ္တာဈာန်ဟုခေါ်သည် ။ သတ္တ၀ါတို့၏ အကျိုးစီးပွားကိုလိုလားသောကြောင့် သုခ ၊ ဧဂ္ဂကတာ ဈာန်အင်္ဂါနှစ်ပါးရှိသော တတိယဈာန်သာလျှင် မေတ္တာဈာန်ဖြစ်ပါသည်။ ဥပေက္ခာ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါရှိသော စတုတ္ထဈာန်သည် မေတ္တာဈာန်မဖြစ်ပါ။ ဥပေက္ခာသည် ၀မ်းသာ၊ ၀မ်းနည်း၊ ချစ်ခြင်း၊ မုန်းခြင်း ကင်မဲ့သောကြောင့် မေတ္တာဘာဝနာအတွက် စတုတ္ထဈာန် မရယူအပ်ပါ။

Wednesday, December 10, 2008

ဆုံနိုင်ခွင့်...။


အဝေးပြေးကား တစ်စီးကို
စောင့်နေတဲ့ မိုးရေစက်တွေလိုပဲ
ဒီ........ နှစ်ထဲမှာ
ငါ့အတွေးတွေ မင်းနဲ့အတူ
လေလွှင့်နေခဲ့တယ်...။

မိုးရေနဲ့အတူကျဆင်းခဲ့တဲ့
ငါ့မျက်ရည်ကိုမင်း မမြင်ခဲ့တာ
ရင်နာစရာလား ကြေကွဲရမလား
ဒါပေမယ့် အပြစ် မဆိုရက်ပါဘူး
ငါ့ရဲ့ အားနည်းချက်က
သိပ်ချစ်မိနေလို့လေ...။

ဒီ တိမ်ညိုတွေအောက်မှာ
လေလွှင့်ရင်းနဲ့ မင်းပါးပြင်ကို
မိုးစက်နဲ့အပြိုင် နမ်းခဲ့ဖူးတဲ့
တဒင်္ဂ အဖြစ်အပျက်တွေဟာ
မင်းအတွက် အမှတ်ရနေအုံးမလား...။

ဇွန်လှိုင် မိုးရေထဲ
ငါ မင်းနဲ့အတူ လေလွှင့်တဲ့ရက်က
ဒီနေ့ဆို ဒီဇင်ဘာတောင်ရောက်ခဲ့ပြီ
နောက်လ.....ဆိုရင်
ကမ္ဘာက အသိမှတ်ပြုတဲ့
၂၀၀၉ ဆိုတဲ့နယူရီးယား ရောက်တော့မယ်
မင်းအနမ်းနဲ့ နှစ်သစ်မှာ
ငါတို့ရဲ့ ချစ်ခြင်းတွေ
ဝေးဆာနိုင်ခွင့် ရှိအုံးမလား.......။
မိုးရာသီ စက်ဝန်းထဲက
အနမ်းတစ်ခုကို ခုချိန်ထိတိုင်အောင်
ငါ...........
လေလွှင့်ရင်းနဲ့ ဆုံနိုင်ခွင့်လေးကို
မျှော်လင့်နေဆဲပါ ချစ်သူ.....။ ။

ဝေးလွှင့်ဒဏ်ရာ...။

ပွင့်လု ဝေလု ပန်းတွေ ရှောင်တခင်လေးအတွင်းမှာ ကြွေလွှင့်သွားတာ လျှပ်တစ်ပျက်လေးပဲ
အချိန်လွန်မှ ရောက်လာခဲ့တဲ့ ဧည့်သည်ကို အထီးကျန်စွာဆိတ်ငြိမ်မူ့နဲ့ ဆီးကြိုနေတဲ့ ဧည့်ခန်းတစ်ခု
ဒီလိုအချိန်မျိုးမှာ ဖန်ခွက်ထဲက အဓိပ္ပါယ်မဲ ခါးတီးခြင်းတွေကို ဘယ်လို နှုတ်ခမ်းတစ်ခုက ဖှေးမခြင်မှာလဲလေ
ဆိုးဝါးလွန်းတဲ့ နှလုံးသားရှိုက်သံပေါ်က မခိုးမခန့် ကျီစယ်သွားတဲ့ ညအိမ်မက်တွေများလား
အားလုံးသတ်မှတ်ထားတဲ့စံတွေက ဒီခေတ်ထဲမှာ နည်းနည်းပြောင်းလဲခဲ့မယ်ဆိုရင် ကောင်းသား။ ။

ခံစားချက်ကိုသုံးသပ်နေတဲ့ ညနေဆည်ဆားအတွေးထဲမှာ ပျောက်ကွယ်သွားတဲ့နေမင်းတစ်စင်း
ကိုယ်ရေးဆွဲခဲ့တဲ့ ညပန်ချီကားဟာ နှလုံးသားတစ်ခုကို စွဲဆောင်ဖို့မပြောနဲ့
အိမ်မက်လှလှတစ်ခုတောင် မဖန်တီးပေးနိုင်ခဲ့ပါလား.....
အပြန်အလှန်မရှိတဲ့ အချိန်တွေဟာ စာနာမူ့ကင်းစွာနဲ့ နှလုံးသားတစ်စုံကို အစိမ်းခြွေ ခြွေပစ်ခဲ့
ပြီးခဲ့တဲ့ အတိတ်ကို မေ့လိုက်စတမ်းဆိုရင် ရာဇ၀င်သမိုင်းဆိုတာ ပေါ်လာစရာ အကြောင်းမရှိပါဘူး
ဖျော်ဖြေပွဲတစ်ခုရဲ့ အန်တာတိတ်မန့်မှာ လွတ်ကျသွားတဲ့ နှလုံးသားသံဇဉ်တစ်ပုဒ်ကို
ပြန်မကောက်ခဲ့မိတာ ကံကောင်းတယ်။

အကြင်နာတွေကို ဖျော်သောက်ခံခဲ့ရတဲ့ ငါ့အဖို့မှာ ခါသီးချင်းတွေသက်ဝင်နေပြီး နာကျင်ချင်းတွေစိုမိုးနေခဲ့
ဟန်ဆာင်လှုံ့ဆော်မူ့မူနဲ့ အဓိပ္ပါယ်ဖော်ခဲ့တဲ့ ချစ်ခြင်းမှာ သရုပ်မှန်တွေ မပါဝင်ခဲ့တာအမှန်
ပကာသန အသိုင်းအ၀ိုင်းတစ်ခုမှာ ဒဏ်ရာများစွာနဲ့လူတစ်ယောက်ရဲ့ လက်ခုတ်သံဟာ
မာကျူရီအောက်က ဖယောင်တိုင်းဖြစ်ခဲ့ရတယ်....
တစ်ချိန်ချိန်မှာ မင်းချန်ထားခဲ့လို့ ကျန်ရစ်ရမယ့်အဖြစ်မျိုး မခံစားချင်ဘူးလို့ ငါဆိုခဲ့တဲ့ စကားဟာ
လေထဲမှာမရှိတော့ပေမယ့်လဲ နှလုံးသားမှာ စူးရှနေစဲ....
လွန်လေမပြီးသော ပြန်စရမယ့် ငါ့ရဲ့ မနက်ဖြန်များစွာကို တိတ်ဆိတ်စွာနဲ့ပဲ
ရင်ဆိုင် ဖန်တီးနေလိုက်တော့မယ်........။

Sunday, November 16, 2008

မိုးကုတ်ဆရာတော်ဘုရားကြီး၏ အတ္တုပ္ပတ္တိ

Mogok Bio Written by Kyaw Thein

Get your own at Scribd or explore others:

Wednesday, November 12, 2008

လွယ်ကူးခြင်း နှင့် ခက်ခဲခြင်း

၁။ လူတစ်ယောက်ရဲ. Address book မှာ နေရာ တနေရာစာရဖို. လွယ်ကူပါတယ်။
လူတစ်ယောက်ရဲ. နှလုံးသား မှာ နေရာတနေရာ ရဖို. ခက်ခဲပါတယ်။

၂။ သူများ အမှား၊အပြစ် ကို ရှာ ဖို. အင်မတန်လွယ်ကူပါတယ်။
မိမိ အမှားကို မှတ်ယူ၊ ရှောင်ကျဉ် ဖို. ခက်ခဲပါတယ်။

၃။ မစဉ်းစားပဲ စကား လျှောက်ပြောဖို. လွယ်ကူပါတယ်။
အမှားကင်း အောင် စကားပြောဖို. ခက်ခဲပါတယ်။

၎။ မိမိကို ချစ်ခင်တဲ. လူကို စိတ်နာကျင်အောင်လုပ်ဖို.လွယ်ကူပါတယ်။
ထိုစိတ်နာကျင် မူကို ပြန်လည်ကုစားဖို. ခက်ခဲလှပါတယ်။

၅။တပါးသူကို မိမိက ခွင်.လွတ်ဖို. လွယ်ကူပါတယ်။
တပါးသူ ကို မိမိအား ခွင်.လွတ်ဖို. တောင်းဆိုရတာ ခက်ခဲပါတယ်။

၆။ စည်းကမ်း၊မျဉ်း တွေ ချမှတ်ရတာ လွယ်ကူပါတယ်။
လိုက်နာ ဖို. ခက်ခဲပါတယ်။

၇။ အောင်နိုင်သူ ဖြစ်ရတာ လွယ်ကူပါတယ်။
သိက္ခာရှိရှိ ရှူံး နိမ့် သူ ဖြစ်ဖို. ခက်ခဲပါတယ်။

၈။ ကျောက်တုံး နှင်. ခလုတ် တိုက်မိဖို. လွယ်ကူပါတယ်။
ပြန်ထ ရတာ ခက်ခဲပါတယ်။

၉။ နေ.တိုင်း ဘ၀ကို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းရတာ လွယ်ကူပါတယ်။
တန်ဖိုးရှိရှိ ဖြတ်သန်းဖို. ခက်ခဲပါတယ်။

၁၀။ ဂတိ တခု လွတ်ခနဲ ပေးဖို. လွယ်ကူပါတယ်။ ဂတိ အတိုင်းလိုက်လုပ် ဖို. ခက်ခဲပါတယ်။ ချစ်တယ် လို ပြောရတာ လွယ်ကူပါတယ်။ အမြဲတမ်း ချစ်ပြနေဖို. ခက်ခဲပါတယ်။

၁၁။ သူများကို ဝေဖန် ရတာ လွယ်ကူပါတယ်။
မိမိကိုယ်ကို တိုးတက်အောင် လုပ်ရာမှာ ခက်ခဲပါတယ်။

၁၂။ အမှားတခု လုပ်ရတာ လွယ်ကူပါတယ်။
အဲဒီ အမှားကနေ သင်ယူဖို့ ခက်ခဲပါတယ်။

၁၃။ ပြီးဆုံးသွားတဲ. အချစ်ဇာတ်လမ်းကို ပူဆွေး တောင့်တ ရတာလွယ်ပါတယ်။
အဲ့လို ပြီးဆုံးမသွားအောင် လုပ်ဖို.က ခက်ခဲပါတယ်။

၁၄။ တိုးတက်ကြီးပွားဖို. စဉ်းစားရတာ လွယ်ပါတယ်။
စဉ်းစားတာတွေ ရပ်ပြီး လက်တွေ.အကောင်အထည်ဖော်ဖို. က ခက်ခဲပါတယ်။

၁၅။ ချစ်သူငယ်ချင်းရေ လို. နူတ်ကပြောရတာလွယ်ပါတယ်။
ထိုကဲ့သို. ချစ်ချစ်ခင်ခင် ပေါင်းသင်းဖို. ခက်ခဲပါတယ်။

Sunday, November 9, 2008

ဓမ္မစစ် ဓမ္မမှန် ၏ အနှစ်သာရ

ကျတော်တို့ လောကကြီးတွင် ရှည်လျားကြာမြင်စွာ တည်ရှိခဲ့သည့် အယူဝါဒ ထုံးတမ်းစဉ်လာတို့ကြောင့် ဓမ္မအမည် နာမဖြင့် အယူဝါဒ ကွဲလွဲမူ့ အခွံအကာများ ရှိနေခဲ့ကြသည်။ ဒီအခွံအကာများနှင့် ကင်းလွတ်၍ ဓမ္မစစ် ဓမ္မမှန်ရဲ့ အနှစ်သာရကို လက်ခံကျင့်သုံးသင့်သည်။ ဓမ္မနာမည်ခံ အယူဝါဒ အခွံအကာများသည် အကျိုးမဲ့ကိုသာ ပြုတတ်သည် အချည်းနှီး အလဟသလျှင် ဖြစ်တယ် ဒါကြောင့် အနှစ်သာရရှိသော ဓမ္မအစစ်အမှန်ကိုသာ ကျင့်သုံးမှသာ သုခချမ်းသာ ရရှိနိုင်ပေသည်။
ဓမ္မစစ် ဓမ္မမှန်၏ အနှစ်သာရသည် သီလဖြစ်သည်။ ကျင့်ဝတ်ဖြစ်သည်။ ကာယကံ၊ ၀စီကံ၊ မနှောကံ စသော ကိုယ်နှုတ်စိတ် တို့ဖြင့် ပြုလုပ်သော မကောင်းမူ့မှန်သမျှကို ရှောင်ကျဉ်ခြင်း ဖြစ်သည်။ ကိုယ့်နှင့်ပြုလုပ်သော မကောင်းမူ့ ၊ နှုတ်ဖြင့် ပြုလုပ်သော မကောင်းမူ့တို့ကို ကျူးလွန် ပြုလုပ်နေရင် စိတ်နှလုံး ညစ်ညမ်းမူ့၊ ဖောက်ပြန်မူ့များသည် တိုးပွား၍သာ နေပါမည် ဘာကြောင့်လဲဆိုတော့ ပြုလုပ်သော မကောင်းမူ့မှန်သမျှ ညစ်ညမ်းသော စိတ်နှလုံးဖြင့်သာလျှင် ပြုလုပ်သောကြောင့် ဖြစ်သည် ။ ညစ်ညမ်းသော စိတ်မရှိပဲ ညှဉ်းဆဲ သတ်ဖြတ်ခြင်း၊ ခိုးဝှက်ခြင်း၊ ဗလက္ကာရပြုခြင်း၊ လိမ်ညှာခြင်း ညစ်ညှမ်းသော စကားတို့ကို ဆိုခြင်း ၊ မူးရစ်သောက်စားခြင်း တို့ကို ပြုလုပ်၍ မရနိုင်ပါဘူး။ ဒီလို ကိုယ် ၊ နှုတ်၊ စိတ် တို့နဲ့ ပြုလုပ်သော မကောင်းမူ့မှန်သမျှသည် စိတ်နှလုံးရဲ့ အညစ်အကြေးများကို တိုးပွားလာစေသည်သာ ဖြစ်သည်။ စိတ်နှလုံး၏ အညစ်အကြေးမှန်သမျှသည် ကျွန်ုပ်တို့အား ဆင်းရဲဒုက္ခရောက်အောင် လုပ်မည်သာဖြစ်သည်။ ချမ်းသာသုခနှင့် ပြည့်ဝအောင် လုပ်မည်မဟုတ်ပေ။ ထို့ကြောင့် လောကီလူသားများ အနေနှင့် အနည်းဆုံး ငါးပါးသီလ မှစပြီး ရှစ်ပါးသီလ၊ ဆယ်ပါးသီလတို့ ကို စောင့်ထိန်းသင့်ပါသည်။
ဓမ္မစစ် ဓမ္မမှန်၏ အနှစ်သာရသည် သမာဓိဖြစ်သည်။ စိတ်ကူးယဉ်မူ့ ကင်းသည့် ယထာဘူတကျသော အာရုံ၏ အကူအညီဖြင့် စိတ်ကို တည်ငြိမ်အောင် ထားခြင်းသည် သမာဓိဖြစ်သည် တစ်နည်းဆိုရသော တွေ့ကြုံခံစားရသမျှသော ကောင်းခြင်း၊ ဆိုးခြင်း များကို တုန်လှုပ်ခြင်းမရှိ မယိမ်မယိုင်သော မဇ္စိုမ ပဋိပဒါ စိတ်ဖြစ်သည်။ တည်ငြိမ်မူ့ကင်းသော စိတ်သည် စိတ်ကူးယဉ်ခြင်း၊ လိုချင်တောင့်တခြင်း၊ ရရှိပြီးသော အရာအတွက် စိုးရိမ်ကြောင့်ကြခြင်း များကို အခြေခံလျက် စိတ်သည်လည်း ညစ်ညမ်း၍သာ နေပါတော့သည်။ ညစ်ညမ်းသော စိတ်သည် ကျွန်ုပ်တို့အား ဆင်းရဲ ဒုက္ခရောက်စေပါသည်။ ချမ်းသာသုခကို မပေးစွမ်းနိုင်ပါ။
ဓမ္မစစ် ဓမ္မမှန်၏ အနှစ်သာရသည် ပညာ ဖြစ်သည်။ လူနေမူ့ဘ၀စရိုက်များရဲ့ အပြုအမူတို့တွင် တွေ့ရသော ဗဟိဒ္ဓအာရုံများနှင့် မိမိ၏ အဇ္စုတ္တ သန္တာန်တွင်းက စိတ်အခြေအနေတို့ကို ယထာဘူတကျစွာဖြင့် သဘာဝအတိုင်း သိမြင် သဘောပေါက်နေခြင်းသည်၎င်း၊ ယင်းအရာများနှင့် စပ်ဆက်မူ့ ရှိအောင် မလုပ်ပဲ သံယောဇဉ် အမျှင် ပြတ်နေခြင်းသည် ၄င်း၊ ပညာဖြစ်ပါသည်။ လောဘ၊ ဒေါသ၊ မောဟ တို့နှင် ၄င်းတို့ကြောင့် ဖြစ်ပေါ်လာသော သံယောဇဉ်အမျှင်များသည် စိတ်နှလုံး အညစ်အကြေးများသာဖြစ်ပါသည်။ ပညာသည် ယင်းသံယောဇဉ် အညစ်အကြေးများကို ဖယ်ရှားပစ်လေသည်။ စိတ်နှလုံးတွင် အညစ်အကြေးများရှိနေလျှင် ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခရောက်မည်သာ ဖြစ်ပါတယ် ချမ်းသာသုခ ရှိလာမည် မဟုတ်ပါဘူး။
ဓမ္မစစ် ဓမ္မမှန်ကို အနှစ်ချုပ်လိုက်ရင်တော့ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ သိက္ခာ သုံးရပ်ရပါတယ် ဒါကြောင့် သီလ၊ သမာဓိ၊ ပညာ တို့ကို အလေ့အကျင့် ပြုလုပ်သည့် အပြုအမူတိုင်းသည် ဓမ္မစစ် ဓမ္မမှန်ကို ကျင့်သုံးနေခြင်း ဖြစ်ပါသည်။ ချမ်းသာသုခကို ရအောင် ပြုလုပ်သည် အကျင့်အကြံ ပြုမူမူ့ ပင်ဖြစ်ပါတယ်။ ဒါကြောင့် သီလကို မတည်မြဲစေသည့် ၊ သမ္မာ သမာဓိကို မဖြစ်ပေါ်စေသည့် ၊ ပညာ မပေါ်ပေါက်စေသည့် အစဉ်အလာအရ အယူဝါဒများကို ဓမ္မအပြုအမူဟူ၍ မည်မျှပင် သမုတ်ထားစေကာမူ ဓမ္မ၏ အခွံအကာများသာဖြစ်ပါသည် ဓမ္မအကြောင်းပြနှင့် လှည့်စားနေသော ထုံးတမ်းစဉ်လာ၏ ပြုမူဆောင်ရွက်ချက်များပင် ဖြစ်သည်။ ဒါတွေဟာ အမှန်တကယ်တော့ ဓမ္မစစ် ဓမ္မမှန်ရဲ့ အနှစ်သာရမှ ဝေးရာသို့ ဆောင်ကြဉ်း သွားစေပါသည်။
ဖော်ပြခဲ့သော အချည်းနှီး အလဟသ ဖြစ်သည့် ဗဟိဒ္ဓအမူအကျင့်များ၊ အခွံအကာ ဖြစ်သော အယူဝါဒများ၏ အပြုအမူများ၊ အနှစ်သာရမဲ့ ဓလေ့ထုံးစံများ၊ လူကြားကောင်းအောင် လူမြင်ကောင်းအောင် ပြုလုပ်သည့် အယောင်ဆောင် အပြုအမူများ၊ ပကာသန ဖြစ်သော အရာဝတ္ထု ပစ္စည်းများ၊ ဥစ္စာဓန ကြွယ်ဝသည် ဟူသော အခြောက်တိုက် ဘ၀မြင့်မူ့မျူားသည် အကာအတိသာလျှင် ဖြစ်သည် မိမိနှင့် သူတစ်ပါး ဆင်းရဲစေသော အကြောင်းများပင် ဖြစ်ပါသည် ။ ဒါကြောင့် မိမိရော သူတစ်ပါးရော ချမ်းသာ သုခအတွက် ဓမ္မ၏ အနှစ်သာရကို ယူပြီး အနှစ်မဟုတ်သော အကာကိုမူ စွန့်ပစ်သင့်ပါသည်။ ဓမ္မ၏ အနှစ်သာရကို ကျင့်သုံးမည်ဆိုပါက ဓမ္မကို ဂဃနဏ သဘော ပေါက်ထားသင့်သည် ဓမ္မ၏ အနှစ်သာရကို သိရှိအောင် လုပ်သင့်သည် သို့မဟုတ်ပါက အတွင်းသား အနှစ်သာရကို စွန့်ပစ်ပြီး အခွံအကာနှင့်သာလျှင် လုံးချာလိုက်နေလိမ့်မည်။ အခွံအကာကို အနှစ်သာရအောက်မေ့ပြီး ဓမ္မဟု ထင်နေတတ်ပါမည်။ အနှစ်သာရသည် အခါခပ်သိမ်း တူညီမူ့ရှိသည် အခွံအကာ များမှာမူ အမျိုးမျိုးအစားအစား ကွဲပြားခြားနားနေတတ်ပါသည်။ ယင်းအခွံအကာများကို ဓမ္မဟုမှတ်ထင်အောက်မေ့မူ့တွင်လည်း ဓမ္မသည် အမျိုးမျိုး ကွဲပြားသွားရပါသည်။ ဟိန္ဒူတို့၏ ဓမ္မတွင် သနာတနနှင့် အာရယဆမာ့ဂ်ျ ဟူ၍ ရှိနေသည်။ ဗုဒ္ဓဘာသာတို့၏ ဓမ္မတွင် မဟာယနှနှင့် ဟိနယာနဟူ၍ ရှိနေသည်။ ဂျိန်းတို့တွင်လည်း ဒိဂမ္ဗရနှင့် ရွေတမ္ဗရဟူ၍ ရှိသည်။ ခရစ်ယာန်တို့၏ ဓမ္မတွင်လည်း ကက်သလစ်နှင့် မရိုတက်စတင်း ဟူ၍ ရှိသည်။ မွတ်စလင် တို့၏ ဓမ္မတွင်လည်း ရှိယာ၊ ဆုန်နီ ဟူ၍ရှိသည် ဒါတွေဟာ တစ်ခုနှင့်တစ်ခု ကွဲပြားခြားနာနေသည်သာ မက ပဋိပက္ခပင် ဖြစ်နေကြသေးသည်။ အနှစ်သာရမဲ့သည့် အခွံအကာများကို ဦးစားပေးနေကြသည်ဖြစ်သောကြောင့် ဤသို့ ကွဲပြား ခြားနားနေကြခြင်း ဖြစ်ပါသည် အခွံအကာများကို အကြောင်းပြုပြီး ပဋိပက္ခ ဖြစ်နေကြခြင်း ဖြစ်ပါသည်။
သို့ပါ၍ မိတ်ဆွေများ အားလုံး ဓမ္မ၏ အမည်ခံ အခွံအကာများမှ ကင်းဝေးပြီး ဓမ္မစစ် ဓမ္မမှန် များကို တွေ့ရှိနိုင်ကြပါစေခြင်း အကျိုးငှား ရည်ရွယ်ပြီး ဒီပိုစ့်ကို တင်ပြလိုက်ခြင်း ဖြစ်ပါသည်။ တရားစစ်တရားမှန်နှင့် ချမ်းသာ အစစ်ဖြစ်သော သန္တိသုခကို တွေ့ရှိနိုင်ကြပါစေ..........။

Sunday, November 2, 2008

တမ်းတသောနေ့


တိမ်ရောင်စုံတွေ လွတ်တင်တုန်းက
ငါလေပြေတွေကြားမှာ လမ်းပျောက်ခဲ့ဖူးတယ်
နာရီတွေ အိမ်မောကျနေချိန်မှာ ငါနှိးနေခဲ့ရ
ငါ့ရင်ခွင် ပြတင်းပေါက်ကနေ
ငါမဖိတ်ခေါ်ပဲ ၀င်ရောက်လာခဲ့တဲ့
ဂန္တ၀င် လရောင်........။
.............ငါခံယူထားခဲ့ပါတယ်...........
ချစ်......သူရဲကောင်းတစ်ယောက်ရဲ့ ခံစားချက်ဟာ
သောကလည်းဖြစ်နိုင်သလို ပီတိလဲ ဖြစ်နိုင်တယ်
''လေမတိုက်ရင် တိမ်မရွေ့ဘူး'' တဲ့
ငါ့တိမ်တွေ ပြန်ရုတ်သိမ်းဖို့ အတွက်
ငါ့စိတ်က မွေးရာပါ ရွတ်လွင့်နေခဲ့တယ်လေ......။

တိမ်ရောင်စုံ မိုးကောင်ကင်အောက်မှာ
နှလုံးသား သံစဉ်တစ်ပုဒ်နဲ့
ရင်ခုန်သံတွေ စည်းချက်ညီစွာ
ငါတို့နှစ်ယောက် တွဲကဖို့.......
ငါ "မင်းကိုသိပ်ချစ်တယ်" ဆိုတဲ့ စကားကို
မင်းရဲ့ ဆံပင်ရှည်တွေ ကြားထဲမှာ
ငါတို့နှစ်ယောက်ရဲ့ မျက်နှာကို ၀ှက်ထားပြီး
"အနမ်းတွေနဲ့" ပြောဖို့.......
အကြင်နာတွေ ရွန်းလဲဝေဆာနေတဲ့
နေ့လေး တစ်နေ့ဆိုတာ
တကယ်ကို ရောက်လာပါအုံးမလား....။

Wednesday, September 24, 2008

KEYLOGGER (Software) အကြောင်း။

ဒီခုသိရှိရတဲ့ software ကတော့ keylogger လို့ခေါ်ပါတယ် အင်တာနက်ကို အသုံးပြုတဲ့ သူငယ်ချင်းတို့ဟာ ကိုယ်ပိုင်စက်မှာ မဟုတ်ပဲ အင်တာနက်ကဖေး (Cyber Shop) မှာ သုံးတယ်ဆိုရင် သတိထားဖို့နဲ့ နောက်ပြီး ဘလော့ဂါသမားတွေ သတင်းမီဒီယာတွေ သတိထားရမယ့် ပြသာနာတစ်ခုပါ ဘာကြောင့်လဲဆိုတော့ စက်ထဲမှာ ဒီဆော့ဝဲလ် run ထားရင် window စတက် ကတည်းက စအလုပ်လုပ်တယ် ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ် (အရင်ကဆော့ဝဲလ်က ရီကော်တာလုပ်ထားပြီး မီနီမိုက်စ် လုပ်ထားလဲ tray icon ပေါ်တယ်လေ) ခုဟာက tray icon လည်းမပေါ်လာဘူး ရှိမရှိ မသိရဘူးပေါ့ဗျာ........။
သူငယ်ချင်း keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ တစ်ခုမကျန် မှတ်ထားပေးတယ် ဒီလိုဆိုရင် ဘာတွေ ပါသွားမလဲ တွေးကြည့်လေ ဥပမာ။ ။ ပထမဆုံး gtalk sign in ၀င်လိုက်တယ် user name ရော ၊ password ရော နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ တစ်ခြား လျှို့ဝှက်ဆက်သွယ်းရေးတွေ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ် တစ်ချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်လုံးကို တစ်ခုမကျန် မှတ်သားထားပေးတယ် ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့ ။ All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါမှတ်ပေးထားနိုင်တယ်၊ သတိထားနော်..ဗီဇက်အိုနဲ့ဂျီတော့မှာ ပေါ်သမျှပုံတွေ ပြောသမျှ အသံတွေ ဗီဒီယိုဖိုင်နဲ့ထွက်လာမယ်။
သတင်းယူသူအင်ဖော်မာတွေ အတွက် အရမ်းကို အသုံးဝင်တဲ့ ဆော့ဝဲလ်တစ်ခုပေါ့ဗျာ သူတို့ လုပ်ငန်းအတွတ် မရှိမဖြစ် software တစ်ခုပေါ့ခင်ဗျာ။
ဒါကြောင့် အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ သူငယ်ချင်း ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော် ပြောပြပါ့မယ်။ နောက်ပြီး ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေ ကိုတော့ အမြန်ဆုံး အသိပေး ပြောပြလိုက်ပေါ့ဗျာ ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံး မှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးဆိုရင် software ရှာပြီး စမ်းကြည့်ပေါ့ဗျာ ။ ကျနော်ကတော့ လမ်းမညွန်တော့ပါဘူး အကျိုးမရှိဘူးလေဗျာ..ရှင်းရှင်းပြောရရင် ဒီ software ထွက်လာတာကို မကြိုက်ဖူးဗျာ လူတိုင်းမှာ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်တွေ ရှိသင့်တယ်လေ ဟုတ်တယ်မလား ကြာပါတယ် ..စက်ထဲမှာ ဒီsoftware runထား မထား ကြည့်ရအောင် ကိုယ်ရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် အရင်ဆုံး Ctrl+Shift+Esc(or)Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဖိုင်ဆိုတာကို လိုက်ရှာကြည့် ဗျာ ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။ လွတ်လပ်စွာ ကွန်ပျုတာကို အသုံးပြုနိုင်ပါပြီ ခင်ဗျာ.....................။

Monday, September 15, 2008

ဖြူစင်ခြင်းသို့

မိုးကုတ်မြို့တွင်းမှာရှိတဲ့ စာသင်ကျောင်းများနှင့် မိဘမဲ့ကလေးများအား ဂုရုကြီး အက်စ်အန် ဦးဂိုအင်္ဂါ ၏ နည်းလမ်းအတိုင်း မိုးကုတ်မြို့မှ ဂုရုကြီး၏ ရိပ်သာခွဲများဖြစ်သော ဓမ္မမကုဋ နှင့် ဓမ္မရတနာ ရိပ်သားများမှ ဦးစီး၍ ကလေးအာနာပါန သင်တန်းအား နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်ပေးခဲ့ကြပါသည်။
အ.လ.က (၁) ရှမ်းတောကျောင်းတွင် ဒုတိယ အကြိမ်မြောက် ကလေးအာနာပါန သင်တန်းကို (၁၆.၈.၂၀၀၈) နှင့် (၁၇.ဂ.၂၀၀၈)ထိနှစ်ရက်ပြုလုပ်ပေးရမှာ ပထမနေ့တွင် ယောဂီ ၁၉၆ ဦးနှင့် ဒုတိယနေ့တွင် ၁၆၆ ဦး ၀င်ရောက်ခဲ့ပါသည်။
အ.ထ.က (၁) တွင် ဆဌမ အကြိမ်မြောက် ကလေး အာနာပါန သင်တန်းကို (၃၀.၈.၂၀၀၈) နှင့် (၃၁.၈.၂၀၀၈) ထိနှစ်ရက်ပြုလုပ်ပေးခဲ့ ကြပါတယ် ပထမနေ့တွင် ယောဂီ ၂၅၈ ဦးနှင့် ဒုတိယနေ့တွင် ယောဂီ ၂၀၃ ဦး ၀င်ရောက်ခဲ့ပါသည်။
အ.ထ.က (၄) လယ်ဦးကျောင်းတွင် ဒုတိယ အကြိမ်မြောက် ကလေး အာနာပါန သင်တန်းကို (၁၃.၉.၂၀၀၈) နှင့် (၁၄.၉.၂၀၀၈) ထိနှစ်ရက်ပြုလုပ်ပေးရတွင် ပထမနေ့တွင် ယောဂီ ၁၉၀ ဦးနှင့် ဒုတိယနေ့တွင် ၁၉၆ ဦး ၀င်ရောက်ခဲ့ပါသည်။
ဝိုင်းဝန်း ကူညီပေးခဲ့ကြသော ကလေးတရားပြ ဆရာ၊ ဆရာမ နှင့်အတူ သက်ဆိုင်ရာ ကျောင်းဆရာ၊ ဆရာမများ နှင့်တကွ စေတနာ ထက်သန်စွာကူညီပေးခဲ့ ကြသော ဓမ္မလုပ်သားများအား ကျေးဇူးတင်လျက် သာဓုအနှမောဒန ခေါ်ဆိုပါသည်။
ကလေး အာနာပါန သင်တန်းတွင် မှတ်တမ်းတင်ခဲ့သော ပုံရိပ်တစ်ချို့ကို တင်ပေးလိုက်ပါတယ်။
အ.ထ.က (၁) တွင် ပြုလုပ်ခဲ့သော အာနာပါန သင်တန်း မြင်ကွင်း
စိတ်အားထက်သန်စွာနှင့် ကြိုးစားနေကြသော ယောဂီများ အ.ထ.က(၁) မှာ စေတနာထက်သန်စွာ ကူညီပေးခဲ့ကြသော ဓမ္မလုပ်သားများ
အ.လ.က (၁) ရှမ်းတောကျောင်းက ပုံရိပ်

အ.လ.က(၁) တွင် စေတနာထက်သန်စွာနဲ ကူညီခဲ့သော ဓမ္မလုပ်သားများ

Tuesday, August 26, 2008

နှလုံးသားဒိုင်ယာရီ

ကောင်မလေးရေ....အချိန်နာရီတွေ တရွေ့ရွေ့ ပြောင်းလဲခဲ့ပေမဲ့ မပြောင်းလဲ မဟောင်းနိုင်သေးတဲ့ သမိုင်းဝင်ချစ်ခြင်းလေး ရာဇ၀င်ထဲကလို စံတင်မိချင်တယ် တွေးတောကြိုတင် မြင်နိုင်စွမ်းမရှိတဲ့ အနာဂတ်ကံကြမ္မာကို တွေးတောပူပန် စိုးရိမ်စိတ်တွေနဲ့ တုန်လှုပ်နေမဲ့အစား အကြင်နာစကားလေးတွေနဲ့ ရင်ခုန်စွာ တစ်ဦးကို တစ်ဦး နားလည်လက်ခံယူရင်း အပြန်အလှန် နွေးထွေးမူ့လေးတွေ ရှိခဲ့ကြမယ်ဆိုရင် ပိုမကောင်းဘူးလား တစ်ယောက်နဲ့တစ်ယောက် ဝေးကွာ နေချိန်မှာ အကြင်နာစိတ်လေးတွေနဲ့ နွေးထွေးစွာ ရှိနေမယ်ဆိုရင် စိတ်ညစ်စရာလေးတွေဟာ တဒင်္ဂခဏအနေနဲ့ လွင့်ပျောက်သွားကြမှာပါ တနယ်စီ ခြားနေကြတဲ့ ကန့်သတ်ခြင်း နယ်နမိတ်တွေကြားမှာ နားလည်မူ့လေးဟာ ငါတို့နှစ်ယောက်အတွက် ဖြေဆေးလေးတစ်ရယ်ပါ ဒီအားဆေးလေးကို မင်းရောတို့ပါ မျက်ကွယ်ပြုလို့ မရဘူးလေ နှောင်ကြိုးတစ်မျှင်နဲ့ ရစ်ဖွဲ့ထားတဲ့ သံယောဇဉ်ကြိုးလေး တစ်ချောင်းဟာ မင်းနဲ့ငါရဲ့ အသက်ဆိုရင် မှားမယ်မထင်ပါဘူး ဒီချစ်ခြင်းရဲ့ စွမ်းအားလေးရရှိဖို့ ကြိုးစားခဲ့ရတဲ့ ၀ိရိယလေး လျော့နေမယ်ဆိုရင် ရှင်သန်းခြင်းတွေ ဖြစ်နေအုံးမှာတဲ့လား စိတ်မပျက်လိုက်ပါနဲ့ ချစ်သူ အားငယ်နေမယ်ဆိုရင် တိုးသထက်တိုးပြီး ယုယစွာ အားပေးနေမှာပါ ငါ့ဘက်က လိုနေသေးတယ်ဆိုရင် မင်းလေးက ထောက်ပြပြီး အားနည်းချက်တွေ နားလည်စွာနာ လမ်းတည့်ပေးပါ ဒီလိုညီညွတ်လှပနေမယ်ဆိုရင် ချစ်ခြင်းလေးဟာ ခိုင်မြဲစိုပြေ လှပနေခဲ့မှာပါ အလျှော့မရှိတဲ့ မာနတွေ တင်းလွန်းတဲ့ စည်းကမ်းတွေနဲ့ ဆိုရင် ဘယ်မှာလာပြီး ပျောက်ရွှင်မူ့တွေရှိနိုင်မှာ တဲ့လဲ အလျှော့အတင်းကို ဟန်ချက်ညီညီနဲ့ ကိုင်တွယ်ရင်း အဆိပ်မသင့်အောင် ကြိုးစားရမယ်လေ ဒါမှလဲ ခါးသီးမူ့တွေ မရှိမှာပေါ့ ငါလိုချင်တာ အချစ်နဲ့ငြိမ်ချမ်းရေးပါ မမြဲမပျက် တောက်လောင်နေတဲ့ ဒေါသမာန အမုန်းမီးပွားတွေ မဟုတ်ပါခဲ့ဘူး ချစ်ခြင်းမူများစွာနဲ့ ထုံးဖွဲ့ထားတဲ့ အကြင်နာအင်အားလေး တစ်ခုကိုသာ အတောင်းတဆုံး အလိုချင် အမျှော်လင့်ဆုံး တစ်ခုရယ်ပါ စံချိန်မှီ တော်ဝင်ပန်းလေးတစ်ပွင့်လို လှပခန်းနားစွာ တော်ဝင်လိုက်ချင်ပါရဲ့......
ရင်ခုန်ခြင်း များစွာနဲ့ တရှိုက်ရှိုက်မက်မက် ဖြစ်ခဲ့ဘူးတဲ့အတွက် အသဲနှလုံးတွေ ဗြောင်းဆန်သွားပါစေ အစွမ်းကုန်ပေဆပ် လိုက်ချင်တယ် ဒီအတွက် နောင်တဆိုတာလဲ မရှိစေချင်ဘူး ရင်နာစရာကြုံလာရင်တောင်မှ တမင်တကာ အငြိုးမထားရက်ပဲ ဖြည့်ဆည်းသူ တစ်ယောက်အဖြစ်နဲ့ ဂုဏ်ယူစွာ မျက်ရည်ေ၀၀ဲရင်း ဝေဒနာကို ကြိတ်မှိတ်ခံခဲ့မှာပါ တောင်ဝင်ချင်တဲ့ ငါ့စိတ်လေး မယိမ်းနွဲ့ချင်ဘူး အခါတစ်ရာ မေးရင်တောင် ဒီမေးခွန်းတွေထက်နေမဲ့ ငါ့မနော်အာရုံကို စီစစ်စရာမလိုအောင် သေချာပြီးသားပါ မသေချာတဲ့ဘ၀ သေချာအောင် ငါ့နှလုံးသားကို အရင်းတည်စတေးပြီး အချစ်ကို ကြေငြာလိုက်ချင်ပါတယ် မင်းရဲ့ကိုယ်စား ကိုယ်ပွားလေးအဖြစ် သိမ်းဆည်းထားခဲ့တဲ့ မင်းရဲ့ရုပ်ပုံလွာ ဓာတ်ပုံလေးကိုမြင်လိုက်တိုင်း ရင်ထဲက အလိုလို ဆွဲယူအားတွေ သက်ဝင်လာခဲ့ရတယ် ဖမ်းစားနိုင်လွန်းတဲ့ ချစ်သူရုပ်ပုံ လှလှလေးကို စူးစိုက်စွာငေးမောကြည့်မိရင်း သတိလက်လွတ်ဖြစ်ကာ ညင်သာစွာတိတ်သဆိတ်နဲ့ နမ်းရှိုက်ခဲ့ရတာလဲ ရင်ခုန် ရင်မောစရာ တစ်ခုပဲပေါ့ ဓာတ်ပုံပိုင်ရှင် မင်းသမီးလေးကို အနမ်းဒဏ္ဍရီခရီးနဲ့ ဆက်လက်အသက်ရှင်ရင်း အမှတ်တရ မှတ်တမ်းတင်နေမိတယ် ညများစွာထဲက မအိပ်စက်နိုင်သေးတဲ့ တမ်းတခြင်းလေးနဲ့ အတူ လက်တွေဘ၀ ခံစားမူ့လေးတွေဟာ ကဗျာဆန်ဆန် သိမ်မွေ့ နက်ရှိုင်းလွန်းနေခဲ့တယ် ပုံပြင်တွေမဟုတ်တဲ့ အလွမ်းညများစွာဟာ အထီးကျန်စွာ ကုန်ဆုံးခဲ့ရင်း ငါမြတ်နိုးရတဲ့ မင်းကို မျှော်လင့်ခြင်းဇောတွေနဲ့ လွင့်မျှောခဲ့ရင်း နိုးတ၀က် အိပ်ပျက်ခဲ့ရတဲ့ငါ့ရဲ့အဖြစ်အပျက်လေးတွေ ဓာတ်ပုံသာ စကားပြောတတ်ခဲ့မယ်ဆိုရင် သတင်းတွေ ပေါက်ကြားလောက်ရောပေါ့ ခုတော့ ဓာတ်ပုံလေးဟာ စကားမပြောတတ်တော့  ငါ့တစ်ယောက်ထဲ တိတ်ဆိတ်စွာ ညဉ်းညူးနေယုံပါ မသိစိတ်တွေက တစ်ဆင့် ရိုက်ခက်လာမဲ့ အချစ်ရဲ့ စေ့ဆော်မူ့ လေးတွေ လေဟာနယ်ထဲကို လွင့်ပျံရင်း မင်းရှိရာကို ကူးခတ် ရောက်ရှိ နှိင်ပါစေလို့ ဆုတောင်းယုံက လွဲပြီး လွမ်းရတဲ့ ညတွေ ကုန်လွန်နှိုင်ပါစေ ဖြစ်ချင်တာတွေ ဖြစ်နေတတ်တဲ့ လောကဓမ္မရဲ့ တရားအောက်မှာ မရင့်ကျတ်သေးတဲ့ ပုထုဇဉ် လူနှစ်ယောက်ရဲ့ ချစ်ခြင်းအလွမ်း ပြဇာတ်တွေဟာ ကံစီမံရာပဲပေါ့ နှောင်းကြိုးတွယ်တာရာ လှောင်အိမ်စံ ဘ၀တွေမို့တူယှဉ်စွာ ကူးခက်ရင်း ဘ၀အမောတွေကို ချစ်စိတ်တွေနဲ့ ဖြေတတ်အောင် ကြိုးစားရအုံးမှာပေါ့ အကြင်နာအင်အားတွေနဲ့ အညံမခံကျော်လွားရင်း ကိန္နရီမောင်နှံလို ကကြိုးဆက်ရအောင်လား...........
ချစ်မိပြန်တော့လဲ လွမ်းမိပြန်တယ် လွမ်းရဖန်များတော့လဲ သတိရခြင်းတွေ ပိုပိုများလာခဲ့တယ် အပြင်ရုပ်မှာတော့ အသွင်အပြင်ခန်းနားပေမယ့် အတွင်းစိတ်မှာတော့ အလွမ်းမုန်တိုင်းထန်နေတယ် အလွမ်းမိုးတွေထဲမှာ ခိုက်ခိုက်တုန်ရင်း အလွမ်းဖျားလေး ဖျားနေတတ်ခဲ့တယ် မင်းရော ငါ့လို လွမ်းတတ်နေပြီလား ဟင်........................

ဂျီမေလ်းများ သူတွေအတွက်

တစ်ချို့သူတွေ ဂျီမေလ်းကို သုံးလေးခုလောက် ရှိတတ်ပါတယ် မေလ်းကို စစ်မယ်ဆိုရင် တစ်ခုခြင်းစီ
ဝင်စစ်နေရမှာ အဆင်မပြေနိုင်ပါဘူး ဒါကြောင့် ကိုယ့်သုံးနေကျ မေလ်းတစ်ခုထဲကနေပဲ တစ်ခြားမေလ်း
မှာ ၀င်သမျှတွေကို စစ်လို့ရပါတယ် လုပ်ပုံလုပ်နည်းကတော့ ဒီတိုင်းပါပဲ
အရင်ဆုံး ကိုယ့်ဂျီမေလ်းထဲကို ၀င်လိုက်ပါ။

step - 1 ဂျီမေးလ်မှ setting ကိုကလစ်ပါ။
step - 2 Forwarding and POP/IMAP ဆိုတာကိုကလစ်ပါ။
step - 3 Forward a copy of incoming mail to ဆိုတာကိုရွေးပါ။
step - 4 email address ဆိုတဲ့နေရာမှာ မိမိသုံးမဲ့မေးလ်ကိုထည့်ပါ။
step - 5 save change ကိုကလစ်ပါ။

နောက်တစ်ခုကတော့ ကိုယ့်မေးလ်ကနေတခြားဂျီမေးလ်အမည်များနဲ့ပို့လို့ရတဲ့နည်းပါ
step - 1 setting ကိုကလစ်ပါ။
step - 2 accounts ဆိုတာကိုကလစ်ပါ။
step - 3 Add another email address ဆိုတာကိုကလစ်ပါ။
step - 4 Add another email address box မှာ name & email address မှာ ဖြည့်ပါ။
ပြီးရင် next step ကို ကလစ် ပါ။
step - 5 send verification ဆိုတာကိုကလစ်ပါ။ ကိုယ့်မေးလ်ဆီကို Confirmation code ပို့ပေးပါလိမ့်မယ်။
spep - 6 ရရှိလာသော Confirmation code ကိုEnter and verify the confirmation code ဆိုတဲ့နေရာမှာ ပေ့လုပ်ပြီး verify ကလစ် လုပ်ပါ။
composeကိုကလစ်ပြီး fromဆိုတဲ့နေရာမှာကြည့်လိုက်ပါ ကိုယ့်မေးလ်နှင့်တခြားမေးလ်ပါတွေ့ရပါမယ်။

Sunday, August 17, 2008

ကိုယ့်ဂျီမေလ်းကိုဘယ်သူတွေသိနေလဲစစ်ဖို့

သူငယ်ချင်းတို့ရဲ့ မေလ်းကို တစ်ခြားတစ်ယောက်က ဖွင့်ဖတ်ခဲ့လား ဆိုတာသိနိုင်ဖို့နဲ့
နောက်ပြီး ကိုယ်က ဆိုင်မှာသုံးတာဆိုလျှင် အလျှင်တလို sign out လုပ်ဖို့ မေ့သွားပြီး
တစ်ခြားတစ်ယောက်က ကိုယ့် ဂျီမေးလ်ကို ၀င်ခဲ့လားဆိုတာသိနိုင်ပါတယ်။
တစ်ချို့ ချစ်သူ စုံတွဲတွေက မိမိတို့ရဲ့ password ကို အပြန်အလှန်ပေးကျပြီး မိမိချစ်သူက
ဘယ်အချိန်မှာ မိမိအီးမေးလ်ကို ၀င်စစ်ခဲ့တယ်ဆိုတာကိုလဲ သိနိုင်ပါတယ်။
လုပ်ပုံလုပ်နည်းကတော့ ဒီလိုပါ .....................

(၁) အရင်ဦးဆုံး ကိုယ့်ရဲ့ ဂျီမေလ်းထဲကို ၀င်လိုက်ပါ Inbox ထဲကိုဝင်ပြီး စာမျက်နှာအောက်ဆုံးကို
ကြည့်လိုက်ပါ အောက်မှာပြထားတဲ့ပုံထဲက အနီရောင်ဝိုင်းထားတဲ့ Details ဘေးနားမှာ IP address
ကို တွေ့ရပါမယ်။ လွန်ခဲ့တဲ့နေ့ရက်က ၀င်ထားပြီး ဘယ်နေရာက ၀င်ထားတယ်ဆိုတာ သိနိုင်ပါတယ်။
တကယ်လို့ IP Adress ကိုကြည့်လိုက်လို့ကိုယ်မသိတဲ့ တစ်ခြားနေရာက IPဆိုရင်တော့
password ကိုပြောင်းလိုက်တာ အကောင်းဆုံးပါ ။

(၂)အနီရောင်ဝိုင်းထားတဲ့ Details ကိုနိပ်လိုက်ရင်တော့ ၀င်ခဲ့တဲ့ History ကိုသိနိုင်ပါတယ် အောက်ကပုံလေးအတိုင်းပါ။ (၃) IP Address ကိုကြည့်လို့ ဘယ်နေရာကလဲဆိုတာ သိချင်ရင်တော့ ဒီလင့်လေးမှာ http://whatismyipaddress.com/ ၀င်ပြီးကြည့်နိုင်ပါတယ် ။
အောက်ကပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်။

(၄) ကိုယ်သိချင်တဲ့ Ip Adress ကိုကော်ပီယူပြီး ပုံမှာပြထားတဲ့ အနီရောကွင်းစ ကွင်းပိတ်နဲ့ပြထားတဲ့ နေရာလေမှာထည့်ပြီး ကြည့်လိုက်ရင် သက်ဆိုင်ရာနိုင်ငံရဲ့နေရာဒေသကို ပြလာပါလိမ့်မယ်။

Friday, July 11, 2008

Ultra surf software ကိုသုံးပြီးပိတ်ထားတဲ့ဆိုဒ်တွေကြည့်မယ်

အရင်ဆုံး software ကိုီနေရာလေးမှာဒေါင်းပါ 212 KB ပဲရှိပါတယ်။
step : 1
mozilla firefox ထဲမှာ proxy နံပက်ကို change ရပါမယ် မchange ဖူးဆိုရင်
အလုပ်မလုပ်ပါဘူး အောက်မှာ အသေးစိတ်ရှင်းပြထားပါတယ်
ပထမဦးဆုံး mozilla firefox ကိုဖွင့်ပြီး Tools ထဲက Option ကိုဝင်လိုက်ပါ
ဒီပုံတိုင်းကြလာပါလိမ့်မယ်
step : 2
advanced ကိုဝင်လိုက်ပါ ပြီးရင် အနီရောင်လေးပြထားတဲ့ Setting ကိုနိပ်လိုက်ပါ
ဒီပုံထက်ပေါ်လာပါလိမ့်မယ်

step : 3
manual proxy configuration ကိုရွေးပြီး အနီရောင်ပြထားတဲ့ နေရာက HTTP Proxy ဘောစ့်ထဲမှာ 127.0.0.1 ကိုရိုက်ထည့်ပြီး ဘေးက Port ဘောစ့်ထဲမှာ 9666 ကိုရိုက်ထည့်လိုက်ပါ OK ကိုနိပ်လိုက်ပါ ပြီးရင် ဒေါင်းလုပ်ယူထားတဲ့ software icon ကို open လိုက်ပါ ဒီပုံပေါ်လာပါလိမ့်မယ်

step : 4

ဒီနေရာမှာ ကိုသုံးတဲ့ဂျီတော့ setting ထဲက connection ထဲမှာ Proxy Host နဲ့ Proxy Portနံပက်ကို copy ယူပြီး အပေါ်ပုံက မြှားပြထားတဲ့ နေရာကိုရွေးပြီး ဘောစ့်ထဲမှာ paste လုပ်လိုက်ပါ ပြီးရင်အိုကေနိပ်လိုက် ဒီပုံလေးကြလာပါမယ်

အနီမျှဉ်းသားထာတဲ့နေရာမှာ succesfully ဖြစ်ပြီဆိုရင် တရုတ် ၀က်ဆိုဒ်တစ်ခုကြလာပါလိမ့်မယ် ဒါဆိုပိတ်ထားတဲ့ဆိုဒ်တွေကိုကြည့်လို့ရပါပြီ google page အသစ်ခေါ်ပြီးလဲကြည့်လို့၇ပါတယ်

Wednesday, July 2, 2008

မိုးရာသီခံစားမူ့

စွတ်စွတ်ဖြူနေတဲ့ မိုးဖွဲပွင့်တွေကြားမှာ လွှင့်ခနဲ့ တွေ့လိုက်ရတဲ့ နှစ်ထောင့်ရှစ်ခုရဲ့ ဇွန်လှိုင်လဟာ အေးချမ်းမူ့တွေနဲ့ ရွှန်းစိုသက်ဝင်နေပါပြီ။ လူသားတိုင်းမှာ စိတ်ကူးယဉ်အိမ်မက် ကိုယ်စီရှိကြမှာပါ ဒီအိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကိုယ်ရပ်တည် ကျင်လည်နေတဲ့ အသိုင်းအ၀ိုင်းမှာ သင်ယူလေ့လာ စူးစမ်းနေရတာလဲ ဧကန်ပါပဲ ဒီလိုပဲ လောကကြီးရဲ့ အလှတရားကို ရှာဖွေစူးစမ်း နေကြတဲ့ လူတွေလဲ ရှိပါတယ် ကျွန်တော်ကတော့ သက္ကရာဇ်တွေထဲက ရာသီတိုင်းရဲ့ အလှတရားတွေကို မှီပြီး ခံစားချက်တွေ အမြဲရှိနေတတ်တယ် ကြည်နူးခြင်း၊ ကြေကွဲခြင်း အစုံပါပဲ ခုတော့ ဇွန်လှိုင်လမှာ ဖြစ်လာတဲ့ ခံစားချက်တွေထဲက တစ်ချို့ကို စာလုံးလေးတွေအဖြစ် ပြောင်းလဲတင်ပြ ရင်ဖွင့်လိုက်ပါတယ်ဗျာ...............
ခုလိုမိုးရာသီမှာ အလွမ်းဓာတ်ခံ ရှိပြီးသာ သူတွေအတွက် ပိုလွမ်းစရာ ကောင်းနေတတ်တယ် မိုးစက်ပွင့်တွေကို တိုးဝှေ့ခံစားရင်း ဆောင်းဦးရဲ့ ပြတင်းပေါက်ကို ဖွင့်ဖို့ကြိုးစားနေတဲ့ ဇွန်လှိုင်မှာ ချစ်ခြင်းမေတ္တာတွေကို ပီပြင်စေတဲ့ ချစ်သူများရဲ့ ရန်ခုန်သံတွေဟာလဲ နှူးညံ့နေတတ်ပါတယ် ဒါကြောင့် အေးစက်တဲ့ မိုးစက်ပွင့်နဲ့ချစ်ခြင်းရနံ့လေးတွေ ပေါင်းစပ်ပါဝင်နေတဲ့ ဒီလလေးမှာ ချစ်တတ်သူတို့ အတွက် ကြည်နူးစရာ ရင်ခုန်ခြင်းများကို ဖန်းတီးပေးမယ့် နေ့လေးတစ်နေ့ ပါဝင်လို့နေပြန်ပါတယ်။ အပြောကျယ်လှတဲ့ ဒီကမ္ဘာကြီးမှာ လူပြောသူပြောများတဲ့ ချစ်ခြင်းတရားဟာ အဆုံးမရှိသလို နက်နဲတဲ့ ချစ်ခြင်းမေတ္တာကို သိမ်မွေ့တဲ့ နှလုံးသားဖြင့်သာ ခံစားသိမြင်နိုင်မှာပါ ထို့အတူ နူးညံသောလည် ခိုင်မာလှတဲ့ ချစ်ခြင်းမေတ္တာတွေကို ထာဝရရှင်သန်နိုင်ဖို့ သစ္စာရှိစွာနဲ့ စူးရှတဲ့ချစ်ခြင်းတို့ ပေါင်းစပ်ဖို့ လိုအပ်တယ်လို့ ယုံကြည်မိပါတယ်။ သူငယ်ချင်းတို့ကျွန်တော်တို့ ရင်မှာ ချစ်ခြင်းတရားတွေရှိပြီးဖြစ်လို့ ဒီချစ်ခြင်းတွေကို ခိုင်မာတည်မြဲဖို့ သစ္စာတရားကို အခြေခံပြီး ချစ်ခြင်းမေတ္တာအားကြီးအောင် ကြိုးစားဖို့ပဲလိုပါတယ်.........
ဒါကြောင့် ခုလိုအေးချမ်းတဲ့ မိုးရာသီနဲ့အတူ မေတ္တာရနံတွေ သင်ပျံနေတဲ့ ဇွန်လှိုင်လမှာ ကျွန်တော့်ရဲ့ ဘလော့ကို လာရောက်အားပေးတဲ့ သူငယ်ချင်းတို့လဲ ချစ်ခြင်းရနံ၊ မေတ္တာရနံတွေနဲ့ ထာဝရ သင်းပျံလန်းဆန်း နှိင်ပါစေလို့ မိုးစက်ပွင့်တွေကို သက်သေပြုလို့ ဆုမွန်ခြွေလိုက်ပါတယ်ဗျာ.............

Tuesday, July 1, 2008

အနမ်းဒိုင်ယာရီ

ဖူးငုံစိုအိ သန္တာရောင်အသွေးနှင့်
နှုတ်ခမ်း တစ်စုံထက်မှာ
တစ်ရှိုက်မက်မက် အနမ်းမိုးများ
ရွာသွန်းဖြိုးလို့ အချစ်တစ်ခုကို
စတင်ဖန်တီးခဲ့တယ်၊

မထူးဆန်းစွာ ထူးဆန်းနေသော
ခံစားမူ့အာရုံ ဝေဒနာတွေများနှင့်
ချစ်ခြင်းတရားရဲ့ မော်ကွန်ယက်မှာ
နှလုံးသွေးတို့ ဆူဝေစွာနှစ်မြောခဲ့ရ
အနမ်းတစ်ခုထဲက ချစ်ခြင်းတရားတွေဟာ
စကားလုံးတွေထက် ခိုင်မြဲနေတာ
ခံစားသိလိုက်ရတယ်၊
ရီဝေရစ်မူးစွာ အနမ်းရဲ့အဆုံး
အနမ်းများရဲ့အဆုံးမှာ။

အဲ့ဒီနေ့က............
လှပသစ်လွင် ကြည်ပြာရောင်အသွေးနှင့်
မိုးကောင်းကင် တစ်ခုအောက်မှာ
တိုးတိတ်တိတ် ချစ်သင်္ကေတနဲ့
နွေးထွေးစွာ အကြင်နာတွေဖလှဲခဲ့တာ
လေပြေတွေသာ စကားပြောတတ်မယ်ဆိုရင်
သတင်းတွေပေါက်ကြားရောပေါ့ ချစ်သူ။